Saturday, 9 November 2013

လူပျိုရည်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကိုပြန်ပြောပြတဲ့ Kiss အဖွဲ့ရဲ့အဆိုတော် Paul Stanley

Kiss အဖွဲ့ရဲ့ရှေ့ထွက်အဆိုတော်ကြီး Paul Stanley ရဲ့ ဆန့်ကျင်ဘက်လိင်နဲ့ အကျွမ်းတ၀င်မရှိသေးတဲ့လူပျိုဘ၀ကို စိတ်ကူးထဲမှာပုံဖေါ်ကြည့်ဖို့ခက်ခဲပါလိမ့်မယ်။ Rock ဂီတလောကရဲ့ စော်အကြည်ဆုံး ဘီးကျဲတွေထဲကတစ်ယောက်ဖြစ်တဲ့ Paul Stanley ကြီးဟာလဲတစ်ချိန်ကတော့လူပျိုလေးတစ်ယောက်ပါပဲ။ မကြာသေးမီက KLOS FM ကလုပ်တဲ့အစီအစဉ်တစ်ခုမှာ သူ့ဘ၀ရဲ့ အပြောင်းအလဲတစ်ခုကိုဖြစ်စေတဲ့နေ့တစ်နေ့အကြောင်းကို ပြန်ပြောပြပါတယ်။


“camp လုပ်နေကျပါတ်ဝန်းကျင်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ကျွန်တော် သန့်ရှင်းရေးအနေနဲ့အလုပ်လုပ်ခဲ့တာပါ။ အဲဒီ့နေရာက ညစ်ညမ်းအကတွေနဲ့ဖျော်ဖြေတဲ့နေရာမျိုး။ ဒီလိုပါတ်ဝန်းကျင်အကြောင်းကိုခင်ဗျားသိပါတယ်။ အဲဒီနေရာကလမ်းရဲ့တစ်ဖက်ခြမ်းမှာ အခြားတစ်ဖက်ခြမ်းမှာ ဟိုတယ်လ်ရှိတယ်။ ၀ိတ်တာတစ်ယောက်ရဲ့ကောင်မလေးက သူ့အခန်းထဲမှာရှိနေတယ်။ ၀ိတ်တာကအလုပ်သွားလုပ်နေတယ်။ အဲဒီတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ “ဒီနေ့တော့သေချာပြီ” လို့။

အဲဒီ့ကောင်မလေးနဲ့သူနဲ့ကြားက အသက်ကွာဟမှုကိုမေးတော့ “ကျွန်တော်ထင်တာ သူကျွန်တော့ထက် ၅ နှစ်လောက်ကြီးလိမ့်မယ်။ သူကျွန်တော့ကိုနည်းလမ်းတွေသင်ပေးတယ်လို့တော့မဆိုလိုပါဘူး။ ရိုးရိုးသားသားပြောရင်တော့ ကျွန်တော်ဘယ်လိုပြုမှုရမလဲဆိုတာမသိခဲ့ပါဘူး။ ကျွန်တော်တွေးမိတာက “ဒီကိစ္စကဒီလိုမျိုးလား” ဆိုတာပါပဲ” လို့ ၆၁နှစ်ရှိပြီဖြစ်တဲ့ Stanley ကြီးကပြောပါတယ်။

အဲဒီ့အတွေ့အကြုံအပေါ်ဘယ်လိုမြင်လဲလို့မေးတော့ “နောက်ဆုံးပိတ် ခင်ဗျားနိုင်မယ့် အပြေးပြိုင်ပွဲမှာ တာထွက်ချိန် ပစ်ဖောက်တဲ့သေနတ်လိုပါပဲ။ အပြေးပြိုင်ပွဲကတော့ တာထွက်ချိန် ထက်ပိုပျော်စရာကောင်းရင်ကောင်းမှာပေါ့” လို့ Stanley ကြီးက နှစ်ထောင်းအားရစွာနဲ့ပြောပါတယ်။

 (Ref: ultimateclassicrock)
Credit-http://www.trend.com.mm/

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar