သြဂုတ် ၂၃ ကထွက်ခဲ့တဲ့ သူတို့ရဲ့နောက်ဆုံး album ‘Hail to the King” အောင်မြင်ခဲ့တာမှန်ပေမယ့် သူတို့ဝိုင်းဟာ မျှတတဲ့မကောင်းဝေဖန်မှုတွေကြုံရသလို metal လောကထဲကအဓိပ္ပါယ်မဲ့ပြောဆိုမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပ်တယ်။ အသိသာအထင်ရှားဆုံးဖြစ်ရပ်အနေနဲ့ Machine Head အဖွဲ့က Rob Flynn က A7X ရဲ့ စစ်မှန်မှုနဲ့ပါတ်သတ်ပြီး နောက်ဆုံး album ကို covers album အဖြစ်ရည်ညွှန်းခဲ့ပါတယ်။
M. Shadows နဲ့ Zacky Vengeance အပါအ၀င် အဖွဲ့ဝင်တွေဟာ Flynn ရဲ့စွပ်စွဲမှုကို ယဉ်ယဉ်ကျေးကျေးပဲပြန်တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အင်တာဗျူးတစ်ခုမှာတော့ အဆိုးမြင်နေသူတွေနဲ့ အမုန်းသမားတွေနဲ့ ပါတ်သတ်ပြီး တိကျပြတ်သားတဲ့ စကားတစ်ခွန်းပြောခဲ့ပါတယ်။ Rob Flynn ကိုနာမည်တပ်ပြောတာမဟုတ်ပေမယ့် Shadows ရဲ့မှတ်ချက်ဟာ Machine Head ရဲ့ရှေ့ထွက်အဆိုတော် ဖြစ်နေတယ်ဆိုတာတော့သိသာထင်ရှားနေပါလိမ့်မယ်။
Metal Hammer မဂ္ဂဇင်းနဲ့စကားပြောဖြစ်ရာမှာ ဒီအကြောင်းနဲ့ပါတ်သတ်ပြီး “ကျွန်တော်တို့လုပ်နေတဲ့အရာကို အခြားဘယ် Metal ၀ိုင်းတစ်ဝိုင်းမှမလုပ်ပါဘူး။ ပြီးခဲ့တဲ့လတွေအတွင်း ခင်ဗျားတို့ပါးစပ်ပိတ်ကြပါလို့ ကျွန်တော် လူသိရှင်ကြားပြောမှာမဟုတ်တဲ့ ဂီတသမားတွေ ပြောတဲ့စကားတွေကြားပါတယ်။ ဒါပေမယ့် အမုန်းသမားတွေကို Fuck ပဲဗျာ။
လူတွေက ကျွန်တော်တို့အကြောင်းပေါက်ကရပြောရုံနဲ့ ပိုပြီးစိတ်ဝင်စားမှုခံရမယ်ဆိုတာသိကြပါတယ်။ ပြီးတော့ခင်ဗျားရဲ့ဝိုင်းကို ဒီလိုလည်ပါတ်နေစေချင်ရင်တယ်ဆိုလဲ ရပါတယ်။ ဒါပေမယ် ကျွန်တော်တို့ဒီလိုလုပ်ရပ်မျိုးမလုပ်ဘူး။ ကျွန်တော်တို့အပြင်ထွက် ပြီး ညတိုင်းအကောင်းဆုံးဖျော်ဖြေတယ်။ ပြီးတော့ ဒီလုပ်ရပ်က ပရိတ်သတ်တွေအပေါ်ဘယ်လိုအဓိပ္ပါယ်သက်ရောက်နေလဲဆိုတာခင်ဗျားတွေ့ရမယ်” လို့ဆိုသွားပါတယ်။
“Hail to the King” album ဟာ ပထမအပါတ်ထဲမှာပဲ အချပ်ရေ ပေါင်း ၁၅၉၀၀၀ ရောင်းခဲ့ရပြီး Billboard နံပါတ် ၁ချိတ်ခဲ့ပါတယ်။ Nightmare album ရဲ့ခြေရာကိုနင်းနိုင်ခဲ့ပြီး ခေတ်သစ် Rock နဲ့ Metal လောကမှာ အအောင်မြင်ဆုံး ၀ိုင်းတစ်ခုဆိုတဲ့ Avenged Sevenfold ရဲ့ နေရာတစ်နေရာကို ခိုင်မြဲစေပါတယ်။
Ref:loudwire
Credit to-http://www.trend.com.mm/
Top 10 Free Cydia Tweaks for iOS 9 (Jail Only)
-
*#1. BreadcrumbsAway* *#2. UniversalForce* *#3. betterFiveC0lumnHomescreen* *#4.
betterFiveIconDock* *#5. f.lux* *#6. BlurryLaunch* *#7. CCSettings...
8 years ago
0 comments:
Post a Comment