Wednesday, 31 July 2013

Saturday, 27 July 2013

Wanted အဖွဲ့၏ တစ်ယောက်တနေရာမှ စီးရီးမိတ်ဆက်ပွဲ

Wanted အဖွဲ့၏ တတိယစီးရီးဖြစ်သော "တစ်ယောက်တစ်နေရာမှ" တေးစီးရီးကို ဖော်ကာရဲ့မွေးနေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့တွင် ထွက်ရှိမည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ဇူလိုင်လ ၂၇ ရက်နေ့၊ နေ့လယ် ၂ နာရီက Central ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ 


Fokker

                                                          Wanted

အခွေတစ်ခွေကို ဘယ်လောက်အထိ ပေါက်ရမယ်ဆိုပြီး ခန့်မှန်းလို့မရဘူး ဟန်ထွန်း


တေးသံရှင်ဟန်ထွန်းက ခေါင်း နဲ့ပန်း ဆိုတဲ့ တတိယစီးရီးကို ပူပူ နွေးနွေး ထွက်ရှိထားသူဖြစ်ပါတယ်။ 'ရှိနေမယ်' စီးရီးရဲ့ ပေါက်မြောက် အောင်မြင်မှုအားကြောင့် ဟန်ထွန်း က 'ခေါင်းနဲ့ပန်း' စီးရီးမှာတော့ သီချင်းရွေးချယ်မှုကို အားကောင်းစွာ ပြုလုပ်ထား တာတွေ့ရပါတယ်။ ခေါင်းနဲ့ပန်းမှာတော့ တောင်ကြီး သားတွေရဲ့ ရေး ဟန်အငွေ့အသက် တွေလည်း ပိုမိုပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

" ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန် နဲ့ အမျိုးသမီးရော့ခ်ကာ သျှီ"


မြန်မာပြည်ဂီတလောကမှာ အမျိုးသမီးရော့ခ်ကာဆိုတာ လက်ချိုးရေ လို့ ရပါတယ်။ အဲ့ဒီထဲမှာ ၉၇ခုနှစ်မှာ ဂန္ဒာရီဆိုတဲ့ စီးရီးနဲ့ဂီတလောကထဲ ဝင်ရောက်လာသူ အမျိုးသမီးတေး သံရှင် သျှီတစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ ဆံပင်ကို လေမှာပျံဝဲ၊ မာန်ပါပါအသံ၊ တီရှပ်နဲ့ဂျင်းဘောင်း ဘီ၊ ကန်းထရီးဖိနပ်တို့က သျှီရဲ့ရှိုး အမှတ်အသားတစ်ခုလိုဖြစ်လို့နေပါ တယ်။ နှစ်တွေဘယ်လိုပဲပြောင်းပြာင်း ရော့ခ်ကာအမျိုးသမီး တေးသံရှင်တစ် ဦးရဲ့ဟန်မာန်အပြည့်နဲ့သျှီဆိုတဲ့ ကိုယ်ပိုင်ဟန်ကို ရယူနိုင်ခဲ့သူ သျှီက သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး..

Tuesday, 23 July 2013

ဆြာ ချစ်၏ ကိုယ်ရေးအကျဉ်း

အမည်ရင်း --- စောချစ်စမ်းမောင်

ဖခင် - ဦးယူစီ

မိခင်- ဒေါ်အေးကြည်

လူမျိုး- ကရင်

ဘာသာ- ခရစ်ယာန်

မွေးသက္ကရာဇ် -၁၉၇၂

မွေးရပ်- ဟင်္သာတ (နွယ်ခွေ)

အလုပ်အကိုင်- ဂီတလုပ်ငန်း

အိမ်ထောင် -ရှိ

Monday, 22 July 2013

အလုပ်တွေပြီးမှ လက်ထပ်မယ်ဆိုတဲ့ အောင်လ


လူငယ်တွေရဲ့ အချစ်တော် ရောခ့်အဆိုတော် အောင်လက သူ့ရဲ့ လက်ကျန် အနုပညာ အလုပ်လေးတွေပြီးမှ အိမ်ထောင်ရေးကို စဉ်းစားပါမယ်လို့ ဆိုလာပါတယ်။

“အိမ်ထောင်ရေး ကတော့ နည်းနည်းလိုသေးတယ်။ ကျနော် လုပ်ချင်တာလေးတွေ မပြီးသေးလို့၊ ပြီးရင်တော့ ချက်ချင်း တန်းယူမှာဗျ” လို့ အောင်လက ပြောပါတယ်။

Sunday, 21 July 2013

Side Effect

ဒီ Band ကို မြန်မာပြည်က Rock ပရိသတ် တော်တော်များများလည်းသိကျပြီးပြီးလို့ထင်ပါတယ်..မသိသေးတဲ့ လူတွေလည်းရှိကျဦးမှာပေါ့..
January 2004 ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး
Genre ကတော့ Indie/post-punk ဖြစ်ပါတယ်..
Band မှာပါဝင်တီးခတ်သီဆိုတဲ့ သူတွေကတော့...
Darko C. ( vocals/ guitar) www.facebook.com/Darko.SideEffect,
Jozeff K. ( bass/ guitar ) www.facebook.com/jozeff.ksideeffect ,
Tser Htoo (drums/ vocal) www.facebook.com/tserhtoo
Hein Lwin ( live bass player) တို့ပဲဖြစ်ကျပါတယ်...

Saturday, 20 July 2013

ဂီတကို ထိခိုက်စေမယ့် ဇာတ်ရုပ်မျိုး ရိုက်မှာ မဟုတ်ကြောင်း အောင်လပြော

ရော့ခ်ကာ အောင်လက “ဘောင်” ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင် ထားခဲ့ပြီး အခု တစ်ခေါက်မှာလည်း မြင့်မြတ်၊ နန်းဆုဦး တို့နဲ့ အတူ ဒါရိုက်တာ မလိခ စိုးထိုက်အောင် ရိုက်ကူးတဲ့ “အချစ်ရဲ့ တန်ခိုးများ” ဆိုတဲ့ ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ “ဘောင်” ရိုက်ကူးခဲ့စဉ် ကလည်း အောင်လရဲ့ ဂီတ ပရိသတ်တွေဆီ က ဝေဖန်သံတွေ ညံခဲ့တာကြောင့် အခုတစ်ခေါက် ရိုက်ကူးမှုမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ကြားရနိုင်ဖွယ် ရှိတာကြောင့် ဒီအပေါ်မှာရော ဘာပြောဖို့ရှိလဲ ဆိုတော့ အောင်လက “မရိုက်ဘူး ဆိုပေမယ့် ရှေ့မှာ တစ်ကား ရိုက်ရင်းနဲ့ မျောသွားတာ။ SIR ပရိသတ်တွေ ကတော့ မကြိုက်ကြဘူး။

တေးသံရှင်ရေမွန်နှင့် တွေ့ဆုံခြင်း

လူအဂီတ တေးစီးရီးဖြင့် ပရိသတ်လက်ခံအားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် ရေမွန်နှင့် တွေ့ဆုံပြီး Idiots အဖွဲ့ရဲ့ ဒုတိယတေးစီးရီး ခေတ်သစ်ကျောက် အကြောင်း၊ S.I.R အဖွဲ့နှင့် ထွက်ရှိမည့် တေးစီးရီးအကြောင်းနှင့် မူပိုင်ခွင့်အပေါ် သူ့အမြင်များကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

တေးသံရှင်ဟန်ထွန်းနှင့် တွေ့ဆုံခြင်း



‘ရှိနေမယ်’ တေးစီးရီး ထွက်ရှိပြီးနောက် လေးနှစ်အကြာမှ ‘ခေါင်းနဲ့ပန်း’ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိလာသည့် ပရိသတ် လက်ခံအားပေးမှု အခိုင်အမာ ရရှိထားသူ တေးသံရှင် ဟန်ထွန်းနှင့် တွေ့ဆံ၍ ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း လုပ်ဖြစ်ရသည့် အကြောင်း၊ ၎င်းကြိုက်နှစ်သက်သည့် Music ပုံစံများနှင့် သီချင်းဆိုပြိုင်ပွဲများ အပေါ် ၎င်း၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

တယောက်တနေရာမှ (wanted)

(Wanted) ရဲ့ တတိယမြောက် အခွေဖြစ်တဲ့ တယောက်တနေရာမှ ကို သြဂုတ်လ(၂) ရက်နေ့တွင် ဖြန်ချိတော့မည် ဖြစ်ပါကြောင်း \m/
                              တယောက်တနေရာမှ အခွေထဲတွင်ပါဝင်မည် သီချင်းခေါင်းစဉ်များ

Iron Cross (Show)

photo by; Myanmar MP3 Music - Music Canvas

လင်းလင်း -(သံမဏိလိပ်ပြာ)

ဂျူလိုင် ၁၉ ကထွက်ထားတဲ့ ကိုလင်းလင်းရဲ့ အခွေသစ် သံမဏိလိပ်ပြာသီချင်းတွေကို လိုချင်တဲ့ သူတွေအတွက်ပါ ..


Download>>>http://www41.zippyshare.com/v/75080739/file.html<<<
အတတ်နိုင်ဆုံး အခွေအစစ်အမှန်တွေကို ဝယ်သူအားပေးကျဖို့ တောင်းဆိုပါတယ်...

Monday, 15 July 2013

History Of Alternative Rock


          အောလ်တာနေးတစ်ဗ် ရော့ခ်ဂီတဟာ အခြားသောရော့ခ်ဂီတများစွာလို မည်သည့် ဂီတအမျိုးအစားနဲ့ အံမ၀င်တဲ့ ဂီတ တစ်ခုဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်နေပါစေ သူတို့ရဲနည်းစနစ်ပိုင်းဆိုင် ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အရတော့ အခြားသော ရော့ခ်ဂီတများထက် သူတို့ကို ပန့်ခ်ရော့ခ့်ကနေ ဆင်းသက်တယ်လို့ ပြောနိုင်ပါတယ်။ သူတို့နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မတူညီ အံမ၀င်ပေမယ့်လည်း အခြားသော ရော့ခ်ဂီတမျိုးကွဲများစွာကို လည်း အောလ်တာနေးတစ်ဗ်ခေါင်းစဉ် အောက်မှာ သွပ်သွင်းခြင်းခံရပါတယ်။

         အောလ်တာနေးတစ်ဗ်ဂီတဟာ ၁၉၉၀ ခုနှစ်တွေမှာစတင်ပေါ်ပြူလာ ဖြစ်လာပေမယ့်လည်း သူတို့ဟာ ဒီထက်အစော ကြီးကတည်းက ပေါ်ပေါက်လာခဲ့ပြီးဖြစ်ပါတယ်။ Nirvanaအဖွဲ့ ဟာ အောလ်တာနေးတစ်ဗ် ဂီတကို ဂီတပင်မရေစီးကြောင်းထဲ ခေါ်ဆောင်မလာခင်ကတည်းက ဒီဂီတဟာ ကောလိပ်တွေ နဲ့ underground လှုပ်ရှားမှုတွေမှာ ပေါ်ပြူလာဖြစ်နေပြီးသားပါ။

S.I.R (ROCK House) တောင်ကြီး show

S.I.R ရဲ့တောင်ကြီး ပွဲတုန်းက ဗီဒီယိုလေးပါ ...ငါကြိုက်တာ Rock&Roll ငါတီးတာ Rock&Roll

Sunday, 14 July 2013

သိသမျှဂစ်တာအကြောင်း


ဂစ်တာ (guiter) သည် ဂီတ တူရိယာ တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကပင် ပုံစံမျိုးစုံ ဖြင့်တည်ရှိခဲ့သည်။ များသော်အားဖြင့် ဂီတာသည် ကြိုးခြောက်ချောင်းပါတက်ပြီး လေး၊ ခုနှစ်၊ ရှစ်၊ ဆယ် နှင့် ဆယ်နှစ် ချောင်းတပ် ဂီတာများလည်း ရှိသည်။

ရုန်းကန်မှုတွေနဲ့ ရွေ့လျားနေရဆဲ ခေတ် သစ် Rock လမ်းမများ ....


ရော့ခ်ဂီတမှ ဆက်နွှယ်၍ ပေါ်ထွန်းခဲ့သော၁၉၈ဝ ကျော် ၉ဝ ဝန်းကျင်မှ စတင်ခဲ့သည် Metal ဂီတမှ ပေါ်ပေါက် လာခဲ့သော Metal core ဂီတ သည် မြန်မာပြည်လူငယ်ထု အတွင်းမှာလည်း ၂ဝဝဝပြည့် နှစ်ကျော်မှာ Metal Hardcore ဂီတများပျံ့နှံ့လာခဲ့သည်

"မြူးဇစ် ဆိုတာ ကိုယ်တိုင် သင်ယူရတဲ့ ပညာပဲ အငဲ"


မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ ဂီတ သင်တန်းကျောင်း Legacy Music Academy ကျောင်းဖွင့်ပွဲကို ဂီတလောကမှ အတော် များများတက်ရောက် ဂုဏ်ပြု ခဲ့ကြတာကို တွေ့ရသလို IC ဝိုင်းတော် သားများကို စုံစုံလင်လင် တွေ့ခဲ့ရပါ တယ်။ IC အဖွဲ့သား တစ်ဦး ဖြစ် သလို၊ မြန်မာ့ ရော့ခ်ဂီတ လောကမှာ မပါ မဖြစ် တေး သံရှင် တစ်ဦး ဖြစ် တဲ့ ရော့ခ် အဆိုတော်ကြီး အငဲလည်း ပွဲကိုတက်ရောက် လာတာ တွေ့ ရပါတယ်။

LUCID(Myanmar)

ကိုဟန်ထူးလွင်၊ ကိုရဲဇော်မျိုးတို့နှင့်အတူ နိုင်ငံခြားသား၂ယောက် ပူးပေါင်းပါဝင်ပြီး တည်ထောင်ထားတဲ့ Band ၁ခုပဲဖြစ်ပါတယ်..
ဒါကတော့ LUCID ရဲ့Facebook linkဖြစ်ပါတယ်.. https://www.facebook.com/lucid.myanmar
ဒါကတော့ LUCIDရဲ့ ReverNation linkပါ အဲဒီ Link မှာတော့ LUCID ရဲ့ Mp3 တွေကို နားဆင်နိုင်မှာဖြစ်ပါတယ်..http://www.reverbnation.com/play_now/17770846
                                                              LUCID
Kiar Pauk - Guitar,Voice
 Gianluca Ranzato - Voice, Guitar
 Chris White - Drums
 Ye Zaw Myo - Bass

တေးသံရှင် ကျားပေါက် (ဟန်ထူးလွင်) နှင့် တွေ့ဆုံခြင်း

(သန့်ဇင်ဦး)

Big Bag အဖွဲ့မှ လူငယ်ကြိုက်တေးသံရှင် တစ်ဦးဖြစ်သူ ကျားပေါက် (ဟန်ထူးလွင်) နှင့်တွေ့ဆုံပြီး Blood Sugar Politik Band ဖြင့် သူသွားရောက်ဖျော်ဖြေခဲ့သော အာဆီယံဂီတဖျော်ဖြေပွဲ အတွေ့အကြုံများ၊ သူရေးဖွဲ့ထားသော ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းများ အကြောင်း၊ ဂီတလောကတွင် အသံပိုကျယ်လာသည့် မူပိုင်ခွင့်နှင့် ပတ်သက်ပြီး သူ့အတွေး၊ သူ့အမြင်များကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Group Justus

ကမ္ဘာတ၀ှမ်းမှာရှိကြတဲ့ ဂီတ၀ါသနာရှင် လူငယ် လူရွယ်တို့အကြား သူတို့ ကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော် အဆိုတော်တွေရဲ့ နာမည်ကြီး တေးသီချင်းတွေကို မြန်မာလို ပြောရရင် “ပြန်ဆိုတေး” အင်္ဂလိပ်လို Cover song တွေအဖြစ် ဆန်းသစ်တဲ့ တေးသီချင်း ပုံစံ အသွင်အပြင်တွေနဲ့ ပြန်လည် သီဆိုကြလေ့ ရှိပါတယ်။ ဒီလို ပြန်ဆိုထားတဲ့ ပြန်ဆိုတေးတွေကို Youtube လို အင်တာနက် စာမျက်နှာတွေပေါ်မှာ အပျော်တမ်းဖြစ်စေ၊ မူရင်းသီဆိုမှုထက် ပိုမိုလှပ ကောင်းမွန်အောင် ကိုယ်ပိုင်တီးဝိုင်းတွေနဲ့ တခမ်းတနား တီးခတ် သီဆိုထားကြတာကို များသောအားဖြင့် တွေ့မြင်ရမှာပါ။ ဒီလို ပြန်လည် ဖန်တီးမှုတွေအကြား မြန်မာနိုင်ငံက လူငယ် ၆ ယောက်နဲ့ ဖွဲ့စည်းထားတဲ့

လင်းလင်း-သံမဏိလိပ်ပြာ

လင်းလင်းရဲ့ တတိယတစ်ကိုယ်တော် "သံမဏိလိပ်ပြာ"ဇူလိုင်(၁၉)ရက်နေ့ ထွက်မည်.....

လင်းလင်းရဲ့ တတိယတစ်ကိုယ်တော်စီးရီးဖြစ်တဲ့ သံမဏိလိပ်ပြာ တေးစီးရီး

ကိုဇူလိုင်(၁၉)ရက်နေ့(အာဇာနည်နေ့)မှာဖြန့်ချိမယ်လို့သိရပါတယ်။Title Song ဖြစ်တဲ့ သံမဏိလိပ်ပြာ နဲ့ပတ်သက်ပြီးလင်းလင်းက "အလုပ်တွေကို မပင်မပန်းနဲ့ ကိုယ်ကျိုးမဖက်လုပ်ပြီးအသက်၂၀ ကျော်အရွယ်အပြုံးနဲ့အမေ တစ်ယောက်ကိုရည်ညွှန်းထားတာပါ"လို့ပြောခဲ့ပါတယ်
သံမဏိလိပ်ပြာ CD ခွေ ပုံကြမ်း

ီDrive-(အစိမ်းရောင်စာစုများ)

ဂျူလိုင်လ ၁၀ရက်နေ့ကမှထွက်ထားတဲ့ Drive အခွေသစ်လေးပါ ...
လိုချင်တဲ့လူတွေအတွက်ပါ ...
Download Link >>> Zippyshare

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar