ကတ်ကိုဘိန်းဟာ သူနဲ့သက်တူရွယ်တူ ရော့(ခ်)မျိုးဆက်ရဲ့ပါရမီအရှိဆုံးနဲ့ ကြည်ညိုစရာအကောင်းဆုံးအဆိုတော်အဖြစ် သတ်မှတ်ခံရသူပါ။သူဟာ ပိန်ချူးသူဖြစ်
ပေမယ့် သူရဲ့စူးရှအက်ကွဲတဲ့အသံနဲ့စင်မြင့်ပေါ်ကနေပွဲထိန်းနိုင်သူဖြစ်ပါတယ်။သူဆီက
စိတ်ကူးယူ၊သူရဲ့စိတ်ဖြေနည်းကိုလိုက်ရှာနေတဲ့ ပရိသတ်အချို့ဟာ သူ့ကိုအတုခိုးပြီး
ကိုယ့်ကိုအဆုံးစီရင်ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ၊ဆီယက်တယ်မြို့တော် ကောလိပ်ကျောင်းသား/သူ
တွေရဲ့ ဂီတနဲ့ ဖက်ရှင်ကို ခေတ်စားအောင်လုပ်ခဲ့သူက ကတ်ဖြစ်ပါတယ်။
ကတ်ကို ဆီယက်တယ်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၂၄၀
ဝေးတဲ့ ဟိုကွီယမ်မြို့လေးမှာ ၁၉၆၇၊ဖေဖော်ဝါရီ၊၂၀ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။
ငယ်ငယ်ကပိန်သေးပြီး မကြာခဏဖျားတတ်တဲ့ကတ်ဟာ စပ်စုတတ်ပြီးတက်ကြွ
ဖျတ်လတ်လွမ်းပါတယ်။သူ့ရဲ့ဗရုတ်ကျပုံလေးတွေကြောင့်သူ့အမေ အမြဲလန့်ဖျတ်သွား
လေ့ရှိတယ်။ကတ်ကိုစိတ်ငြိမ်အောင် ဆရာဝန်က (ritalin)ဆေးသောက်ခိုင်းပေမယ်
သူအပြုအမူတွေကပိုဆိုးလာပါတယ်။စိတ်ငြိမ်ဆေးကြောင့် သူဟာကျောင်းမှာအိပ်
ငိုက်တတ်ပါတယ်။အဲဒီဆေးဝါးတွေကို စွဲပြီးသောက်ရတဲ့အတွက်ကြီးလာတော့
ကတ်ဟာ ပန်းနာရင်ကျပ်ဖြစ်ပြီး ကျောရိုးနည်းနည်းကွေးသွားရှာတယ်။ကလေး
ဘ၀ကဆေးလုံးတွေသောက်တဲ့အကျင့်ဟာကြီးလာတော့ သူ့ကို ဘိန်းဖြူစွဲသွား
စေပါတယ်။
ကတ်ခုနှစ် နှစ်သားအရွယ်မှာ သူ့မိဘတွေဟာ အိမ်ထောင်ကွဲကျတယ်။
ကတ်ဟာလူတွေနဲ့သိပ်မရောဘဲ သုန်သုန်မှုန်မှုန်နေတတ်လာတယ်။စိတ်မထင်ရင်
ဝုန်းဒိုင်းကျဲတတ်လာခဲ့တယ်။Grunge ဆိုသည်မှာ အိမ်ထောင်ကွဲမိဘများရဲ့ သားသ
မီးများ ဂစ်တာကို ကောက်ကိုင် မိရာမှ ပေါက်ဖွားလာသော ဂီတ ဖြစ်သည်လို့ အမေ
ရိကန် သတင်းစာတစ်စောင်ကရေးဖူးတယ်။
ဆယ်ကျော်သက်အရွယ်မှာ ကတ်ဟာ ဆွေမျိုးတွေရဲ့အိမ်မှာတလှည့်စီနေ
ခဲ့ရတယ်။တံတားအောက်မှာ မိုးရေကာဖျင် ခြုံပြီးအိပ်ခဲ့ရဖူးတယ်၊အထက်တန်းကျောင်း
တက်တော့ကတ်ဟာ သူငယ်ချင်းနည်းပါးပြီး ဆရာဆရာမတွေနဲ့ဆက်ဆံရေးတင်းမာခဲ့
တယ်။အားကစားမလုပ်ဘဲပန်းချီသင်တန်းခန်းမမှာ အချိန်ဖြုန်းတယ်။ပန်းချီဆွဲရင်း။
ဒရမ်တီး ကျင့်ရင်းချောင်းဆိုးပျောက်ဆေးတွေစွဲခဲ့တယ်။ကတ်ဟာတေးဂီတအကြောင်း
ပြောရင်းလေ့ကျင့်၇င်းအချိန်အများဆုံးဖြုန်းလေ့ရှိတယ်။ကျောင်းမှာတုန်းကဆေးခြောက်အလိပ်ကြီးရှုခဲ့ပုံ၊မိန်းမကတွင်းခံအ၀တ်အစားတွေဝတ်ခဲ့ပုံကိုသူအတန်းဖော်တွေမှတ်
မိနေသေးတယ်။အဲဒီအချိန်ကတ်ဟာဒရမ်အစားဂစ်တာပြောင်းတီးပြီး Melvin ဆိုတဲ့
ရော့(ခ်) ၀ိုင်းရဲ့ ဗင်ကားကိုမောင်းပေးခဲ့တယ်။၁၉၈၄ခုနှစ်မှာ အဲဒီ ၀ိုင်းရဲ့အဆိုတော်
ဘတ်(ဇ်)အော့(စ်)ဘွန်း ကကတ်ကို punk rock ဂီတပွဲကြည့်ဖို့ခေါ်သွားတယ်။အဲဒီ
ပွဲက ကတ်ကိုချက်ချင်း ပြောင်းလဲစေခဲ့တယ်၊
၁၉၈၅ခုနှစ်နွေဦးရာသီမှာ ကတ်ဟာ ကျောင်းထွက်လိုက်တယ်။သူ့အဖေ
ကရေတပ်ထဲဝင်ခိုင်းတာကိုငြင်းလိုက်တယ်။မိခင်ရဲ့အိမ်မှာ တလလောက်သွားနေပြီး
တော့ကတ်ဟာ သူ့သူငယ်ချင်းတယောက်ရဲ့ တိုက်ခန်းကျဉ်းလေးကိုပြောင်းခဲ့တယ်။
အဲဒီမှာသူတို့တွေ နောင်အခါမှာ (Grung Style)လို့ခေတ်စားလာမယ့်ဝတ်စားဆင်ယင်
မှုပုံစံ ကို တီထွင်ခဲ့ကြတယ်။အဲဒါကတော့ညစ်တီးညစ်ပတ်နဲ့ပရမ်းပတာနေတဲ့ ဟန်ပါ
ဘဲ။
ဘတ်(ဇ်)အော့(စ်)ဘွန်းက တစ်ဆင့်သိရတဲ့ bass ဂီတာသမား (Chris Novoselic)နဲ့ ကတ်တို့ဟာ Nirvana ၀ိုင်းကိုထူထောင်ခဲ့ကြတယ်။သူတိုဝိုင်းဟာ
၁၉၈၇ မှာ ပထမဆုံးဖျော်ဖြေခဲ့တယ်။ဒရမ်တီးသူက (Dave Grohl)ပါ။အဲဒီတုန်းက
အသက်နှစ်ဆယ်သာရှိသေးတဲ့ ကတ်ဟာ Glam Rock လို့ခေါ်တဲ့တောက်ပတဲ့ဖက်ရှင်
ဝတ်ဆင်ခဲ့ပေမယ်ဂစ်တာတီးအတော်ကျွမ်းကျင်နေပြီဇြစ်ပါတယ်။သူအသံက နားဆင်
သူကို ကြက်သီးမွှေးညှင်းထစေတယ်လို့ ပရိုဂျူဆာ ဂျက်အင်ဒီးနိုး ကပြောတယ်။
ဂျက်ဟာ Nirvana ကို၁၉၈၈ မှာ Sub-Pop ဓာတ်ပြားတိုက်နဲ့စာချုပ်ပေးခဲ့ပြီးပွဲဦးထွက်
အယ်လ်ဘမ် Bleach ကို ထုတ်ခဲ့တယ်။Bleach ဟာ အရောင်းရဆုံး Alternative Rock
အယ်လ်ဘမ်ရဲ့အောက်ခြေနေရာမှာရရှိခဲ့တယ်။
၁၉၈၉ ၊ဇွန်လမှာအမေရိကန်နိုင်ငံတစ်ဝန်း Nirvana နဲ့အတူ ဖျော်ဖြေ
တော့ ကတ်ဟာ Sex pistols တွေရဲ့ လွန်ကျူးတဲ့လုပ်ရပ်တွေကို ယှဉ်ပြိုင်ဖို့ရည်ရွယ်ခဲ့
တယ်။ (ဥပမာ။ ။ သူရဲ့ဂစ်တာကို ၁၅ မိနစ်အတွင်း ဖျက်ဆီးပစ်တာမျိုး၊အရက်ငုံ ပြီး
ပရိတ်သတ်အပေါ် ကိုထွေးချ တာမျိုး)
Geffen ဓာတ်ပြားတိုက်နဲ့ Nirvana စာချုပ်ပြီး ၁၉၉၁ ခုနှစ်မှာ ၂ အယ်လ်ဘမ် Nevermind ကိုထုတ်လိုက်တာ လေးလအတွင်း ချပ်ရေ ၂.၅ သန်း
ရောင်းလိုက်ရတယ်။အဲဒီ အထဲမှာ ဆင်ဂယ်လ် အဇြစ်ထုတ်တဲ့ သီချင်း
Smells like teen spirit ကို mtv ကနေ့စဉ် ၁၂ ကြိမ်အထိ လွှင့်ပေးခဲ့တယ်။
၁၉၈၇ ခုနှစ်မှာ ၀ါရှင်တန်ပြည်နယ်၊အိုလံပစ်မြို့ကိုပြောင်းလာကတည်းက
ကတ်ဟာ ဗိုက်အောင့်တဲ့ဝေဒနာကို အပြင်းအထန် ခံစားခဲ့ရတယ်။အဲဒီဝေဒနာကြောင့်
သတ်သေချင်စိတ် ပေါက်ကြောင်း မကြာခဏ ပြောလေ့ရှိတယ်။ဆရာဝန်တွေဟာ သူ့
ရောဂါပျောက်အောင် မကု နိုင်ကျဘူး။ဒါကြောင် ဘိန်းဇြူ၊LSD ဆေးလုံး၊ဂျက်ဒင်နီရယ် အရက်တို့နဲ့ သူ့ဘာသာ ကုစာခဲ့တယ်။
ကတ်နဲ့ ကုတ်နေး တို့ဟာ ၁၉၈၉ မှာ Nirvana ရဲ့ ပေါ့တ်လန်မြို့ ဂီတပွဲမှာ
စတွေ့ခဲ့ကြတယ်။ဆေးတွေ အလဲအလှယ် လုပ်ရင်း ကတ်အိမ်ကို မကြာခဏရောက်
လာတတ်တယ်။ကျွန်မ နဲ့ ကတ်ကို အောင်သွယ်လုပ်ပေးတာက မူးယစ်ဆေးဝါးတွေ
ပါဘဲ လို့ ကုတ်နေးပြောဖူးတယ်။
In Utero အယ်လ်ဘမ် သွင်းပြီး မကြာခင်မှာ ကတ်ဟာ ဆေးအလွန်အကျွံ
သုံးလို့ဆေးရုံတင်လိုက်ရတယ်။ဆေးရုံဆင်းတော့သူ့သားမယားကာကွယ်ဖို့ဆိုပြီး
သေနတ်တွေ ၀ယ်ယူစုဆောင်းခဲ့တယ်။ ၁၉၉၄ မှာဗိုက်နာရောဂါပြန်ဖြစ်ပြီး စိတ်ကျ
ရောဂါပါတိုးလာတယ်။စိတ်ငြိမ်ဆေးနဲ့ဘိန်းဖြူ ပြန်သုံးစွဲလာလို့ ကတ်ဟာ သတိလစ်
တာတို့၊အကြာက်လွန်တာတို့ဖြစ်လာတယ်။ရောမမြို့ရောက်တုန်းလည်ချောင်းနာရောဂါ
ကြောင့် ဟိုတယ်မှာ တက်နားပြီး ဆေးအလုံး ၅၀ သောက်လိုက်လို့ သတိမေ့သွားတဲ့ ကတ်ကို သူ့မိန်းမ ကဆေးရုံ ပို့ပေး လိုက်ရတယ်။
ဆီယက်တယ်ပြန်ရောက်တော့ လင်မယား ရန်ဖြစ်ကြတယ်။ကတ်ဟာခြောက်
လုံးပြူးကိုင်၊ ရေချိုးခန်းတံခါးချက်ထိုးပြီး အခန်းအောင်းနေလို့ ကုတ်နေးကရဲကိုဖုန်း
ဆက်ခေါ်ရတယ်။သေနပ် ၃လက်နဲ့ အော်တို မတ်တစ်ရိုင်ဖယ် တစ်လက်ကိုရဲက သိမ်ဆည်းမိတယ်။ကုတ်နေးက ကတ်ကို လော့စ်အိန်ဂျလိစ် မြို့ မှာဆေးသွားဖြတ်ခိုင်း
တယ်။ကတ်ကဆေးရုံမတက်ခင် နှစ်လုံးပြူးတစ်လက်ဝယ်ခဲ့တယ်။
လော့စ်အိန်ဂျလိစ် မြို့က ဆေးရုံမှာ ၃ ရက်ဘဲနေ ပြီး ဆီယက်တယ်မြို့ပြန်
ရောက်လို့ရက်ပိုင်းအတွင်းမှာဘဲ ကတ်ဟာ သူ့ ကားဂိုဒေါင်ရဲ့ အပေါ်ထပ်က အခန်း
ကျဉ်းလေးကိုတက်ခဲ့တယ်။စီးကရက်ခြောက်လိပ်ဖွာပြီး အချိုရည်တစ်ပုလင်းသောက်
တယ်။ပြီးတော့ဘိန်းဇြူထိုးပြီး နားထင်ကို နှစ်လုံးပြူးနဲ့ပစ်ထည့်လိုက်တယ်။
နောက်သုံးရက်ကြာတော့ မီးပြင်တဲ့လူက သူ့အလောင်းကိုတွေ့သွားတယ်။
မင်နီနဲ့ရေးထားတဲ့ သူရဲ့နောက်ဆုံးစာကို၇တယ်။အဲဒီစာရဲ့တစ်ပိုင်းတစကို ကတ်က အသံသွင်းခဲ့တာမို့ ဆီယက်တယ်မြို့က ရိပ်သာတစ်ခုမှာ အောက်မေ့ သတိရခြင်းတက်
ရောက်လာတဲ့ ပရိသတ် ၁၀.၀၀၀ ကို ဖွင့်ပြခဲ့တယ်။
" သီချင်းရေးစပ်ဖန်တီးမှုကြောင့် ကျွန်တော် ရင်မခုန် ၇တာ နှစ်ပေါင်းအ
တော်ကြာခဲ့ပါပြီ။ခင်ဗျားတို့ကို ကျွန်တော် အရူးမလုပ်တော့ပါ ဘူး။အတုအပလုပ်ခြင်း၊
အယောင်ဆောင်ခြင်းအားဖြင့် လူတွေ စိတ်ပျက်အောင်လုပ်တာဟာ အဆိုးရွားဆုံး
ရာဇ၀တ်မှုပါဘဲ " လို့ကတ်က၀န်ခံဖွင့်ဟသွားရှာတယ်။
(In Utero နောက်ပိုင်း ထွက်တဲ့အယ်လ်ဘမ် ၂ ချပ်ကတော့
Nirvana Mtv Unplugged & From The Muddy Banks of Wishkah
တို့ဖြစ်ပါတယ်)
ဦးစိုးသိဏ်းေ၇းတဲ့
ရော့ကြယ်ပွင့်တို့ရုပ်ပုံလွှာ မှ ကူးယူဖော်ပြသည်။
Thanks,
Zip Zip.
Top 10 Free Cydia Tweaks for iOS 9 (Jail Only)
-
*#1. BreadcrumbsAway* *#2. UniversalForce* *#3. betterFiveC0lumnHomescreen* *#4.
betterFiveIconDock* *#5. f.lux* *#6. BlurryLaunch* *#7. CCSettings...
8 years ago
0 comments:
Post a Comment