1970 ခုနှစ်မှာ ထွက်ရှိလာတဲ့ ပိုမိုကျယ်လောင်ပြင်းထန်တဲ့ ပုံစံ ဖြစ်တဲ့ Black Sabbath ရဲ့  ပွဲဦးထွက် Black Sabbath album နဲ့ Paranoid အယ်ဘမ်
Deep Purple ရဲ့ In Rock album တို့ ထွက်လာတဲ့ အချိန် မှာတော့
Heavy Metal ဂီတ ဟာ တိကျတဲ့ပုံစံအသစ်တစ်ခု ရသွားခဲ့ပါတယ်.
Black Sabbath ရဲ့ ဂီတာသမား Tony Iommi ရဲ့ ညာဘက် လက်ချောင်းထိပ်တွေ ဖြတ်လိုက်ရတဲ့ မတော်တဆမှုကြောင့် တိုနီဟာ
သမားရိုးကျ ပုံစံ ဂီတာမတီးနိုင်ဘဲ သူ့ ရဲ့ တစ်မူထူးခြားတဲ့ Power Chord သုံးစွဲမှုတွေ - Chord ပေါင်းစပ်မှုတွေ -ဂီတာတီးဟန်တွေကြောင့် လည်း
Black Sabbath ရဲ့ သီချင်းတွေဟာ ပရိတ်သတ်တွေကြား ပေါက်ရောက်
ခဲ့ပါတယ်..Tony Iommi ဟာလည်း နောင်အဆက်ဆက်သော Metal Guitarists တွေရဲ့ စံပြ ဘဲကြီး တစ်ပွေ ဖြစ်လာတယ် ...
ဒီလိုပဲ Deep Purple ဟာလည်း Vocalist Ian Gillan , Lead Guitarist
Ritchie Blackmore တို့ ရဲ့ Metal ဂီတဘက် ပိုနွယ်တဲ့ ဂီတပုံစံတွေနဲ့ 
Heavy Metal ဘက် ပိုရောက်လာပါတယ်.
1970 ခုနှစ်မှာ UK Top Charts မှာ Black Sabbath ရဲ့ Paranoid album ရယ် Deep Purple ရဲ့  Black Night Album တို့ ဟာ ထိပ်ဆုံးနေရာကို
အသီးသီး ရယူခဲ့ပြန်တယ်. 1971 ခုနှစ်မှာ Led Zeppelin Official ကလည်း
စတုတ္ထမြောက်အယ်ဘမ် Led Zeppelin Vl ကို ထွက်ရှိခဲ့ပြီး Heavy Metal
ဂီတ သံစဉ်တွေ အများအပြား ပါဝင်ခဲ့တယ်..
အဲ့အချိန် America မှာ Grand Funk Railroad ဆိုတဲ့ ဘလူးစ်-Hard Rock တီးဝိုင်းက အရမ်းအောင်မြင်နေတဲ့အချိန်ဖြစ်ပြီး သူတို့ ဟာ ပထမဆုံးသော
Heavy Metal ပုံစံ အောင်မြင်တဲ့ အမေရိကန်တီးဝိုင်း အဖြစ် သတ်မှတ်ခံ
ခဲ့ရပါတယ် ...နောက် Aerosmith Blue Oyster Cult KISS စတဲ့ တီးဝိုင်း
တွေပေါ်ထွက်နေပြီ ဖြစ်ပြီး သူတို့ ကလည်း Metal ပုံစံဂီတ ကို အမေရိက
မှာ စတင် ချပြခဲ့ကြပါတယ် ...
နောက်ထပ် Germany တီးဝိုင်းဖြစ်တဲ့ Scorpions ရဲ့ 
1972 ခုနှစ်ထုတ် '' Lonesome Crow '' ဆိုတဲ့ Heavy Metal အယ်ဘမ်
- တစ်နှစ်တည်း Deep Purple ရဲ့ Machine Head
ဆိုတဲ့ အယ်ဘမ်တို့ ကလည်း Heavy Metal album တွေ အဖြစ်သတ်မှတ်
ခံရပြီး လူကြိုက်များ အောင်မြင်ခဲ့ပါတယ် .
ဒါပေမယ့် အဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ဂီတပရိတ်သတ်တွေဟာ အဲ့ဒီ
အယ်ဘမ် တွေကို Hard Rock -Heavy Metal ငြင်းခုံနေကြချိန် ဖြစ်ပြီး
တိကျတဲ့ အဖြေ တစ်ခု ကို မရခဲ့ကြပါဘူး .
1975 ခုနှစ်မှာ Australian band AC/DC ရဲ့ High Voltage album ထွက်ရှိ
လာတဲ့အချိန်မှာတော့ အငြင်းအခုံတွေ ပို ပြင်းထန်လာပါတယ် ..
ကမ္ဘာကျော် Rolling Stones Magazine က AC/DC Band ကို "Australian heavy-metal band AC/DC '' လို့ သုံးနှုန်းခဲ့ပြန်ပါရော -
အဲ့လို ငြင်းခုံမှုတွေကို အဆုံးသတ်စေခဲ့တာကတော့ British band Judas Priest ရဲ့  1974 ခုနှစ် ထုတ် '' Rocka Rolla '' ဆိုတဲ့ ပွဲဦးထွက် အယ်ဘမ်
ဖြစ်ပြီး ရောထွေးနေတဲ့ Hard Rock နဲ့ Heavy Metal ထဲက Heavy Metal
ဂီတ ကို ဆွဲထုတ်ပြီ သူ့ လမ်းကြောင်း သက်သက် ပေါ် ရပ်တည်စေနိုင်ခဲ့
တယ်...
ဒါပေမယ့် အဲ့အယ်ဘမ်ဟာ ထိပ်တန်းတစ်နေရာကို အဲ့ခေတ်မှာ မရောက်ခဲ့ပေမယ့် Black Sabbath ပြီး ဒုတိယ Heavy Metal band စစ်စစ်
ဖြစ် တော့ Judas Priest ကို ရပ်တည် စေနိုင်ခဲ့ပါတယ် ..
1977 ခုနှစ်တွေမှာ Punk Music ပေါက်ကွဲ အောင်မြင်လာမှုနဲ့ အတူ Heavy Metal band တစ်ချို့ ဟာ Punk-Metal တွေ ရောထွေးနေခဲ့သေးတယ်.
1975 ခုနှစ်မှာ ဖွဲ့ ခဲ့တဲ့ Motorhead band တောင် Punk Metal ရောထွေး
နေတဲ့ ဂီတပုံစံတွေ ဖန်တီးခဲ့ပြီး Speed Metal လို့ သတ်မှတ်ခံခဲ့ရပြန်တယ်.
ဒါပေမယ့် Heavy Metal ဂီတကို လမ်းကြောင်းမှန်ပေါ် ပြန် ဆွဲတင်ခဲ့ကြတာကတော့ New Wave of British Heavy Metal bands တွေဖြစ်ပြီး -Def Leppard ,Iron Maiden ,Saxon စတဲ့ တီးဝိုင်းတွေက Heavy Metal ကို ပြန် အားဖြည့်ခဲ့တယ်..
1980 ခုနှစ် မှာ New Wave of British Heavy Metal တီးဝိုင်းတွေ အကြီးအကျယ် အောင်မြင်လာခဲ့ပြီး Venom , Diamond Head ,Iron Maiden ,Saxon ,Motorhead စတဲ့ ၀ိုင်းတွေရဲ့ အယ်ဘမ်တွေက အရောင်းရဆုံးနဲ့ အအောင်မြင်ဆုံး အယ်ဘမ်တွေ ဖြစ်လာပါတယ်..
အဲ့ဒီအချိန်တွေမှာ ဒီဂီတရဲ့ ပထမဦးဆုံး တီးဝိုင်းတွေ ဖြစ်တဲ့ Deep Purple က
Ritchie Blackmore ထွက်ခွာမှု -Led Zeppelin band ရဲ့ Drummer
John Bonham သေဆုံးမှု -Black Sabbath ရဲ့ lead vocalist - Ozzy Osbourne မူးယစ်ဆေးပြသနာတွေကြောင့် နှုတ်ထွက်မှုတွေနဲ့ 
ရှုပ်ထွေးနေခဲ့ပါတယ် ..
နောက် 80 ဆယ်စုနှစ် ရဲ့ အကောင်းဆုံး Metal ဂီတာ သမား အဖြစ်
Eddie Van Halen က သူ့ ကိုယ်သူ ကြေငြာလိုက်ပြီး သူ့ ရဲ့ အကောင်းဆုံး
ဂီတာ ဆိုလို တစ်ခု ဖြစ်တဲ့ Eruption နဲ့ Metal ဂီတ ပရိတ်သတ်တွေကို
ဖမ်းစားခဲ့ပြန်ပါတယ် ..
Van Halen ရဲ့  အကြီးအကျယ်အောင်မြင်မှု က အမေရိက ဂီတ လောက
ကို ရိုက်ခတ်စေခဲ့ပြီး ဟဲဗီးမက်တယ် ဂီတကို တောင်ကယ်လီဖိုးနီးယား
ဒေသမှာ လွှမ်းမိုးခဲ့တယ် .ဒီလို နဲ့ Quiet Riot ,Motley Crue ,Ratt .W.A.S.P
စတဲ့ တီးဝိုင်းတွေဟာ 70 ခုနှစ် ဟဲဗီးမက်တယ် ပုံစံတွေနဲ့ Glam Metal
ဆိုတဲ့ Metal genre တစ်ခု ကို ထပ်ဖန်တီး ခဲ့ ပြန်ပါတယ် .Make-Up အပြင် ဆင်တွေ ကတော့ Alice Cooper တို့ Kiss တို့ ပုံစံအရိပ်အောက်က ဖြစ်ပါတယ်. ..Shred Guitar solos တွေ -အသံမြိုင်မြိုင် သီဆိုမှုတွေ- ပေါ့ပ်နွယ်တဲ့ မယ်လိုဒီတွေ - ရိုင်းစိုင်းလွတ်လပ်တဲ့ သဘာဝ နွယ်တဲ့ စာသားတွေနဲ့ Glam Metal တီးဝိုင်းတွေ က အောင်မြင် လာပါတယ် ..အမေရိကမှာဆို Twisted Sister ကလည်း နောက်ပိုင်း Metal band တွေ အထိ ပါလွှမ်းမိုးခဲ့ပါတယ်.
နောက်မှ ဆက်ရေးပါအုန်းမယ် ...
#Angel(Admin of
We Sold Our Soul For Rockn'Roll)
0 comments:
Post a Comment