Saturday, 27 July 2013

အခွေတစ်ခွေကို ဘယ်လောက်အထိ ပေါက်ရမယ်ဆိုပြီး ခန့်မှန်းလို့မရဘူး ဟန်ထွန်း


တေးသံရှင်ဟန်ထွန်းက ခေါင်း နဲ့ပန်း ဆိုတဲ့ တတိယစီးရီးကို ပူပူ နွေးနွေး ထွက်ရှိထားသူဖြစ်ပါတယ်။ 'ရှိနေမယ်' စီးရီးရဲ့ ပေါက်မြောက် အောင်မြင်မှုအားကြောင့် ဟန်ထွန်း က 'ခေါင်းနဲ့ပန်း' စီးရီးမှာတော့ သီချင်းရွေးချယ်မှုကို အားကောင်းစွာ ပြုလုပ်ထား တာတွေ့ရပါတယ်။ ခေါင်းနဲ့ပန်းမှာတော့ တောင်ကြီး သားတွေရဲ့ ရေး ဟန်အငွေ့အသက် တွေလည်း ပိုမိုပါဝင်နေတာကိုလည်း တွေ့ရပါတယ်။



"သူတို့နဲ့က အမြဲနီးစပ်နေတော့ ကျွန်တော့်ရဲ့ဆိုပေါက်တွေကို သူတို့ က အနီးစပ်ဆုံးလည်းသိတယ်။ သီချင်းရွေးတဲ့နေရာမှာတော့ ခေါင်း သိပ် မစားပါဘူး။ခေါင်းနဲ့ပန်း သီချင်း က ကျွန်တော့်အတွက် အစိုင်းက သီးသန့်ရေးပေးတာ။ ပြီးတော့ ကျွန် တော်တို့တွေက တောင်ကြီးမှာလည်း အမြဲတီးဆိုနေကျဆိုတော့ အဆင် ပြေပါတယ်။ အခု ဒီအခွေကိုလည်း အားရပါတယ်။ ရိုးရိုးသားသားပြော ရရင် အခွေတစ်ခွေကို ဘယ်လောက် ထိပေါက်ရမယ်ဆိုပြီး မှန်းလို့မရဘူး။ ဒီသီချင်းတွေကို ဆိုလိုက်၊ တီးလိုက် ရတဲ့အတွက် ကျေနပ်တယ်၊ ပျော် တယ်" လို့ ဟန်ထွန်းကပြောပါ တယ်။ ဟန်ထွန်းရဲ့ ပထမဆုံးအခွေ အိပ်မက်ယန္တရားကတော့ လူသိပ် မသိလိုက်တဲ့ ဟဲဗီးရော့ခ်တစ်ခွေ ဖြစ်နေခဲ့ပြီး ဒုတိယအခွေ 'ရှိနေမယ်' ကတော့ တစ်တိုင်းပြည်လုံးအတိုင်း အတာနဲ့ ဗီစီဒီမှာ အောင်မြင်သွားတဲ့ အခွေတစ်ခွေလည်းဖြစ်ပါတယ်။ ဗီစီဒီယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လည်း ဟန်ထွန်းက "ခေတ်ကာလ အရဖြစ်နေတော့ ဒီအတိုင်းပဲသွား လို့ရတယ်။ သီချင်းနားထောင်ရင် စီဒီကအကောင်းဆုံး ဖြစ်ပါတယ်ဆို တာ ပရိသတ်တိုင်းကို လိုက်ပြောဖို့ မလွယ်ဘူး။ သီချင်းပဲ သီးသန့်နား ထောင်ချင်တဲ့သူတွေကတော့ စီဒီကို လည်း အားထားကြပါတယ်။ ကျွန် တော်လည်း 'ခေါင်းနဲ့ပန်း' ဗီစီဒီကို အမြန်ဆုံးရိုက်မှာပါ။ အချိန် ၈ လ လောက်ပဲယူမှာပါ" လို့ ပြောတဲ့ ဟန် ထွန်းက ဒီအခွေမှာတော့ သူဆိုချင် တဲ့ ဟဲဗီးရော့ခ်ဆန်ဆန်သီချင်းမျိုး တွေ မဟုတ်ပေမယ့် သူ့ကီးနဲ့သူ အံဝင် အောင်သီဆိုထားတဲ့ ခေါင်းနဲ့ပန်း အခွေနဲ့ပတ်သက်ပြီး "ကီးက ကျွန် တော်ဆိုနိုင်တဲ့ နေရာရှိတယ်။ ဒီ အခွေထဲကကီးတွေ က ကျွန်တော်နဲ့ အံကိုက်စိတ်ကြိုက် ချိန်ထားတဲ့ ကီး တွေပဲ။ အဲဒီအတွက်လည်း စိတ်ချမ်း သာတယ်" လို့ ဟန်ထွန်းက ပြောပြ ခဲ့ပြီး သူ့အခွေကို နားမထောင်ရ သေးရင်လည်း နားထောင်ကြည့် စေ ချင်ကြောင်းကို ပရိသတ် အတွက် သတင်းပေးသွားခဲ့ ပါတယ်။

ရဲရဲ(Popular Journal)

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar