Sunday, 22 September 2013

အခုခေတ်ရဲ့ ဂီတလောကမှာ အတီးပညာရှင် နည်းသွားကြောင်း ရင်ဂိုပြောပြီ

ဂီတလောကမှာ ဆယ်စုနှစ်၂ခု တိုင်အောင် နာမည် တစ်လုံးကို ထိန်း ထားနိုင်ဆဲ ဖြစ်တဲ့ ရင်ဂိုကို ပရဟိတ ရန်ပုံငွေ ဖျော်ဖြေပွဲတိုင်းလိုလိုမှာ လည်း အမြဲလို တွေ့ရပါ တယ်။ ခုလို ရန်ပုံငွေပွဲတွေ မှာ ရှေးအရင် ကပွဲတွေနဲ့ အခု နောက်ပိုင်းပွဲတွေ ဘာတွေ ကွာခြားသွားပြီလဲ ဆို တော့ ရင်ဂိုက…
“အရင်ကဆို ရန်ပုံငွေပွဲ ဆိုပေမယ့် ပွဲတိုင်း လုပ်လို့မရဘူး။ အခုက တော့ အရင်ကလုပ်ခွင့် မရတဲ့ပွဲမျိုးတွေ လုပ်ခွင့်ရလာတယ်။ အများကြီး ပြောင်းလဲ တိုးတက် လာ တာပေါ့။ ကျွန်တော်တို့က ခေတ်ဆိုး စနစ်ဆိုးထဲမှာနေခဲ့တဲ့ သူတွေဆိုတော့ ဒါမျိုး ဖြစ်တာ တအား ဝမ်းသာတယ်” လို့ ဆိုလာတဲ့ ရင်ဂိုကိုခေတ် စနစ်ဆိုးထဲ မှာ ဖြတ်သန်း ခဲ့တဲ့အတွက် အခုလို ပြောင်းလဲပွင့်လင်းလာတဲ့ အခါမှာ ရောအသားကျလား ဆိုတော့..

“ကျွန်တော် တစ်ယောက် တည်းအနေနဲ့ ပြုပြင်ပြောင်း လဲတာ ပြောရရင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတို့၊ အမှိုက်မပစ် ဖို့တို့လို တစ်ကိုယ်ရေ တစ်ကာယ ကိုပြော ချင်တယ်။သိပ်ပြီးကြီး ကြီး ကျယ်ကျယ်တော့ မပြော ချင်ဘူး။ ဖြစ်စေချင်တာက တော့ တစ်ကိုယ် ရေစည်း ကမ်းရှိဖို့ပါပဲ”လို့ ရင်ဂိုက ပြောပါတယ်။
ရင်ဂိုတို့ ခေတ် မှာ ဆိုရင် သူတို့ အတွက် အဓိက အနှောင့်အယှက် က ဆင်ဆာပဲ ဖြစ် မယ်ထင်ပါတယ်။ ဒီ ဘက်ခေတ်မှာ တော့ ပွင့်လင်းလာတဲ့ ခေတ်နဲ့အညီ ဆင်ဆာ လည်း အရင်ထက် လွတ်လပ်လာ ပြီဖြစ် တာကြောင့် လုပ်ရ ကိုင်ရတာ အရင် ထက် ပိုလွယ်ကူ ပေါ့ပါးလာလား ဆိုတော့..
“ကျွန်တော်တို့က အခုသိပ် အလုပ် မလုပ်တော့ဘူး။  ဘာမှ မလုပ်ချင်တော့ပါဘူး။ သူများလုပ်တာ ကြည့်ပြီးတော့ပဲ ပျော်နေပါတယ်” လို့ ရင်ဂိုက ဆင်ဆာနဲ့ ပတ်သက် ပြီး တွန့်ဆုတ်ခဲ့ရပုံကိုပြောပါတယ်။
ရင်ဂိုက ခုနောက်ပိုင်းမှာတော့ စီးရီးလည်း သိပ်မသွင်းဖြစ်တော့ဘဲ အလွတ် သဘောမျိုးနဲ့ပဲ နေ့တိုင်း လို ဆိုတီးတာတော့ ရှိတယ်လို့ ပြော ပါတယ်။ ရင်ဂိုရဲ့သားဖြစ်သူ ကျားပေါက်က Big Bag အနေနဲ့လည်း အောင်မြင်သလို ထပ်မံဖွဲ့စည်းလိုက် တဲ့  blood sugar politik ကလည်း အခြေအနေ ကောင်းနေပါတယ်။ ရင် ဂို တို့ခေတ်က အောင်မြင်မှုနဲ့ ခု ကျားပေါက်တို့ အချိန်အောင်မြင်မှု ကိုကော ဘယ်လို ကွာခြားမြင်မိလဲဆို တာကို ရင်ဂိုက..
“ကျွန်တော်တို့ တုန်းကလည်း ကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ် မထင်ပါဘူး။ ပရိသတ်က အသိ အမှတ်ပြုတာပါ။ ကျားပေါက်တို့ လည်း ပရိသတ် အသိအမှတ် ပြုတယ် ပဲ ယူဆပါတယ်။ မြန်မာပြည်က ကျဉ်းကျဉ်းလေးပဲကို။ ကမ္ဘာကျော် တာမှ မဟုတ်သေးတာ။ အဲဒီလိုပဲ ယူဆပါတယ်” လို့ ရင်ဂိုက ပွင့်ပွင့် လင်းလင်းပြောပါတယ်။ ဒီဘက်ပိုင်း ရော့ခ် လူငယ်တွေနဲ့ တီးဝိုင်းတွေ အပေါ် မှာ ရင်ဂိုရဲ့ သုံးသပ်ချက်ကလည်း
“အရင်ခေတ်လို တူရိယာတီး တဲ့အတီးသမားနည်းသွားတယ်ထင် တယ်။ အရင်ခေတ်လောက် instrument ကို မရူးသွပ်ဘူးလို့ ထင်တယ်။ ဟိုတုန်းကလို ဂစ်တာတို့၊ ဒရမ်တို့၊ ကီးဘုတ်တို့ တူရိယာ တစ်ခုခုကို ရူး သွပ်တဲ့သူ နည်းသွားတယ်။ အတီး သမားများစေချင်တယ်။ အခုဆို နောက် ပိုင်းမှာ သိပ်မရှိတော့ The Trees တို့ ပြီးတော့ ကျားပေါက်တို့ S.I.R တို့ အသက် အရွယ်တန်းရဲ့နောက် မှာကို သိပ်မတွေ့ရတော့ဘူး။ သူတို့ ထက်ငယ် တဲ့နောက်မှာ သိပ်မတွေ့ သေးဘူး။ အခုက အဆိုကို ရူးသွပ် တဲ့ သူ ပိုများသလိုပဲ။ နောက်ဆိုရင်aတာ့ သင်တန်းတွေ အများကြီးနဲ့မှ ပဲ အတီးသမားတွေက များလာမှာပဲ။ အတီးသမား များများ ထွက်ပေါ်စေချင်ပါတယ်” လို့ ရင်ဂို က ပြောပြခဲ့ ပါတယ်။
ရဲရဲ(ပေါ်ပြူလာမြန်မာ)

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar