Saturday, 21 September 2013

About Avenged Sevenfold Music Band

*Formation And Early Recordings (1999–2000)*

A7x လို့ အတိုကောက်သိကြတဲ့ အမေရိကန် rock ဂီတအဖွဲ့ Avenged Sevenfold ကို California ပြည်နယ် Huntington ကမ်းခြေမှာ ၁၉၉၉ ခုနှစ်က M. Shadows, Zacky Vengeance, The Rev နဲ့ Matt Wendt တို့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ် .. Avenged Sevenfold ဆိုတဲ့နာမည်ကို ပေးခဲ့တဲ့သူကတော့ band ရဲ့ vocalist ဖြစ်တဲ့ M. Shadows ပါ .. စတင်ဖွဲ့စည်းခဲ့တဲ့သူတွေထဲက Matt Wendt ကိုတော့ အကြောင်းအမျိုးမျိုးကြောင့်ထုတ်ပယ်ပြီး Suburban Legends အဖွဲ့ရဲ့ Bass တီးသူ Justin Sane ကို အစားထိုးထည့်ခဲ့ပါတယ် .. ဒါပေမယ့် Justin Sane ရဲ့ သေကြောင်းကြံစည်မှုကြောင့် အဖွဲ့ထဲမှ ထုတ်ပယ်ခဲ့ရပြီး Dameon Ash ကို အစားထိုးထည့်ခဲ့ရပြန်ပါတယ် ..



*Sounding The Seventh Trumpet And Waking The Fallen (2001–2004)*

Avenged Sevenfold ဟာ သူတို့ရဲ့ ပွဲဦးထွက် album ဖြစ်တဲ့ Sounding the Seventh Trumpet အခွေကို ၂၀၀၁ ခုနှစ်မှာ Good Life Recordings က စတင်ဖြန့်ချိခဲ့ပါတယ် .. အဲဒီ album ကို စတင်အသံသွင်းတဲ့အချိန်တုန်းက သူတို့ဟာ အသက် ၁၈ နှစ်သာရှိကြပြီး အထက်တန်းကျောင်းတက်နေကြဆဲဖြစ်ပါတယ် .. အသံသွင်းနေကြစဉ် ၁၉၉၉ ခုနှစ်မှာ Lead Guitarist ဖြစ်တဲ့ Synyster Gates ဟာ band ထဲကို ရောက်လာခဲ့ပါတယ် .. Sounding the Seventh Trumpet album ကို ၂၀၀၁ ခုနှစ်မှာ ပထမတစ်ကြိမ်ဖြန့်ချိပြီး ၂၀၀၂ ခုနှစ်မှာ Hopeless Records မှ ဒုတိယအကြိမ် ထပ်မံဖြန့်ချိပေးခဲ့ပါတယ် .. အဲဒီ ဒုတိယအကြိမ်ဖြန့်ချိခြင်းနဲ့အတူ Avenged Sevenfold အဖွဲ့ကို သတိထားမိလာကြပြီး Take Action Tour မှာ Mushroomhead တို့ .. Shadows Fall တို့နဲ့ တွဲဖက်ဖျော်ဖြေခွင့်ရလာပါတယ် ..

Bass တီးခတ်မယ့်သူ အသစ်တစ်ယောက်အဖြစ် Johnny Christ ကို band ထဲသို့ ခေါ်ဆောင်ပြီးနောက် ၂၀၀၃ ခုနှစ်မှာ သူတို့ရဲ့ ဒုတိယ album ဖြစ်တဲ့ Waking the Fallen အခွေကို Hopeless Records ကနေပဲ ဖြန့်ချိခဲ့ပါတယ် .. Waking the Fallen album ဟာ ပထမခွေဖြစ်တဲ့ Sounding the Seventh Trumpet နဲ့ယှဉ်ရင် အသံပိုင်းဆိုင်ရာရော နည်းပညာပိုင်းဆိုင်ရာပါ ပိုမိုကောင်းမွန်လာခဲ့ပါတယ် .. ဒုတိယ album ဖြစ်တဲ့ Waking the Fallen ထွက်ရှိခြင်းနဲ့အတူ Avenged Sevenfold ဟာ billboard နဲ့ The Boston Globe သတင်းစာမှာ ဖော်ပြခံလာရပြီး Vans Warped Tour မှာ ဖြေဖျော်ဖို့အတွက်လည်း ကမ်းလှမ်းခံခဲ့ရပါတယ် .. Vans Warped Tour အတွက်ခရီးထွက်နေရင်း သူတို့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ 'Unholy Confessions' အတွက် MTV ကို ရိုက်ကူးခဲ့ပါသေးတယ် .. Waking the Fallen album အောင်မြင်ပြီးနောက်မှာတော့ Avenged Sevenfold အဖွဲ့ဟာ Hopeless Records ကို စွန့်ခွာပြီး Warner Bros. Records နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ် ..

*City Of Evil (2005–2006)*

အဖွဲ့ရဲ့ vocalist ဖြစ်တဲ့ M. Shadows ဟာ Axl Rose တို့ .. Chris Cornell တို့ကို နည်းပေးလမ်းညွှန်ဖူးတဲ့ vocal coach Ron Anderson ဆီမှာ လအတန်ကြာ နည်းယူခဲ့ပြီး ၂၀၀၅ ခုနှစ် ဂျွန်လ ၇ ရက်နေ့မှာ အဖွဲ့ရဲ့ တတိယမြောက် album ဖြစ်တဲ့ City of Evil ကို ဖြန့်ချိခဲ့ပါတယ် .. City of Evil album ဟာ ဖြန့်ချိပြီး ပထမအပတ်အတွင်းမှာ copy အချပ်ပေါင်း ၃၀၀,၀၀ ကျော်ရောင်းချခဲ့ရပြီး Billboard 200 စာရင်းမှာ နံပါတ်စဉ် ၃၀ ချိတ်နိုင်ခဲ့ပါတယ် .. အဖွဲ့ရဲ့ ပထမ album နှစ်ခုဖြစ်တဲ့ Sounding the Seventh Trumpet နဲ့ Waking the Fallen တို့ကို metalcore genre အဖြစ် ရေးစပ်သီဆိုခဲ့ကြပေမယ့် City of Evil ကိုတော့ classical metal အဖြစ် ထုတ်လုပ်ခဲ့ပါတယ် .. ပထမအခွေတွေထဲက သီချင်းတွေလို အာခေါင်ခြစ်သီဆိုသံတွေ .. ညည်းအော်သံတွေမပါတာလည်း ဒီ album ရဲ့ ထူးခြားချက်တစ်ခုပါ .. City of Evil album ဟာ website များ .. မဂ္ဂဇင်းပေါင်းများစွာထဲမှာ ချီးကျူးခံခဲ့ရပြီး Avenged Sevenfold အဖွဲ့ကို နိုင်ငံတကာမှာ ရေပန်းစားစေခဲ့ပါတယ် ..

2006 ခုနှစ် Ozzfest ပွဲတော်မှာ ဖျော်ဖြေပြီးနောက် Avenged Sevenfold အဖွဲ့ဟာ အမှတ်ရစရာအောင်မြင်မှုတစ်ခုအနေနဲ့ R&B အဆိုတော်တွေဖြစ်တဲ့ Rihanna, Chris Brown, သီချင်းရေးဆရာ/အဆိုတော် James Blunt နဲ့ အခြား band တွေဖြစ်တဲ့ Panic! at the Disco နဲ့ Angels and Airwaves တို့ကို ကျော်ဖြတ်ပြီး MTV Video Music Awards မှာ Best New Artist ဆုကို ရရှိခဲ့ပါတယ် .. အဲဒီနောက်မှာတော့ နာမည်ကြီး band တစ်ခုအနေနဲ့ Vans Warped Tour မှာ ဖျော်ဖြေပြီးနောက် သူတို့ရဲ့ ကိုယ်ပိုင်နယ်လှည့်ဖျော်ဖြေပွဲဖြစ်တဲ့ Cities of Evil tour အနေနဲ့ပါ ဆက်လက်ဖျော်ဖြေခဲ့ကြပါတယ် .. အဲဒီအချိန်မှာ သူတို့ Single အနေနဲ့ ရိုက်ကူးခဲ့တဲ့ Bat Country သီချင်းကလည်း Billboard Mainstream Rock Charts မှာ ဒုတိယနေရာ .. Billboard Modern Rock Charts မှာ ဆဌမနေရာဖြစ်ပြီး MTV Total Request Live အစီအစဉ်မှာလည်း အတောင်းဆိုခံရဆုံးသီချင်းအနေနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေချိန်ဖြစ်ပါတယ် .. City of Evil album ဟာ ၂၀၀၆ ခုနှစ်မှာ band ရဲ့ ပထမဦးဆုံး Gold Record အဖြစ်သတ်မှတ်ခံရတဲ့ album ဖြစ်ခဲ့ပါတယ် .. ၂၀၀၉ ခုနှစ်မှာတော့ Platinum Record အဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရပါတယ် ..

၂၀၀၇ ခုနှစ် ဂျူလိုင် ၂၇ ရက်နေ့မှာ Avenged Sevenfold အဖွဲ့ဟာ All Excess ဆိုတဲ့ နာမည်နဲ့ အဖွဲ့ရဲ့ Live Performance တွေ .. ရှစ်နှစ်တာကာလအတွင်း အဖွဲ့ရဲ့ ဖြတ်သန်းမှုတွေကို ရိုက်ကူးထားတဲ့ DVD ကို ထုတ်ဝေခဲ့ပြီး အမေရိကမှာ အရောင်းရဆုံး DVD ဖြစ်ခဲ့ပါတယ် .. ၂၀၀၇ ခုနှစ်ရဲ့ အောက်တိုဘာ ၂၆ မှာတော့ Avenged Sevenfold အဖွဲ့ဟာ စတုတ္ထအခွေအနေနဲ့ အဖွဲ့နာမည်ကို title အဖြစ်သုံးထားတဲ့ 'Avenged Sevenfold album' ကို ဖြန့်ဝေခဲ့ပါတယ် .. 'Avenged Sevenfold album' ဟာ copy အချပ်ပေါင်း ၉၀,၀၀၀ ကျော်ရောင်းချခဲ့ရပြီး Billboard 200 စာရင်းမှာ နံပါတ် ၄ ရခဲ့ပါတယ် .. အဲဒီ Album ကို မဖြန့်ဝေခင်မှာ Avenged Sevenfold အဖွဲ့ဟာ Single သီချင်းအနေနဲ့ 'Critical Acclaim' နဲ့ 'Almost Easy' ကို အရင်ဖြန့်ဝေခဲ့ပါတယ် .. ၂၀၀၇ ဒီဇင်ဘာလမှာတော့ နောက်ထပ် Single အနေနဲ့ 'A Little Piece of Heaven' ကို animated video အဖြစ်ဖြန့်ဝေခဲ့ပါတယ် .. ဒါပေမယ့် A Little Piece of Heaven သီချင်းရဲ့ စာသားနဲ့ animated video ကြောင့် Warner Bros. Records ဟာ အင်တာနက်ပေါ်မှာပဲ တရားဝင်ဖြန့်ချိခဲ့ကြပါတယ် .. နောက်ထပ် Single တစ်ပုဒ်ဖြစ်တဲ့ Afterlife သီချင်းကိုတော့ Official Music Video နဲ့တကွ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ဖြန့်ချိခဲ့ပါတယ် .. Dear God သီချင်းကိုတော့ Single အနေနဲ့ပဲ ၂၀၀၈ ခုနှစ် ဂျွန်လ ၁၅ ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ် .. ဝေဖန်မှုအနည်းငယ်ခံခဲ့ရပေမယ့် Avenged Sevenfold album ဟာ ကော်ပီအချပ်ပေါင်း ၅၀၀,၀၀၀ ကျော် ရောင်းချခဲ့ရပြီး Kerrang! Awards မှာ 'Album of the Year' အဖြစ် ရွေးချယ်ခံခဲ့ရပါတယ် ..

၂၀၀၈ ခုနှစ် Taste of Chaos tour မှာ Atreyu, Bullet for My Valentine, Blessthefall, Idiot Pilot တို့နဲ့အတူ ဖိတ်ကြားခံရပြီး ဖျော်ဖြေပေးခဲ့ပါတယ် .. ပြီးနောက် Long Beach မှာ ဖျော်ဖြေစဉ် ရိုက်ကူးခဲ့တဲ့ video တွေကို အသုံးပြုပြီး Live in the LBC & Diamonds in the Rough အမည်ရှိ CD နှစ်ချပ်တွဲနဲ့ DVD ကို ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ် .. Avenged Sevenfold အဖွဲ့ဟာ Pantera ရဲ့ Walk, Iron Maiden ရဲ့ Flash of the Blade, Black Sabbath ရဲ့ Paranoid အပါအ၀င် အခြား cover ပေါင်းများစွာကိုလည်း အသံသွင်းခဲ့ပါတယ် .. ၂၀၀၉ ခုနှစ် ဧပရယ်လ ၁၆ ရက်နေ့မှာ Los Angeles ရှိ Nokia Theatre မှာ Guns N Roses ရဲ့ It's so easy သီချင်းကို စင်ပေါ်မှာ Slash နဲ့အတူတူ တွဲဖက်ပြီး ဖျော်ဖြေခဲ့ပါသေးတယ် ..

*Avenged Sevenfold and death of Jimmy "The Rev" Sullivan (2007–2009)*

၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ Avenged Sevenfold အဖွဲ့ရဲ့ drummer ဖြစ်တဲ့ The Rev ဟာ နေအိမ်မှာ သေဆုံးခဲ့ပါတယ် .. သေဆုံးချိန်မှာ The Rev ဟာ အသက် ၂၈ နှစ်သာ ရှိပါသေးတယ် .. သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ ဆေးဝါးထဲရှိ ဓာတုဗေဒပစ္စည်းများနှင့် alcohol ဓာတ်မတည့်မှု လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ် .. Avenged Sevenfold အဖွဲ့ဟာ The Rev ရဲ့ သေဆုံးမှုအတွက် အလွန်အမင်းဝမ်းနည်းကြေကွဲခဲ့ရပြီးThe Rev ရဲ့ မိသားစုဝင်များကလည်း နောက်ပိုင်းမှာတော့ The Rev သေဆုံးချိန်မှာ နှစ်သိမ့်ဝမ်းနည်းပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ် ..

The Rev သေဆုံးပြီးနောက်မှာ Avenged Sevenfold အဖွဲ့ဝင်တွေဟာ အဖွဲ့ကို ဖျက်သိမ်းလိုက်ဖို့အထိ စဉ်းစားခဲ့ကြကြောင်း အင်တာဗျူးတွေမှာ ပြောကြားခဲ့ပါတယ် .. ဒါပေမယ့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ The Rev နေရာမှာ Dream Theatre အဖွဲ့ရဲ့ Drummer ဖြစ်တဲ့ Mike Portnoy ကိုအစားထိုးပြီး ပဉ္စမမြောက် album ဖြစ်တဲ့ Nightmare ကို စတင်အသံသွင်းနေပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်
..

*Nightmare (2010–2011)*

Single digital record အနေနဲ့ Nightmare သီချင်းကို ၂၀၁၀ ခုနှစ် မေလ ၆ ရက်နေ့မှာ www.amazon.com မှာ တင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖျက်သိမ်းခဲ့ပြီး မေလ ၁၈ ရက်နေ့မှသာ တရားဝင်ပြန်လည်လွှင့်တင်ပေးခဲ့ပါတယ် .. Album တစ်ခုလုံးကို အသံသွင်းပြင်ဆင်ပြီးနောက် ၂၀၁၀ ခုနှစ် ဂျူလိုင်လ ၂၇ ရက်နေ့မှာ Nightmare album ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ တစ်ချိန်တည်းစတင်ရောင်းချပေးခဲ့ပါတယ် .. ဂီတဝေဖန်သူများထံမှ အနည်းငယ်ဝေဖန်မှုခံခဲ့ရပေမယ့် ပရိသတ်အားပေးမှုကိုတော့ တခဲနက်ရရှိခဲ့ကြပါတယ် .. ဖြန့်ချိပြီး ပထမအပတ်အတွင်းမှာတင် copy အချပ်ပေါင်း ၁၆၀,၀၀၀ ကျော်ရောင်းချခဲ့ရပြီး အခြားသူများကို အလွယ်တကူကျော်ဖြတ်ကာ Billboard 200 စာရင်းမှာ ပထမရရှိခဲ့ပါတယ် .. Nightmare album ကို အသံသွင်းပြီးနောက် Mike Portnoy ကရော .. Avenged Sevenfold အဖွဲ့ကပါ Mike Portnoy ဟာ The Rev အစား အဖွဲ့ရဲ့ drummer ဖြစ်လာမှာမဟုတ်ကြောင်း သူတို့ရဲ့ webpage တွေမှာ အသီးသီးကြေညာခဲ့ကြပါတယ် .. ဒါပေမယ့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ USO ရဲ့ ဖိတ်ကြားချက်အရ Iraq, Kuwait တို့မှာရှိတဲ့ Camp Adder, Camp Beuhring, and Balad Air Base က စစ်သားတွေကို သွားရောက်ဖျော်ဖြေတဲ့ပွဲမှာတော့ Mike Portnoy ဟာ drummer အဖြစ် လိုက်လံတီးခတ်ပေးခဲ့ပါတယ် .. ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်နေ့မှာတော့ Avenged Sevenfold အဖွဲ့ဟာ facebook မှတဆင့် Confide အဖွဲ့ရဲ့ drummer ဖြစ်သူ Arin Ilejay ဟာ သူတို့နဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲတွေမှာ လိုက်လံတီးခတ်ပါလိမ့်မယ်လို့ ကြေညာခဲ့ပါတယ် .. အဖွဲ့ရဲ့ အမြဲတမ်း drummer အနေနဲ့တော့ မကြေညာခဲ့သေးပါဘူး ..

Avenged Sevenfold အဖွဲ့ဟာ၂၀၁၁ ခုနှစ် ဧပရယ်လမှာ Metal Hammer မဂ္ဂဇင်းကပေးတဲ့ Golden God Awards ဆုကို ရရှိခဲ့ပါတယ် .. အဲဒီညဆုပေးပွဲမှာပဲ M. Shadows ဟာ "Best Vocalist" ဆု .. Synyster Gates နဲ့ Zacky Vengeance တို့ဟာ "Epiphone Best Guitarist(s)" ဆု .. Nightmare album ဟာလည်း "Affliction’s Album of The Year" ဆုတို့ကို ရရှိခဲ့ပါတယ် .. Mike Portnoy ဟာလည်း Nightmare album မှာ တီးခတ်ခဲ့တဲ့သီချင်းတွေအတွက် "Drum Workshop’s Best Drummer" ဆုကို ရရှိခဲ့ပါတယ် ..

၂၀၁၁ ခုနှစ် ဂျွန်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Rock am Ring and Rock im Park festival မှာ Alter Bridge, System of a Down, In Flames အဖွဲ့တွေနဲ့တွဲဖက်ဖျော်ဖြေခဲ့ပါတယ် .. သြဂုတ်လမှာ M. Shadows ဟာ Uproar festival အပြီးမှာတော့ ၇ လ လောက် အနားယူပြီးမှ နောက်ထပ် album အသစ်အတွက် စတင်ပြင်ဆင်မယ်လို့ ကြေညာခဲ့ပါတယ် .. တစ်ဆက်တည်းမှာပဲ Arin Ilejay ကိုလည်း အဖွဲ့ရဲ့ အမြဲတမ်း drummer အဖြစ်သတ်မှတ်ကြောင်း အရိပ်အမြွက်ဆိုခဲ့ပါတယ် .. ၂၀၁၁ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ Hollywood Undead, Asking Alexandria, Black Veil Brides တို့နဲ့အတူ Buried Alive နယ်လှည့်ဂီတဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကြပါတယ် ..

*Hail To The King (2012–present)*

၂၀၁၂ ခုနှစ် ဧပရယ်လ ၁၁ ရက်နေ့မှာတော့ Avenged Sevenfold အဖွဲ့ဟာ Revolver Golden God awards က ပေးတဲ့ "Best Live Band" ဆုနဲ့ "Most Dedicated Fans" ဆုတို့ကို ရရှိခဲ့ပါတယ် ( ) .. ထို့နောက် ဧပရယ်လနဲ့ မေလအတွင်း အာရှနိုင်ငံအချို့မှာ လှည့်လည်ဖျော်ဖြေခဲ့ပါတယ် .. ဂျွန်လ ၂၃ နဲ့ ၂၄ မှာတော့ Metallica and Cage the Elephant တို့နဲ့အတူ Orion Music + More festival မှာ ဖျော်ဖြေခဲ့ပါတယ် .. ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ မှာ Carry On သီချင်းကို ထုတ်လွှင့်ခဲ့ပြီး အဲဒီသီချင်းကို Call of Duty: Black Ops II မှာ အသုံးပြုခဲ့ပါတယ် .. ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှာ M. Shadows က သြဂုတ်လကတည်းကစပြီး album အသစ်အတွက် ပြင်ဆင်နေကြပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ် .. တစ်ဆက်တည်းမှာ Arin Ilejay ကို The Rev နေရာမှာ အစားထိုးတဲ့ band ရဲ့ အမြဲတမ်း drummer အဖြစ်လည်း ကြေညာခဲ့ပါတယ် .. နောက်လာမယ့် album အသစ်ဟာ blues-rock ဆန်မယ် .. Black Sabbath နဲ့ Led Zeppelin ဟန်တွေလွှမ်းမိုးပြီး classic rock/metal ဆန်မယ်လို့လည်း အသိပေးခဲ့ပါတယ် ..

Avenged Sevenfold အဖွဲ့ဟာ Hail to the King album ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှာ စတင်အသံသွင်းခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ် .. Hail to the King album ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ The Rev ရဲ့ ဖန်တီးမှုလုံးဝမပါဝင်တဲ့ ပထမဆုံး album ဖြစ်ပါတယ် .. Album ရဲ့ ခေါင်းစဉ်သီချင်းဖြစ်တဲ့ Hail to the King ကို ဂျူလိုင် ၁၅ ရက်နေ့မှာ လွှင့်တင်ပေးခဲ့ပြီး album တစ်ခုလုံး ဖြန့်ချိပြီးနောက်မှာတော့ US Billboard 200, UK albums chart, Finnish albums chart, Brazilian albums chart, Canadian albums chart နဲ့ Irish albums chart တွေအားလုံးမှာ နံပါတ် ၁ ချိတ်ခဲ့ပြီး အကျိုးအမြတ်အရအောင်မြင်ရုံသာမက ဝေဖန်ရေးသမားတွေရဲ့ တညီတညွတ်တည်း ချီးကျူးခြင်းကိုလည်း ခံခဲ့ရပါတယ် ..

(source : http://en.wikipedia.org/wiki/Avenged_Sevenfold)
(Translated by - Little Elf )
Credit by-Lp Rock Mat's ROCK & METAL Collections 

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar