Tuesday, 24 September 2013

Marilyn Manson ( Biography )


အလှ နတ်သမီး Sex ရဲ့ ဘုရင်မ မာရီလင် မွန်ရိုး နဲ့  ဂီတပညာရှင် လူသတ်သမား Charles Manson တို့ နာမည် နှစ်ခု ပေါင်းထားတဲ့ Marilyn Manson ဟာ 1965 ခုနှစ် အမေရိကန်ုပြည်ထောင်စု Ohio ပြည်နယ်မှာ မွေးဖွားခဲ့ပြီး နာမည်ရင်း က Brian Hugh Warner ပါ


အခြေအနေမှန်ကို ခင်ဗျားတို့ မသိထားရင် Marilyn Manson ရဲ့  အဓိကရည်ရွယ်ချက်က ကမ္ဘာကြီး
ပေါ်မှာ တတ်နိုင်သလောက် ဆူပူ ပြသနာ လုပ်ဖို့ ဖြစ်မယ် လို့ ခင်ဗျားတို့ ယူဆ မိမှာပါ -
များသောအားဖြင့် မင်ဆန်ဟာ လူမှုရေးပိတ်ပင် တားမြစ်ချက်တွေကို တတ်နိုင်သလောက် ချိုးဖောက်တယ် ..ယဉ်ကျေးမှု စံချိန်စံညွှန်းတွေကို ဖျက်ဆီးတယ် . နောက်ပြီး လူ့ ပြည်မှာ သူ
နေ ခွင့်ရခိုက်မှာ သက်တမ်းရင့်နေပြီ ဖြစ်တဲ့ ထုံးတမ်း စဉ်လာတွေကို သူဖယ်ရှား ပစ်တတ်တယ်-

မင်ဆန်ဟာ ရော့်ဂီတ လောကမှာ ကျန်းမာစွာ သက်ဆိုးရှည်စွာ နေရမယ်လို့ မမျှော်လင့်ထားဘဲ ရှင်သန်နေရတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး - လာမယ့်နှစ် အနည်းငယ် အတွင်းမှာ
သူ သေမယ့်လို့ ပွင့်လင်းစွား အကြိမ်ကြိမ် ပြောခဲ့တဲ့ မင်ဆန်ဟာ လူ့ ပြည်ကို မစွန့် ခွာ ခင်မှာတော့
ကမ္ဘာလောကကြီး တစ်ခုလုံးကို အကြီးအကျယ် ဒုက္ခ ပေးသွားချင်ပါသတဲ့ -

မင်ဆန်ရဲ့ ပွဲဦးထွက် ဓာတ်ပြား အယ်ဘမ် Portrait of an American Family ဟာ ထိတ်လန့် ဖွယ်
အယ်ဘမ် ကာဗာ နဲ့ အတူ ၁၉၉၃ ခုနှစ်က ထွက်လာတော့ သူများနဲ့ လုံးဝ ခြားနားတဲ့ ဒီဘဲကြီးဟာ
တုန်လှုပ်အံ့သြဖွယ် ရော့ခ်လောကကြီးကို လူတွေမထင်ထားတဲ့ ဘုံမြင့်တစ်နေရာစီ ( ဒါမှမဟုတ်
အသူတရာ နက်တဲ့ ချောက်ကြီးထဲဆီ ) ဆွဲခေါ်သွားဖို့ သန္နဋ္ဌာန် ချထားသူပဲ ဆိုတာ ပေါ်လွင် ခဲ့ပါတယ်. ...

မယ်ရီလင်မင်ဆန် ဟာ သူ့ အရင်ထွက်ပေါ်ခဲ့တဲ့ Alice Cooper , Ozzy Osbourne KISS တို့ ထက်
အသက်ဝင်လာတဲ့ ကော်မစ်ရုပ် ပြဇာတ်ကောင် ပိုဆန်သူပါ ..သူဟာ ပိုပြီးလက်တွေ့ ဆန်မှုရှိတယ်.
ပိုပြီး ချောက်ချားစရာကောင်းတယ် - သူ့ ကြိုးစားပုံက သုံးဘက်မြင်ရုပ်လုံးကြွမှု ပိုရှိနေတယ်-
မင်ဆန် ဖြစ်စေချင်တဲ့ပုံစံကလည်း အဲဒီလိုမျိုး- -

'' ကျွန်တော်က Ozzy တို့ - Kiss တို့ ကို အားကျ အတုခိုးရင်း ကြီးပြင်းခဲ့တာပါ ။ ငယ်ငယ်က
ဖလော်ရီဒါပြည်နယ်မှာနေတော့ သူတို့ ဟာ များသောအားဖြင့် ကျွန်တော့်ရဲ့ ကယ်တင်ရှင်တွေလို
ဖြစ်ခဲ့တယ် ။ သူတို့ လုပ်သမျှ လုပ်ပုံလုပ်နည်းတွေဟာ ကျွန်တော့်အပေါ် လွှမ်းမိုးခဲ့တယ် -ဒါပေမယ့်
သူတို့ နဲ့ တူအောင် မလုပ်ချင်ဘူး -ကျွန်တော်ရဲ့ စရိုက်အမှန်ကို ကျွန်တော့် ဂီတက တစ်ဆင့် ဖော်ထုတ်ချင်တယ် - Kiss အဖွဲ့ စိတ်ကူးယဉ်ခဲ့ပုံတွေ နဲ့ တော့ အဲဒါ အများကြီး ခြားနား နေပါလိမ့်မယ် "' လို့ မယ်ရီလင်မင်ဆန် က ပြောပါတယ် -

သူ့ ရဲ့ ပွဲဦးထွက်အယ်ဘမ်ကို သမားရိုးကျ ရော့်ဂီတလောကကြီးရဲ့ တုံ့ ပြန်မှုက အားနည်းခဲ့ပေမယ့်
ဒုတိယ အယ်ဘမ် Smells Likes Children ထွက်လာတဲ့ အခါမှာတော့ ဒီအရူးဟာ ရော့်ခ် ဂီတကနေ
လုံးဝ တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာသွားမယ့် ငနဲ မဟုတ်မှန်း သိလာကြတယ် - မူလတုန်းကမင်ဆန် ရဲ့ လှုပ်ရှားမှုတွေဟာ ရော့်ခ်အဖွဲ့ အစည်းရဲ့ အပြင်ဘက်မှာ လုံခြုံစိတ်ချစွာ
တသီးတခြား ရှိနေမှာပဲလို့ ထင်ခဲ့ကြတာကိုး --
ဒုတိယ အယ်ဘမ်မှာပါတဲ့ ပါဝင်တဲ့ အင်မတန် စိတ်ညစ်ညူးဖွယ်ကောင်းတဲ့ တေးသီချင်းတွေ (
နာမည်ကျော် ဗြိတိန် duo - Eurythmics နဲ့ Sweet Dreams ( Are made of this ) ပြန်ဆိုတေး
အပါအ၀င် ) ဟာ Marilyn Manson တို့ ကို အထင်မကြီးတဲ့ ရော့ခ်လောကကြီးကို အလဲထိုးလိုက်ပါတယ်...

ရုတ်တရက်ဆိုသလို ရော့ခ်သီချင်းဦးစားပေး ရေဒီယို အစီအစဉ်တွေကအစ MTV ရုပ်သံအစီအစဉ်
အဆုံး -ရုပ်သံအင်အားစုတွေဟာ Marilyn Manson ဆိုတဲ့ သတ္တ၀ါကောင်ကြီးကို ပြောင်ပြောင်
တင်းတင်း အော့နှလုံးနာ ရှုတ်ချရင်း သူ့ ရဲ့ သီချင်းတွေကို မနားတမ်း လွှင့်ခဲ့ကြပါတယ် -

ဒီလိုနဲ့ မင်ဆန်ဟာ တစ်နှစ်တာရဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်မှန်းမသိ ဖြစ်သွားတယ် -

"' လူ့ အဖွဲ့ အစည်းက ၀န်ခံရဲတဲ့ လူပမာဏထက် ပိုများတဲ့လူတွေက ကျွန်တော်ဘာလုပ်တယ်-
ဘာဆိုလိုတယ် ဆိုတာ နားလည်ကြပါတယ် --ကျွန်တော် ဟာ ပြောရေးဆိုခွင့်ရှိတဲ့ လူမဟုတ်ပါဘူး
ဖြစ်လည်း မဖြစ်ချင်ဘူး -ဒါပေမယ့် ကျွန်တော့် တေးဂီတမှာ ပြောထားတဲ့ အကြောင်းအရာတွေနဲ့ 
ကျွန်တော်ရဲ့ နေထိုင်မှု ဘ၀ပုံစံဟာ လူတွေထင်ထားတာထက်ပိုပြီး အမေရိကားရဲ့  အစိတ်အပိုင်း
ကြီးကြီးမားမားကို ကိုယ်စားပြုပါတယ် "' လို့ မင်ဆန်က ပြောတယ် --

ကြက်သီးထစရာ အတွေးအခေါ်ပါပဲ ---

မင်ဆန် အနေနဲ့ ဒွိလိင် ဆက်ဆံမှု -ကလေးသူငယ်အလွဲသုံးစားမှု -သိက္ခာချ မှုတွေအကြောင်း
ပေါ်တင် စပ်ဆိုထားတဲ့ သီချင်းတွေဟာ အမေရိကားရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကို ကိုယ်စားပြုတယ် -- တိုက်ရိုက်ပြောရရင် အမေရိကန်အပြင် တစ်ကမ္ဘာလုံးက လူတွေဟာ မူလပထမ မှန်းထားတာထက် ပို ဒုက္ခတွေ့ နေကြပြီပေါ့ - တစ်ဘက်ကကြည့်ရင် မင်ဆန်ရဲ့ 
ဓာတ်ပြားကို ၀ယ်ယူနားထောင်သူတွေဟာ သူ့ ရဲ့ အယူအဆတွေ -ဂီတတွေကို စိတ်ဝင်စားလို့ ဝယ်ကြတယ် ဆိုရင် သူ့ ရဲ့ အောင်မြင်မှုဟာ ရော့ခ်အင်ရိုး အစဉ်အလာနဲ့ ဖီလာဆန့် ကျင်ခြင်း ကြောင့် ဖြစ်တယ်လို့ ပြောရမှာပါ -

ဟုတ်ကဲ့ မယ်ရီလင်မင်ဆန် ဟာ ဟိုးတုန်းက Kiss တို့ Twisted Sister တို့ လို ၀ိုင်းတွေက
ဂရုတစိုက် သေချာဖန်တီးခဲ့တဲ့ ငြီးငွေ့ ဖွယ် ပုံရိပ်တွေ နဲ့ တော့ များစွာ ခြားနားလှပါတယ် -

တကယ်တော့ မင်ဆန်ဟာ သူ့ ရဲ့ ပရိတ်သတ်တွေ လက်ခံထားတဲ့ ထော်လော်ကန့် လန့် အသိပေးချက်တွေ နဲ့ ခြားနားစွာ ခိုင်မာတဲ့ ယဉ်ကျေးမှု
စည်းကမ်းတွေ - ကန့် သတ်ချက်တွေ -ဘာသာရေးအယူအဆ တွေကို ချိုးဖောက်ချင်တဲ့ သူ့ ရဲ့ 
စိတ် ဆန္ဒ နဲ့ သူ့ ရဲ့ အစွမ်းအစ တို့ ကြောင့် ထင်ရှားအောင်မြင်လာပုံရပါတယ် --

Smells Like Children အယ်ဘမ် ၀ယ်ခဲ့တဲ့ မင်ဆန် ပရိတ်သတ်တိုင်းကတော့ သူ့ သီချင်းတွေထဲက ပုံစံ - သူ့ ယုံကြည်ချက်တွေအတိုင်း အပြင်ဘ၀ မှာ လက်ခံနေထိုင်ကျင့်သုံးမယ်လို့ ခင်ဗျားတို့ ထင်နေသလား -ဆယ်ကျော်သက် ပရိတ်သတ်တွေဟာ
လွန်ကဲတဲ့အရာတွေကို ကြိုက်တတ်ကြတယ် -လွန်ကဲလေ ပိုကောင်းလေပဲ -မင်ဆန်ဟာ အဲ့ဒီ
ကွက်လပ် ကို ဖြည့်ဆည်းခဲ့သူပါ --ပုံမှန်လူ့ အဖွဲ့ စည်း ကို နာကျင်အောင် လုပ်ရင်း လူငယ်မျိုးဆက်
အကြိုက် - သတ္တ၀ါကောင်ကြီးကို ဖန်ဆင်းလိုတဲ့လူတွေ က အောင်မြင်လာပါတယ် -
ဒါပေမယ့် မင်ဆန်ကတော့ သူပြောတဲ့အတိုင်း တကယ် ဖြစ်အောင် လုပ်ပြနိုင်တယ်နော် -သူဒါတွေ
အိုက်တင် လုပ်ပြနေတာမဟုတ်ဘူး လို့ သူ့ ဓာတ်ပြားထုတ်လုပ်ငန်းက လူတစ်ယောက်ကပြောပါတယ် --

မင်ဆန် ရဲ့ အယ်ဘမ် AntiChrist Superstar အောင်မြင်ခဲ့ပြန်မှုကြောင့် အစဉ်အလာ မဆန်တဲ့
ချဉ်းကပ်မှုတွေကိုစွမ်းအားတွေ လေးနက်မှုတွေ နဲ့ ထိတ်လန့် စရာတွေ ပို ဖြည့်တင်းနိုင်ခဲ့ပြန်တယ်-

ပရိတ်သတ် အခိုင်အမာရှိပြီ ဖြစ်တဲ့ မင်ဆန် ဟာ လက်ခံနိုင်ဖွယ်ရာ ယဉ်ကျေးမှု ယုံကြည်ချက်တွေ နဲ့ အခြေခံ လူ့ အဖွဲ့ အစည်း ကို တိုက်ခိုက် နိုင်စွမ်း ပိုရှိလာပြီ

သူ့ ရဲ့ ထွက်ရှိပြီးသမျှ အယ်ဘမ်တွေကတော့


Portrait of an American Family (1994)
Smells Like Children (1995)
Antichrist Superstar (1996)
Mechanical Animals (1998)
Holy Wood (In the Shadow of the Valley of Death) (2000)
The Golden Age of Grotesque (2003)
Eat Me, Drink Me (2007)
The High End of Low (2009)
Born Villain (2012)

ဦးစိုးသိဏ်း ရဲ့ ရော့(ခ်) ကြယ်ပွင်တို့  ရုပ်ပုံလွှာ စာအုပ် ပါ ဆောင်းပါးကို အနည်းငယ် ဖြည့်စွက်
ပြင်ဆင်ပြီး တင်ပြသည် --

\m/ #Angel (We Wanna Rock)

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar