Sunday, 22 September 2013

တေးသံရှင် အားလုံး အတွက် အဆင်ပြေ အောင် တီးခတ်အသံ ဖမ်းပေးနေတဲ့ Metal Zone စတူဒီယို

လွန်ခဲ့တဲ့ ၁၅နှစ်၊ အနှစ်၂ဝ ဝန်းကျင်ခန့်ကတည်းက စတင်ခဲ့ပြီး မြန်မာပြည်ရှိ တေးသံရှင် အများအပြားရဲ့ ကျေနပ်လက်ခံမှုကို ရရှိ ထား တဲ့ Metal Zone စတူဒီယိုအနေနဲ့ လက်ရှိမှာတော့ တေးစီးရီး ၈ခွေခန့် ကို တီးခတ်နေပြီး လူသစ်တန်း တေး သံရှင်များရဲ့ စီးရီးတွေကိုလည်း တီး ခတ်ပေးနေပါတယ်။ Rock မြူးဇစ် ကို အဓိကထားပြီး တီးခတ် အသံ သွင်းတဲ့ Metal Zone အနေနဲ့ ဂီတ အမျိုးအစား အားလုံးကို နှစ်သက် တာကြောင့် အားလုံးကို တီးခတ် သွင်းယူပေးပါတယ်။
ယခင် ကတော့ တေးသံရှင်တွေ ကို စတူဒီယို Date ပေးတဲ့အခါ ၁ဝရက်၊ ၁၅ရက်တစ်ခါ တည်း အပြီးဖြတ်ပေးပြီး အခု နောက် ပိုင်းမှာတော့ date တွေများပြီး ရက်တိုက်တာတွေ ရှိတာကြောင့် ဂျူတီ၂ဝလောက် အချိန်ပေးပြီး စီးရီးတစ် ခွေအတွက် ၄လဝန်းကျင် တီးခတ်အသံ ဖမ်းပေးရပါတယ်။ “အစပိုင်းက သိပ် မများတော့ တစ် ယောက် ကို၁ဝရက် ၊ ၁၅ရက် တစ်ခါ တည်းဖြတ်တယ်။ အခုနောက်ပိုင်း ကျတော့ ဥပမာ တိုင်းရင်းသားတွေရဲ့ စီးရီးလည်း များတယ်။ အဲဒီတော့ သူတို့ရဲ့ နေစရိတ် စားစရိတ်ကို ကြည့် ပြီး ကြားမှာဖောက်ပေးရတာ မျိုးရှိတယ်။ ကျွန်တော် တို့အနေနဲ့ ငွေရေး ကြေးရေးကိုလည်း အတတ်နိုင်ဆုံး ညှိပေးတယ်။ အားလုံးကို ရင်းနှီးမှု ရအောင် လုပ်ပြီးနွေးနွေးထွေးထွေး ဖြစ်အောင် လုပ်တယ်။ ပြီးတော့သီချင်း ကောင်းအောင် ကြည့်ပြီး၊ အားလုံး တိုင်ပင်ပြီး လိုအပ်တဲ့နေရာတွေမှာ အကြံပေးတယ်။ အဆိုရှင် အသစ် တွေဆိုလည်း ကျွန်တော်တို့တီးဝိုင်း နဲ့ရော အားလုံးညှိပြီး အဆင်ပြေ အောင်လုပ်ပါတယ်”လို့ Metal Zone စတူဒီယိုရဲ့ အသံဖမ်း အင်ဂျင် နီယာ ကိုချမ်းနိုင် (ခေါ်) ကိုမွှေးနီက ပြောပါတယ်။ လက်ရှိ Metal Zone စတူဒီယို ကိုတော့ ဆိပ်ကမ်းသာ လမ်း အပေါ်ဘလောက်အမှတ် ၂၅၄ (ဇော် မိတ္တူဆိုင်အပေါ်ထပ်) ၉လွှာ အခန်း ၈၁မှာ ဖွင့်လှစ် ထားပြီး မနက်၁ဝနာရီ က ညနေ၆နာရီ အထိ နေ့ဂျူတီအတီး ပိုင်းနှင့် ည၇နာရီက ၁ဝနာရီအထိကို အဆိုပိုင်း အတွက် ဂျူတီပေးပြီး ပိတ် ရက်မရှိ ဖွင့်လှစ် ထားကြောင်းလည်း သိရပါတယ်။ Metal Zone စတူဒီယို မှာတော့ ဂစ်တာ ကိုဇော်လတ်၊ Bass ကိုဖိုး ဇော်၊ ဒရမ် ကိုမာတူး၊ ကီးဘုတ် ကို လဝမ်တို့က အဓိက တီးခတ် ပြီး ပြင်ပမှလာရောက် တီးခတ်လိုတဲ့ လူငယ် တီးဝိုင်းများအတွက်လည်း အသံဖမ်း ယူပေးလျက် ရှိကြောင်း သိရပါတယ်။ Metal Zone စတူဒီယို မှာတော့ DIN ဒရမ်ဆက်၊ AGK မိုက်ကရိုဖုန်း တို့ကို အသုံးပြုထားပြီး တေးသံရှင်အသစ် အဟောင်း အားလုံး အတွက် အဆင်ပြေ လွယ်ကူစေဖို့ အချိန်နဲ့ စတူဒီယိုကြေး များကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar