နည်းနည်းကြာသွားတာ ခွင့်လွှတ်ဗျာ -
1980 ခုနှစ် New Wave Of British Heavy Metal (NWOBHM) ရဲ့ 
နိုးထ အောင်မြင်လာမှု ရယ် Judas Priest ရဲ့ ဆဋ္ဌမ မြောက် အယ်ဘမ်
British Steel (1980 ) အကြီး အကျယ် အောင်မြင် ခဲ့မှု တို့ ကြောင့်
ဟဲဗီး မက်တယ် ဂီတဟာ 1980 ခုနှစ် တွေမှာ လူကြိုက်များ ထင်ရှား
လာပါတော့တယ် ...
အဲ့အချိန် အတွင်းမှာပဲ 1981 ခုနှစ်မှာ အမေရိက တီဗွီ ချန်နယ် ဖြစ်တဲ့
MTV ပေါ် ပေါက်လာပြီး ဟဲဗီးမက်တယ် တီးဝိုင်းတွေရဲ့ သီချင်းတွေကို
တွင်တွင်ကျယ်ကျယ် လွှင့်ခဲ့ပြန်တာကြောင့် ဟဲဗီးမက်တယ်ဟာ ပိုပြီး
လူကြိုက်များ လာခဲ့ပြန်ရော..
ဒီ ဂီတ 80 ခုနှစ်တွေမှာ မတရားအောင်မြင်ခဲ့တဲ့ အကြောင်းနောက်တစ်ခု
ကတော့ 1983 ခုနှစ် ကယ်လီဖိုးနီးယား မှာ ပြု လုပ်ခဲ့တဲ့ U.S Festival
ပွဲပါ ..Heavy Metal Day နေ့ ရက်မှာ Ozzy Osbourne, Van Halen, Scorpions, Mötley Crüe, Judas Priest စတဲ့ နာမည်ကြီး တီးဝိုင်းတွေ
တူတူ ဖျော်ဖြေ ခဲ့တာကြောင့် ပရိတ်သတ်တွေ ရဲ့ ရူးသွပ်စွဲလန်းမှုကို
အရှိန် ထပ်မြင့်စေခဲ့ ပါတယ်..
1983 -84 ခုနှစ် အတွင်းမှာ အမေရိက ရဲ့ တေးစီးရီးထုတ်လုပ် ရောင်းချရမှု
မှာ Heavy Metal ဂီတက 20 ရာခိုင်နှုန်း အထိ သိမ်းပိုက် ထားပြီး ပြောရရင်
အဲ့အချိန်မှာ ဂီတခွေ ဆယ်ခွေ ထွက်ရင် နှစ်ခွေ က ဟဲဗီးမက်တယ် ဖြစ်နေ
တာပေါ့ -- အဲဒီလို အောင်မြင်လာမှုတွေ နဲ့ ဟဲဗီးမက်တယ် သီးသန့်  Magazine တွေ ဖြစ်တဲ့ Kerrang! ( 1981 ) , Metal Hammer (1984)
တို့ ထွက်ရှိလာပါတယ် ..အဲဒီ Magazine တွေက ဟဲဗီးမက်တယ် ဂီတကို
ပရိတ်သတ် ကြားထဲ ရောက်အောင် ပို ပျံ့ နှံ့ စေခဲ့ပြီး ဟဲဗီးမက်တယ်
တီးဝိုင်းတွေ နဲ့ ပရိတ်သတ် ကို မီဒီယာ က တစ်ဆင့် ထိတွေ့ စေခဲ့ပါတယ်.
ဟဲဗီးမက်တယ်ဂီတသမားတွေကလည်း အဲ့ခေတ် မိန်းကလေး-ဆော်တွေ
အသည်းစွဲ ဖြစ်ခဲ့ကြတာပေါ့
1980 အလယ်နှစ်တွေမှာ Heavy Metal -Glam Metal တို့ က အမေရိက
မီဒီယာတွေရဲ့ အာရုံစိုက်မှုခံရပြီး L.A. Guns WARRANT Poison
Cinderella , Ratt , Europe , Bon Jovi ,Motley Crue စတဲ့
Glam Metal တီးဝိုင်းတွေက တစ်ဟုန်ထိုးအောင်မြင် ကျော်ကြားခဲ့ပြီး
ဆော်တွေ - လူငယ်တွေ အသည်းစွဲ ဖြစ်ခဲ့ကြတာပေါ့
1987 ခုနှစ်မှာ MTV broadcasting က Headbanger's Ball ဆိုတဲ့
ရှိးပရိုဂရမ်တစ်ခု မိတ်ဆက်ခဲ့ပြီး အဲ့ဒီအစီအစဉ်ဟာ ဥရောပ-အမေရိက
သာမက အာရှ ရဲ့ Metal ဂီတ ပရိတ်သတ်တွေကို ပိုရုးသွပ်စေခဲ့ပြန်ပါတယ်.
1987 ခုနှစ်ကို ရောက်တဲ့အချိန် Hard Rock-Metal-Glam ဂီတကို
ထိပ်ဆုံးထိ အောင်မြင်မှု -ပရိတ်သတ် ခိုင်မာများပြားမှုကို တွန်းပို့ လိုက်တဲ့
တီးဝိုင်းကတော့ Guns N Roses ဖြစ်ပြီး ပထမဆုံးအယ်ဘမ်
Appetite for Destruction နဲ့ တင် အချပ်ရေ အရောင်းရဆုံးပွဲဦးထွက်
အယ်ဘမ်တစ်ခု အဖြစ် ဂီတသမိုင်းမှာ စံချိန်တင် လိုက်ပါတယ်..
နောက်ထပ် U.S က Skid Row , Winger , Jane's Addiction စတဲ့
တီးဝိုင်းတွေ ထပ်မွေးထုတ်ခဲ့ပြီး Glam Metal -Heavy Metal ရဲ့ 
အအောင်မြင်ဆုံးအရှိန်အ၀ါတွေကို ထပ်ဖြန့် ကျက်ခဲ့ပါတယ်.
1980 အရောက်မှာ အခြေနေတဲ့ မက်တယ် ဂီတကနေ နောက်ထပ် ဂီတ
မျိုးခွဲတွေ အများကြီး ထပ်ပေါ်လာခဲ့ပြီး thrash metal, death metal, black metal, power metal ,doom ,gothic metal တို့ က အောင်မြင်လာတဲ့
မက်တယ်ဂီတ အမျိုးအစားတွေ ထပ်ဖြစ်လာပါတယ်.
Metallica, Anthrax, Megadeth, and Slayer စတဲ့ တီးဝိုင်းတွေက
Thrash Metal ရဲ့ ဆရာကြီး လေးဆူဖြစ်လာကာ - Death တို့ Possessed
တို့ က Death Metal - Mercyful Fate , Venom ,Mayhem , Immortal
တို့ က Black Metal ---- Helloween , Hammerfall ,Iced Earth , Dream
Theater ,Symphony X တို့ က Power Metal/Symphonic Metal တို့ ရဲ့ 
အောင်မြင်ကျော်ကြားတဲ့ တီးဝိုင်းတွေ ဖြစ်လာပါတယ်...
Metal Music ရဲ့ အအောင်မြင်အကျော်ကြားဆုံးအချိန် 80-90 ဆယ်စုနှစ်
အကုန်မှာ Grunge band တွေ ဖြစ်တဲ့ Nirvana ,AIC တို့ လို တီးဝိုင်းတွေ
ထွက်ပေါ်လာပြီး Heavy Metal ဂီတ ဟာ အမျိုးခွဲတွေ အရမ်းများပြားလာမှုနဲ့ 
အတူ အရှိန်အ၀ါ နဲနဲ ကျခဲ့ ရပါတယ် ..
ဒါပေမယ့်လည်း 90 ခုနှစ်တွေမှာ Metallica တို့ က မတရားအောင်မြင်နေဆဲ
ဖြစ်ပြီး မက်တယ်ဂီတ ကို ဆက် သန်မာစေတုန်းပါ ..
Thrash မှာတောင်မှ Post-Thrash လို့ လည်းခေါ်ကြတဲ့ Groove Metal
band Pantera နဲ့ White Zombie တို့ ကလည်း အောင်မြင်လာပါတယ်.
Jane's Addiction က စလုပ်ခဲ့တယ်ပြောရမယ့် Alternative Metal ဆိုတာ
ကလည်း ခေတ်စားလာပြီး Alice in Chains ,Soundgarden တို့ က
Alternative Metal ဂီတပုံစံတွေ လုပ်ခဲ့ပြန်ပါတယ် ...
Faith No More ဆိုတဲ့ အမေရိကန် တီးဝိုင်းကလည်း punk, funk, metal, and hip hop တို့ ကို alternative နဲ့ ရောသမွှေ - Fear Factory ,Ministry နဲ့  Nine Inch Nails , Marilyn Manson တီးဝိုင်းတို့ ကလည်း Industrial Metal တွေ ဖန်တီးပြီး Metal ဂီတ အမျိုးခွဲတွေကို ချ ပြ ခဲ့ကြ တယ်..
1990 အလယ် နှစ်တွေမှာ Slipknot, Linkin Park, Limp Bizkit, Papa Roach, P.O.D., Korn နဲ့  Disturbed တို့ က Death Metal နဲ့ Hip Hop ဂီတ
ကို အနည်းငယ် ပေါင်းစပ်ပြီး Nu-Metal ဆိုတဲ့ ဂီတခွဲ တစ်ခု ကို ချပြခဲ့ပြန်
ပါတယ်..
ဒါပေမယ့် Nu-Metal , လို Metal ဂီတ အမျိုးခွဲတွေကို အစကနဦး Heavy Metal ပရိတ်သတ် တွေ - ဂီတသမားတွေက သိပ် လက်မခံခဲ့ကြဘူး.
ဒါပေမယ့် 90 အကုန် 20 ရာစု အစမှာ System of A Down ဆိုတဲ့
အာမေနီးယန်း-အမေရိကန် တီးဝိုင်းက Heavy Metal ဂီတကို အရှေ့ တိုင်း
သံစဉ်တွေ -ထူးခြားတဲ့ မယ်လိုဒီတွေ နဲ့ ပေါင်းဖက် ခဲ့ပြီး Metal ဂီတ
ကို ထပ် တောက်ပ စေ ခဲ့ တယ်...
နောက်ထပ် Metal-core , Hard coreလို့ ခေါ်ရမယ့် ဂီတ အမျိုးအစားတွေ ကို လူကြိုက်များစေခဲ့ပြန်တာက Suicidal Tendencies , Killswitch Engage,Shadows Fall တီးဝိုင်းတို့ ပါ - သူတို့ က စီးပွားရေးအရရော
ပရိတ်သတ်အရေအတွက်နဲ့ ပါ အောင်မြင်ခဲ့ပြီး Metal core တွေ ခေတ်ကို
ရောက်စေခဲ့ပါတယ် ...
Melodic Metal band ဖြစ်တဲ့ Bullet For My Valentine ရဲ့ တတိယ မြောက်
အယ်ဘမ် Poison က ပေါက်ကွဲအောင်မြင်ခဲ့ပြီး -
Groove Metal band Lamb of God ရဲ့ Sacrament အယ်ဘမ် ကလည်း
အောင်မြင်ခဲ့ပြန်ပါတယ်..
ဒီလို အဲ့တီးဝိုင်းတွေရဲ့ အောင်မြင်မှုအပြင် ဒီဘက်ခေတ် metal-core,
thrash metal -death metal တို့ ပုံစံဖြစ်တဲ့ Trivium နဲ့ Avenged Sevenfold တို့ ကလည်း မက်တယ် ပရိတ်သတ်တွေကို 21 ရာစု
မှာ ရှင်သန်စေခဲ့ပါတယ်...
Mastodon ဆိုတဲ့ အမေရိကန် progressive/sludge Metal band က
2000 ပြည့်နှစ်အစောပိုင်းမှာ ပေါ်ပေါက်လာပြီး 21 ရာစု New Wave of
American Heavy Metal အချိန်တွေကို အားလုံး ပုံဖော်ခဲ့ကြပါတယ်..
ဒါကတော့ 21 ရာစု အထိ Heavy Metal ဂီတ ရဲ့ ဖြတ်သန်းလာမှု
ခရီးအကြောင်းလေးပါ -အရမ်းမပြည့်စုံပေမယ့် နဲနဲ ပါးပါးတော့
ဗဟုသုတ ရစေမယ်ထင်ပါတယ်. ..အခုခေတ်မှာ Metal ဂီတခွဲ တွေ
အမြောက်အမြား ပေါ်ထွက်နေတဲ့ အတွက် အကုန်မရှင်းနိုင်တာ နားလည်
ပေးပါ ....
ကျေးဇူးပါ..
#Angel<Admin of we sold our soul For rocknroll)
Top 10 Free Cydia Tweaks for iOS 9 (Jail Only)
-
*#1. BreadcrumbsAway* *#2. UniversalForce* *#3. betterFiveC0lumnHomescreen* *#4.
betterFiveIconDock* *#5. f.lux* *#6. BlurryLaunch* *#7. CCSettings...
8 years ago
0 comments:
Post a Comment