Monday, 15 July 2013

History Of Alternative Rock


          အောလ်တာနေးတစ်ဗ် ရော့ခ်ဂီတဟာ အခြားသောရော့ခ်ဂီတများစွာလို မည်သည့် ဂီတအမျိုးအစားနဲ့ အံမ၀င်တဲ့ ဂီတ တစ်ခုဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်နေပါစေ သူတို့ရဲနည်းစနစ်ပိုင်းဆိုင် ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အရတော့ အခြားသော ရော့ခ်ဂီတများထက် သူတို့ကို ပန့်ခ်ရော့ခ့်ကနေ ဆင်းသက်တယ်လို့ ပြောနိုင်ပါတယ်။ သူတို့နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မတူညီ အံမ၀င်ပေမယ့်လည်း အခြားသော ရော့ခ်ဂီတမျိုးကွဲများစွာကို လည်း အောလ်တာနေးတစ်ဗ်ခေါင်းစဉ် အောက်မှာ သွပ်သွင်းခြင်းခံရပါတယ်။

         အောလ်တာနေးတစ်ဗ်ဂီတဟာ ၁၉၉၀ ခုနှစ်တွေမှာစတင်ပေါ်ပြူလာ ဖြစ်လာပေမယ့်လည်း သူတို့ဟာ ဒီထက်အစော ကြီးကတည်းက ပေါ်ပေါက်လာခဲ့ပြီးဖြစ်ပါတယ်။ Nirvanaအဖွဲ့ ဟာ အောလ်တာနေးတစ်ဗ် ဂီတကို ဂီတပင်မရေစီးကြောင်းထဲ ခေါ်ဆောင်မလာခင်ကတည်းက ဒီဂီတဟာ ကောလိပ်တွေ နဲ့ underground လှုပ်ရှားမှုတွေမှာ ပေါ်ပြူလာဖြစ်နေပြီးသားပါ။


          ၁၉၈၀ပြည့်နှစ်နောက်ပိုင်းမှာပဲ REM အဖွဲ့ဟာ သူတို့ရဲ့ အောလ်တာနေးတစ်ဗ် လမ်းကြောင်းကိုစတင်ခဲ့ပါတယ်။ သူတို့ရဲ့ သီချင်းအများအပြားဟာ ကောလိပ်ရေဒီယိုစတေရှင်တွေမှာ နေရာယူနိုင်ခဲ့ပါတယ်။ ဒါဟာသူတို့ရဲ့ ပင်တိုင်အမာခံပရိတ်သတိတွေကို စတင်တည်ဆောက်ခဲ့ရာနေရာဖြစ်ပါတယ်။ ဒါပေမယ်သူတို့ ဟာလည်းပဲ ၁၉၉၀ နောက်ပိုင်းမှသာ အောလ်တာနေးတစ်ဗ် လူသိများလာခြင်းနဲ့ အတူ စီးပွါးရေး အရစတင်ပေါ်ပြူလာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ပေါ်ပြူလာဖြစ်လာပြီဖြစ်တဲ့ ဒီဂီတရဲ့နောက်မှာ ဆက်တိုက်ပေါ်ထွက်လာတာကတော့ ဂရန်ခ့်ျခေတ်တစ်ခုပဲဖြစ်ပါတယ်။

          ဂရန့်ခ်ျဆိုတာ အောလ်တာနေးတစ်ဗ်ဂီတကို ညွန်းဆိုတာပဲဖြစ်ပြီး သူတို့ဟာ ပေါ်ပင်ဆန်မှု တနည်းအားဖြင့် စီးပွါးရေးဆန်မှုကို     ရှုံချပါတယ်။ဒီလှုပ်ရှားမှုဟာ ဆီယက်တယ်၊၀ါရှင်တန် စသည်ဖြင့် တစ်ကမ္ဘာလုံးကို မုန်တိုင်းသဖွယ်ပြန့်နှံ့သွားခဲ့ပါတယ်။ဒါဟာ အောလ်တာနေးတစ်ဗ်ဂီတ ကိုလူသိများကြော်ကြားအောင် ဖန်တီးပေးခဲ့ကြတဲ့ Pearl Jam,Nirvana,Soundgarden နဲ့ Red Hot Chilli Peppers တို့ ကဲ့သို့သော် အဖွဲ့များစွာကို အရွဲ့ တိုက်နေသလိုပါပဲ။ အောလ်တာနေးတစ်ဗ်ဟာ ပန့်ရော့ခ်တွေ အရှိန်အဟုန် ကောင်းနေတဲ့ ဗြိတိန်ကိုလည်း ကြီးကြီးမားမားလှုပ်ခတ် စေခဲ့ပါတယ်။

          ဒါပေမယ့် သူတို့ဟာ ဗြိတိန်ထက်ယူနိုက်တက်စတိတ် မှာသာ ပိုပြီး စောစော ပင်မရေစီးကြောင်း ဂီတ တွေထဲကို တိုးဝင်နိုင်ခဲ့တာပါ။ဒါကြောင့်လည်း များစွာသော အောလ်တာနေးတစ်ဗ် အဖွဲ့တွေဟာ ယူနိုက်တက်စတိတ်မှာသာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အခြေစိုက် အောင်မြင်မှုရခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဂီတ အအောင်မြင်ဆုံး အထွတ်အထိပ် အရောက်ဆုံးဖြစ်နေချိန်မှာပဲ တေးသံသွင်း ကုမ္ပဏ္ဍီ အများအပြားဟာ လျော့တိလျော့ရဲ မပြည့်ဝတဲ့ အဖွဲ့ များစွာကိုသွပ်သွင်းလာကြပါတော့တယ်။ ဒါကြောင့်  အောလ်နေးတစ်ဗ် ရော့ခ်ဂီတဆိုတဲ့ အမှတ်တံဆိပ်တစ်ခုဟာ အဆုံးသတ်မှာ မျှော်လင့်ချက်တွေ ကုန်ဆုံးပြီး အရောင်းကျဆင်း ခဲ့ရပါတော့တယ်။
 Credit by -Myanmar Rock Organization

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar