Thursday, 19 September 2013

"တီးဝိုင်းတွေ များလာပေမယ့် သေချာ နားထောင်ကြည့်ရင် ပုံစံ ကွဲပါတယ် ဆိုတဲ့ ရေမွန်" ...

ဇူလိုင်လထဲမှာ ထွက်ရှိ ထားတဲ့ ရော့ခ်လူငယ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ drive အဖွဲ့ အဆိုရှင်သားကြီးရဲ့ အသံနဲ့နာမည်ရ ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ idiots အဖွဲ့ က ရေမွန်ရဲ့ အသံပါဝါခပ်ဆင်ဆင်တူနေတာကို တွေ့ရပြီး Music ပုံစံမှာ လည်း idiots နဲ့ drive ပုံစံတူတယ်ဆိုတဲ့ အသံမျိုးလည်း ကြားရတာမို့ အဲ့ဒီအပေါ်မှာ ရေမွန်ရဲ့ ထင်မြင် ချက်ကို မေးကြည့် တော့ ” အစကဆို ကျွန်တော်နဲ့ ဖော်ကာကိုလည်း မကွဲဘူး။ ဘာလာလာ ထဲမှာ ဆိုလည်း အသံချင်းဆင်နေတာ မျိုးရှိတယ်။ နောက်ပိုင်းတော့ ကွဲသွားမှာပါ။ ဘာကြောင့် တူနေ တာလည်းဆိုရင် သားကြီးနဲ့ ကျွန်တော်နဲ့က အကြိုက် ချင်း လည်းတူပြီး နားထောင်တာတွေလည်း တူတယ်။ အဲဒီတော့ ဖန်တီးတဲ့ အခါမှာ တူသွားနိုင်တယ်။ ဒါပေမဲ့ သေချာ နားထောင်ကြည့်ရင် ကွဲပါတယ်။ စာသား အယူအဆတွေက အစပေါ့။
ခုသားကြီးအခွေမှာ ကျွန်တော် ဟာမိုနီ လိုက်ပေးထားတယ်။ သားကြီးနဲ့က ဟိုးအရင် ကတည်း က စပေါင်းဖြစ်တာ။ သူက ကျွန်တော့်ထက်ကြီးတယ်။ သူနဲ့ ကျွန်တော် တွဲလုပ်တာတွေ လည်း ရှိတယ်” လို့ ရေမွန်က ပြောပါတယ်။ အသံဆင်တယ်၊ ပုံစံဆင်တယ် ဆိုတာ ပြည် ပတွေမှာဆို ပိုများပြား လာ ကြောင်း ကို ” ဟိုမှာက Band တွေ အများကြီးဆိုတော့ ပိုဆိုးတာပေါ့။ ဒီမှာ လည်း နောက်ပိုင်း Band တွေများလာရင် အဲ့လို ခပ်ဆင်ဆင်လေးတွေ များလာနိုင်ပါတယ်။ ဒါပေမဲ့ သူ့ဟာနဲ့သူ ကွဲသွားမှာပါ။ ဒီမှာက Category က သိပ်မရှိ သေးလို့သာ ဆင်တယ်လို့ထင် ရတယ်။ band တွေ မှာ သေချာ နားထောင်ကြည့်လိုက်ရင် တစ် band စီကပေးတဲ့ Message, Theme လေးတွေ မတူပါဘူး။ band တိုင်း ကိုယ့်ဖန်တီးမှုနဲ့ ကိုယ်ရှိကြ တယ်။ ပြည် ပမှာဆို သီချင်း ပုံစံနာမည်တွေအများကြီး တပ်တယ်ဗျာ။ ကိုယ့်အမျိုးအစား အလိုက်ပေါ့။ သူ့အကြောင်း အရာနဲ့ သူဆိုကြတာများ တယ်။ နောက်ပိုင်း ကျရင်ေ တာ့ ကွဲသွားပါလိမ့်မယ်” လို့ ရေမွန် က ပြောပါတယ်။ လတ် တလောမှာ ငြိမ်ချက်သားကောင်းနေခြင်း အကြောင်းကို လည်း ရေမွန်က ” အဓိကကတော့ Single ကို အားစိုက်နေတာပါ။ လူအ ဂီတဖြစ်လာဖို့လည်း အချိန်တွေ အများကြီးယူ၊ အခက်အခဲ တွေအများကြီး ရှိတယ် ။ ငွေရေးကြေးရေး က အစပေါ့။ ပြီးတော့ ဖန်တီးမှုကလည်း ကိုယ့်ဖန်တီး မှုပဲ ဖြစ်နေတော့ အချိန်ပေးရ ပါ တယ်။ ပြည်ပ မှာဆို တစ်ခါတလေ သီချင်းတွေ လုပ်ကြတာ ၆နှစ်တို့ ဘာတို့ကြာတယ်။ အဲ့လောက်ထိ အချိန် ယူပြီး သေချာစဉ်းစားလုပ်ကြတာ။ ကျွန်တော်တို့က အဲ့ဒီလောက်တော့ မယူဘူး ဆိုပေမယ့် သေချာစဉ်းစားပြီး လုပ်တဲ့အတွက် နည်းနည်း ဟတာပါ။ နောက်ပိုင်းတော့ တဖြည်းဖြည်း စိပ်လာအောင် လုပ်ပါ့မယ်။ လူအဂီတ MTV ကတော့ ဒီနှစ် မကုန်ခင်ရအောင်ထုတ်မှာပါ” လို့ ရေ မွန်က ပြောပါတယ်။ Credit - #ရဲရဲ ( #PopularMyanmar ) Photo Credit - popular Myanmar

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar