Sunday 17 November 2013

မုန်းတီးနေသူတွေကို တုံ့ပြန်လိုက်တဲ့ Avenged Sevenfold ရဲ့ M.Shadows

သြဂုတ် ၂၃ ကထွက်ခဲ့တဲ့ သူတို့ရဲ့နောက်ဆုံး album ‘Hail to the King” အောင်မြင်ခဲ့တာမှန်ပေမယ့် သူတို့ဝိုင်းဟာ မျှတတဲ့မကောင်းဝေဖန်မှုတွေကြုံရသလို metal လောကထဲကအဓိပ္ပါယ်မဲ့ပြောဆိုမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပ်တယ်။ အသိသာအထင်ရှားဆုံးဖြစ်ရပ်အနေနဲ့ Machine Head အဖွဲ့က Rob Flynn က A7X ရဲ့ စစ်မှန်မှုနဲ့ပါတ်သတ်ပြီး နောက်ဆုံး album ကို covers album အဖြစ်ရည်ညွှန်းခဲ့ပါတယ်။

… လမ်းဘေးဂီတပွဲ …


သူနှင့်ကျွန်တော် မထင်မှတ်ပဲ ဂီတပွဲတစ်ပွဲနွှဲခဲ့ဖူးပါသည်။ ထိုနှစ်ကာလများက သူနှင့် ကျွန်တော် တစ်ပတ်ကို အနည်းဆုံး တစ်ရက်တော့တွေ့ ဖြစ်ကြသော အချိန်လည်းဖြစ်သည်။ ကျွန်တော်တို့အနုပညာသမားတွေ Hand Phone တွေရကြ၏။ ဒီတော့သူ့ဆီကို ဆက်သွယ်ရတာ အဆင်ပြေသည်။ အရင်တုန်းက လမ်းဘေး ဖုန်း မှ သူ့အိမ်ကိုဖုန်းဆက်လျှင် အမြဲတမ်း မသွယ်နှင့်သာတွေ့သည်။ မေးလျှင် “ မရှိဘူး ဘယ်သွားမှန်းလဲ မသိဘူး” ဟု မသွယ်၏ အိပ်ချင်မူးတူးလေသံကိုသာ ကြားရ၏။

Saturday 16 November 2013

သူကိုယ်တိုင်ထုတ်လုပ်တဲ့ Nothing Left to Fear ရုပ်ရှင်အကြောင်းကိုပြောပြတဲ့ Slash

Hard Rock လောကရဲ့ အကြီးမားဆုံးပုံရိပ်တွေထဲကတစ်ခုဖြစ်ပြီး ထိတ်လန့်သည်းဖို ရုပ်ရှင်ကားတွေကိုနှစ်သက်တဲ့ ဂစ်တာဟီးရိုး Slash တစ်ယောက်ဒီတစ်ခါမှာတော့သူကိုယ်တိုင်သူ့ရဲ့ ပထမဆုံးရုပ်ရင်ကိုထုတ်လုပ်လိုက်ပါပြီ။ ဒီရုပ်ရှင်ရဲ့နောက်ခံဂီတနဲ့ အဓိကဇာတ်ဝင်သီချင်းကို Slash ကိုယ်တိုင်ရေးစပ်ခဲ့တာပါ။ Nothing Left to Fear အမည်ရတဲ့ ဒီရုပ်ရှင်ကို ဒါရိုက်တာ Anthony Leonardi III ကရိုက်ကူးထားပြီး Clancy Brown, Anne Heche နဲ့ Jennifer Stone အစရှိတဲ့သရုပ်ဆောင်တွေပါဝင်ပါတယ်။

Saturday 9 November 2013

**ကတ်ကိုဘိန်း၏ သြဇာ**


Nirvana အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် ကတ်ကိုဘိန်း (Kurt Cobain) ရဲ့ သြဇာဟာ သူ့မျိုးဆက်တစ်ခုလုံးအပေါ် (၈၀ နှောင်းပိုင်းနှစ်များနဲ့ ၉၀ နှစ်များ) ကြီးမားစွာ သက်ရောက်ခဲ့တယ်။ ရေဂင်ခေတ်(Reagan era) အဆုံးမှာ ပေါ်ပေါက်လာခဲ့တဲ့ Nirvana အဖွဲ့ဟာ အဲဒီအချိန်က ခေတ်စားနေတဲ့ ရော့ခ်ဂီတကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပစ်ခဲ့တယ်။ ကတ်က ပန့်ခ် (Punk)ရဲ့ ရိုးရှင်းမှုနဲ့ အကြမ်းထည်သက်သက်ဂီတကို ပြင်းထန်ပြီး လှပတဲ့ မက်တယ်(Metal) နဲ့ ပေါင်းစပ်ခဲ့ပါတယ်။ သူ့သီချင်းစာသားတွေက စိတ်ဓါတ်ကျစရာကောင်းတယ်။ သူ့အသံက အင်မတန်နာကျင်နေတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ အသံမျိုး၊ ကတ်ဟာ လူတိုင်းကို မုန်းတီးခဲ့တယ်။ သူ့ကိုယ်သူလည်း အပါအဝင်ပေါ့။ "အသက် (၇) နှစ် အရွယ်ကစပြီး ကျွန်တော်ဟာ ယေဘုယျအားဖြင့် လူအားလုံးကို မုန်းတီးစပြုလာခဲ့တယ်" လို့ ပြောခဲ့ဖူးရဲ့။ ကတ်ကိုဘိန်းဟာ သူ့ဘဝတစ်လျှောက်လုံး အစာအိမ်အနာတွေရဲ့ ဆိုးဆိုးရွားရွားနှိပ်စက်မှုကို ခံခဲ့ရတယ်။ သူဟာ တစ်ချိန်လုံး အရက်သောက်နေခဲံတယ်။

လူပျိုရည်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကိုပြန်ပြောပြတဲ့ Kiss အဖွဲ့ရဲ့အဆိုတော် Paul Stanley

Kiss အဖွဲ့ရဲ့ရှေ့ထွက်အဆိုတော်ကြီး Paul Stanley ရဲ့ ဆန့်ကျင်ဘက်လိင်နဲ့ အကျွမ်းတ၀င်မရှိသေးတဲ့လူပျိုဘ၀ကို စိတ်ကူးထဲမှာပုံဖေါ်ကြည့်ဖို့ခက်ခဲပါလိမ့်မယ်။ Rock ဂီတလောကရဲ့ စော်အကြည်ဆုံး ဘီးကျဲတွေထဲကတစ်ယောက်ဖြစ်တဲ့ Paul Stanley ကြီးဟာလဲတစ်ချိန်ကတော့လူပျိုလေးတစ်ယောက်ပါပဲ။ မကြာသေးမီက KLOS FM ကလုပ်တဲ့အစီအစဉ်တစ်ခုမှာ သူ့ဘ၀ရဲ့ အပြောင်းအလဲတစ်ခုကိုဖြစ်စေတဲ့နေ့တစ်နေ့အကြောင်းကို ပြန်ပြောပြပါတယ်။

Tuesday 24 September 2013

Marilyn Manson ( Biography )


အလှ နတ်သမီး Sex ရဲ့ ဘုရင်မ မာရီလင် မွန်ရိုး နဲ့  ဂီတပညာရှင် လူသတ်သမား Charles Manson တို့ နာမည် နှစ်ခု ပေါင်းထားတဲ့ Marilyn Manson ဟာ 1965 ခုနှစ် အမေရိကန်ုပြည်ထောင်စု Ohio ပြည်နယ်မှာ မွေးဖွားခဲ့ပြီး နာမည်ရင်း က Brian Hugh Warner ပါ
Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar