ဒီနေ့တော့ အားလုံးနှမျောတသဖြစ်နေကြရတဲ့ Legend DRUMMER တစ်ယောက်အကြောင်း တင်ဆက်ပေးချင်ပါတယ်.. ဟုတ်ပါတယ်.ခင်ဗျားထင်သလို THE REV အကြောင်း ပါပဲ.. သူ့ထက်တော်တဲ့ နည်းပညာကောင်းတဲ့ ဝါရင့်DRUMMER ပေါင်းများစွာ ရှိပေမယ့်..THE REV ဟာ ကျွန်တော့်ရဲ့ #1 ပါပဲ.. ကဲစလိုက်ရအောင်...
နာမည်အရင်းက JAMES OWEN SULLIVAN ဖြစ်ပြီး THE REV လို့ လူသိများပါတယ်.. သူ့အခြားနာမည် THE REVEREND THOLOMEW PLAGUE ကနေ အတိုကောက် THE REV ကိုယူထားတာပါ. ချစ်ငယ်သူငယ်ချင်းများ အထူးသဖြင့် SYN GATES ကတော့ သူ့ကို ကြွက်ခေါင်း လို့ ချစ်စနိုးခေါ်ပါတယ်.. RAT HEAD..နောက် band member တွေက Jimmy လို့လဲ ချစ်စနိုးခေါ်ကြပါသေးတယ်..
1981 february လ 9ရက်နေ့.. အမေရိကန်ပြည်ထောင်စု huntington beach.california ပြည်နယ်မှာ မွေးဖွားခဲ့သူ jimmy ဟာ သူ့ရဲ့ permanent band A7X အပြင် အခြား PINKLY SMOOTH.SUBURBAN LEGENDS.THIRD WAVE SKA စတဲ့ band တွေမှာလဲ ပါဝင် လှုပ်ရှားခဲ့ပါတယ်..
A7X မှာတော့ DRUM.တေးရေး.PIANIST.VOCAL နေရာတွေက အဓိကပါဝင်ခဲ့တဲ့ သူဟာ.. PINKLY SMOOTH band မှာတော့ lead vocal နဲ့ pianist ပါ.. syn gates နဲ့ကတော့ ငယ်ငယ်တည်းကချစ်ခင်ပြီး ပေါင်းသင်းခဲ့တာပါ.. အသက် 4 နှစ်သားမှာတင်သူဟာ drum stick နဲ့ဆော့ ကစားတတ်နေခဲ့တဲ့ jimmy ဟာ အသက် 10နှစ်သားမှာ ကိုယ်ပိုင် drum set လေးတစ်ခုကို ပိုင်ဆိုင်ခဲ့ပါပြီ.. အထက်တန်းကျောင်းသား ဘ၀မှာ ဂီတလှုပ်ရှားမှုအမျိုးမျိုး ပါဝင်လှုပ်ရှားခဲ့ပြီး A7X နဲ့ ပထမဆုံး studio record စလုပ်ခဲ့တာကတော့ 18 နှစ်သားအရွယ်မှာပါ.. title က SOUNDING THE SEVENTH TRUMPET လို့ သိရပါတယ်..
VINNIE PAUL.MIKE PORTNOY.DAVE LOMBARDO.LARS ULRICH နဲ့ TERRY BOZZIO တို့ ဟာ JIMMY လေးစားအားကျခဲ့ရတဲ့ DRUMMER ကြီးတွေပါ..
A7X ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတော်တော်များများက JIMMY ရေးသားခဲ့တာဖြစ်ပါတယ်.. ALMOST EASY.A LITTLE PIECE OF A HEAVEN (ကျွန်တော်စကြိုက်ခဲ့).AFTERLIFE.SAVE ME.WELCOME TO THE FAMILY.DEMON စသည်ဖြင့်ပေါ့..FICTION ကတော့ သူမသေမီနောက်ဆုံးရေးသားခဲ့တဲ့ သီချင်းလေးပါ.. SEIZE THE DAY မှာတော့ သူ့ရဲ့ PIANO လက်သံနဲ့ CRITICAL ACCLAIM..GUNSLINGER.LOST.SCREAM.AFTERLIFE.ALMOST EASY.A LITTLE PIECE OF A HEAVEN စတာတွေမှာ သူ့ရဲ့ VOCAL ကိုနားဆင်နိုင်ပါတယ်.. A7X ဟာ NIGHTMARE album ရဲ့ demo version ကိုလဲထုတ်ခဲ့ပါသေးတယ်. Demo ခွေထဲမှာ jimmyရဲ့ electric drum အသံများ vocal များ အမှတ်တရ ကျန်ခဲ့တာကိုတွေ့ရမှာပါ..
JIMMY ဟာ 2005 အထိတော့ PDP (PAFIC DRUM PERCUSSION 805 KIT) ကိုပဲ စွဲစွဲမြဲမြဲတီးခဲ့ပြီး 2008 မှာတော့ DW DRUM ကိုပြောင်းလဲ တီးခတ်ခဲ့ပါတယ်. SABIAN cymbal အသံများကိုလဲ စွဲလမ်းခဲ့သူပါ.
December လ 28 ရက် 2009 နေ့ဟာ THE REV ချစ်သူများ ၀မ်းနည်း နှမျော တမ်းတ ဖြစ်ခဲ့ရတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်.. နေအိမ်အတွင်းမှာပဲ ဆေးလွန် သေဆုံးနေတဲ့ JIMMY ကိုတွေ့ရှိခဲ့ကြရလို့ပါပဲ.. A7X BAND MEMBER များလဲ စိတ်ဓတ်ပျက်ပြားခဲ့ရပါတယ်.. ONLINE .MAGAZINE .TV CHANNEL များမှာ JIMMY ရဲ့ ၀မ်းနည်းစရာသတင်းများက နေရာယူလို့နေပါတယ်..
APRIL 2010 မှာ best drummer ဆုတစ်ခုဖြစ်တဲ့ REVOLVER GOLDEN GODS AWADS ဆုကို THE REV အားပေးအပ်ခဲ့ပါတယ်.. drummer ကြီး JOEY JORDISON နဲ့ VINNE PAUL တို့က JIMMY ရခဲ့ တဲ့ ဆုကို ကြေငြာပေးခဲ့တာပါ..A7X member များနဲ့ JIMMY ရဲ့ မိသားစုက တက်ရောက်လက်ခံခဲ့ပါတယ်.. အဲ့ဒီနေ့ကလဲ သူတို့မိသားစု မျက်ရည်တွေနဲ့ပေါ့..
JIMMY သေဆုံးပြီးနောက်မှာတော့ A7x ကို ကမ္ဘာကျော် DREAM THEATER band မှ MIKE PORTNOY က ယာယီ ကူညီ တီးခတ်ပေးခဲ့ပါတယ်.. NIGHTMARE အခွေ ထွက်လာပြီးနောက် မှာတော့ MIKE ဟာ A7X မှာ ဆက်မတီးတော့ပဲ..ARIN ILEJAY ဆိုတဲ့ လူငယ် DRUMMER လေးတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်.. လူသိများကျော်ကြားတဲ့ MIKE ၀င်တီးတဲ့အချိန်မှာ ပရိတ်သတ်ရဲ့ PRESSURE မရှိခဲ့ပေမယ့်. 25နှစ်အရွယ် ARIN အလှည့်မှာတော့ အသံခပ်အုပ်အုပ် များထွက်ပေါ်လို့လာခဲ့ပါတယ်.. အခုချိန်မှာတော့ ARIN ဟာ လဲ ဒီအသံများကို နင်းခြေဖြတ်ကျော်နိုင်ခဲ့ပါပြီ..
ကမ္ဘာကျော် A7X band ရဲ့ အသစ်စက်စက် album HAIL TO TE KING က ဒီလထဲမှာပဲ ထွက်တော့မယ်ဗျ.. drummer ARIN ရဲ့ A7X ပုံစံထဲက drum လက်သံ များနှင့်အတူ..ကွယ်လွန်သူ JIMMY ကိုလဲ ပြန်လည်အမှတ်ရနေကြရဦးမှာပါ.. ...\mm/
Credit by- Danny ray
Top 10 Free Cydia Tweaks for iOS 9 (Jail Only)
-
*#1. BreadcrumbsAway* *#2. UniversalForce* *#3. betterFiveC0lumnHomescreen* *#4.
betterFiveIconDock* *#5. f.lux* *#6. BlurryLaunch* *#7. CCSettings...
8 years ago
0 comments:
Post a Comment