Saturday, 31 August 2013

We Are The Waste

"We Are The Waste " ဆိုတဲ့ band လေးနဲ. မိတ်ဆက်ပေးချင်ပါတယ်

ရောသမမွှေ ထားတဲ့ music တွေနဲ. ကိုယ်ပိုင်ဟန်ပေါ်လွင်တဲ့ အဖွဲ. လို.ဆိုချင်ပါတယ်.. သူတို. သီချင်းလေးတွေကတော့ Electronic နဲ. metal music ကိုရောသမမွှေထားတော့ တစ်မျိုးစိတ်ဝင်စားစရာကောင်းပါတယ်.. အသစ်သစ်ကိုဆာလောင်နေသူတွေ အတွက် ဟာနေတဲ့ ကွက်လပ်တစ်ချို.ကိုတော့ ဖြည့်ဆည်းပေးပါလိမ့်မယ်...
 M R Zကသူငယ်ချင်းတွေလည်းနားထောင်ခံစားကြည့်လိုက်ပါ.. စိတ်ကြိုက်ဝေဖန်အကြံပြုနိုင်ပါတယ်...

(တစ်ခါတုံးက မျိုးကြီး ဆိုတာ )


တစ်ခါက....
တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို
ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ်.။
သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ.။ ဒါကြောင့် ဘယ်သူတွေမှန်းလည်း
မသိ.။ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ.။
သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည်
ဆိုတာ သာမာန် ထမင်းစားပြီးသူတွေ ထိုင်တတ်တဲ့ အချိန်မဟုတ်.။ ဒီအချိန်မှာ
လူငယ်တွေကသာ သူတို့ကြိုက်ရာ သီချင်းလေးတွေကို နားထောင်ဖို့ ထိုင်တတ်ကြတာ.။

Thursday, 29 August 2013

သီချင်းခွေဝယ်ဖို့ ပိုက်ဆံ ရှိပေမယ့် အင်တာနက် Download ဆွဲခြင်းကို စိတ်မကောင်းဘူး ဆိုသူ ဖော်ကာ


တေးသီချင်း အခွေဝယ်ရန် အဆင် မပြေ၍ အင်တာနက် မှ Download ဆွဲခြင်းကို ပြောစရာ မရှိသော်လည်း ပိုက်ဆံ ရှိပြီး Download ဆွဲခြင်းမျိုး ကို စိတ် မကောင်းကြောင်း အဆိုတော် ဖော်ကာက ပြောသည်။

Wednesday, 28 August 2013

" ဟယ်ရီလင်းက ရပ်ချင်လို့ ရပ်နေတာ မဟုတ်ပါဘူး။ ရပ်ခိုင်းထားလို့ ရပ်နေတာပါ။ " လို့ ဆိုတဲ့ တချိန်က ဦးဃ နှင့် အင်တာဗျုး.......

၁၉၉၀ ကျော်တစ်ဝိုက်က ဖြစ်သည်။ “မိုးကြိုးသွားရဲ့ ပြင်းထန်တဲ့အလျင်” စာသားနဲ့အတူ ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း စီးရီးထွက်လာသည်လူငယ်ပရိသတ်ကြားမှာ ရေပန်းစားထင်ရှားခဲ့သည်။ ပြင်းထန်တဲ့ Rock ဂီတမှာ စူးရှလေးနက်သော ကဗျာများကို လူငယ်ထုရဲ့ နှလုံးသား နံရံကို တိုက်စားသွားသည်။ ဟယ်ရီလင်းရဲ့ Show Performance လည်း ကြောက်ဘွယ်လိလိ ပရိသတ်ကို ဖမ်းစားနိုင်သည်။ တေးရေးဆရာတွေကလည်း ၀င်းမင်းထွေး၊ သော်ဒီဝေ၊ ကိုဇော်မျိုးထွန်းရဲ့ T4 တေးဂီတနဲ့ တေးဥယျာဉ်မှာ အသံဖမ်းယူခဲ့ခြင်း ဖြစ်သည်။ ကာဗာ၊ ဒီဆိုင်း၊ ဝေါရှိက တမူ ထူးခြား သည်။ ဒီဇိုင်းဆရာက ကွယ်လွန်သူ မန္တလေးသား မောင်ကောင်းဖြစ်သည်။ မူပိုင်ထုတ်လုပ်သူက METAL ZONE ကိုဇော်ဝင်းရဲ့ညီ ကိုအောင်ဝင်းဖြစ်သည်။ ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း စီးရီးခွေက ဟယ်ရီလင်းကို ဂီတစင်မြင့်ပေါ် ရောက်စေခဲ့သည်။ အခုနောက်ဆုံးထွက်ခဲ့သည့် နောက်လူမြည်းရင် ချိုပါစေ စီးရီးထိ ပရိသတ်အခိုင်အမာ ရှိနေဆဲ.. ကျန်းမာရေးအရ ခေတ္တ အနားယူနေရာမှ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတဲ့ ဟယ်ရီလင်းကို တွေ့ဆုံမေးမြန်း တင်ဆက် လိုက်ပါတယ်။

Saturday, 24 August 2013

" စိတ်ကူးတွေကို မပြောတာကောင်းတယ်။ မဖြစ်ရင် ရှက်စရာကြီးဗျာ။ " လို့ ပြောတဲ့ ကိုအငဲရဲ့ တိုတိုပြတ်ပြတ် အင်တာဗျူး...


လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သုံးဦးဟာ Rock ဂီတကို အထူးပြုတင်ဆက်တဲ့ အဆိုတော်တွေပဲ ဖြစ်ပါတယ်။ အဆိုတော်အငဲဟာ ၀ိဥာဉ်များနှင့် ကခုန်ခြင်းစီးရီးနဲ့ ဂီတလောကထဲ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ဇစ်မြစ်စီးရီးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်တဲ့ အဆိုတော်ပဲဖြစ်ပါတယ်။ အငဲရဲ့ အမ်ပလပ်စီးရီးဟာလည်း အထူးအောင်မြင်ထင်ရှားတဲ့ စီးရီးပဲဖြစ်ပါတယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သုံးဦးသီဆိုတဲ့ ရာစုသစ်စီးရီး LMN စီးရီးဟာလည်း အထူးကောင်းမွန် သေသပ်အောင်မြင်တဲ့ စီးရီးပဲဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်ခွေ စီစဉ်နေတဲ့ အငဲနဲ့ တွေ့ဆုံပုံကို တင်ဆက်လိုက်ပါတယ်

Idiots ရဲ့သီချင်းတွေထဲမှာ copy နဲ့ owntune ဘယ်ဟာ ပိုများလဲ။ Idiots copy မဆိုပါဘူး။


The Calling ရဲ့ Whatever You Will Go ကို ပြန်ဆိုဖြစ်တာကရော။
ဒါ Idiots band နဲ့ မဆိုင်ပါဘူး။ Idiots မဖွဲ့ခင် ၈ တန်းနှစ်လောက်က လုပ်ထားတာပါ။ အဲဒီတုန်းက ချာတိတ်ဆိုတော့ ဘာမှ မစဉ်းစားတတ်ဘဲ လုပ်ချင်စိတ်များပြီး လုပ်လိုက်တာ။ နောက် Idiots ဖွဲ့ပြီး ပွဲတော် (CD.VCD) ထွက်လာပြီးမှ အဲဒီအခွေ ထွက်လာတော့ Idiots copy ဆိုတယ် ထင်သွားကြတာ။ Copy ဆိုဖို့ နောက် အစီအစဉ်လုံးဝ မရှိပါဘူး။

လေးဖြူ ရဲ့ ပွင့်ပွင့်လင်းလင်း အင်တာဗျူး (၂၀၀၉)

အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့်စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မောင်မောင်ဇော်လတ်စကားထဲက လေးဖြူနဲ့မျိုးကြီး

The Ants အဖွဲ့ရဲ့ ပဲ့ကို်င်ရှင် မောင်မောင်ဇော်လတ်ဆိုတာ ၁၉၇၃ ဇန်န၀ါရီလ ၃၀ ရက်နေ့မှ ဖြစ်တည်ခဲ့တဲ့ လူသားတစ်ယောက် ။ စာပေသွေးပါတဲ့ မြန်မာစာကျောင်းဆရာ အဖေ ဦးစိုးမောင် ( ကလောင်နာမည် အင်းလေးမောင်တင်မြိုင် ) နဲ့ ဒေါ်သန်းနွဲ့တို့ရဲ့ တစ်ဦးတည်းသော သားအဖြစ် ကြီးပြင်းလာတဲ့လူတစ်ယောက် ။ သည်လူသားက သီချင်းတွေကို မြိုထားတဲ့ လူမို့ တစ်ခါတစ်လေ ကိုယ်တိုင်သီချင်းတွေကို ဟစ်ကြွေးတတ်သူ ၊ တစ်ခါတစ်ရံ သူများအတွက် သီချင်းတွေကို ဖွင့်အန်ပေးတဲ့သူ၊ သူလို လူစားမျိးမှာ အပေါင်းအသင်းမိတ်ဆွေက ထုနဲ့ထည်မို့ သူ့အကြောင်းသိတဲ့ လူတွေက သူ့အကြောင်းပြောတာ ကြားဖူးပါတယ် ။ ဒါပေမယ့် ဒီတစ်ခါတော့ သူက သူအပြောချင်ဆုံး မြန်မာပြည်ရဲ့ ကြယ်ပွင့် ယောကျာင်္းသားနှစ်ယောက်အကြောင်း တစ်စွန်းတစ်စပြောသွားခဲ့တယ် ။ သူပြောပြတဲ့ ပထမဦးဆုံးလူသားက လေးဖြူ .. လေးဖြူ .. လေးဖြူ .. ဆိုပဲ ။

ကျွန်တော် တကယ် relax ယူချင်ရင် ဘောလုံးပွဲ ကောင်းကောင်းလေး တစ်ပွဲ ကြည့် လိုက် တယ် ဆိုတဲ့ Memorable Person တယောက် ဒါမှမဟုတ် တေးရေး ကေအေတီ နှင့် အင်တာဗျူး.......

ဆရာကေအေတီ ဂီတလမ်းကြောင်းပေါ် စတင် ရောက်ရှိ လာတဲ့ တေးရေးဆရာ ဘဝအစကို ပြောပြပေး ပါဦး။

အရင်တုန်းကတော့ မန္တလေး တက္ကသိုလ်စတက် တုန်းက ကိုယ်ပိုင် သံစဉ် သီချင်းတွေ ကိုယ့်ဘာသာ ကိုယ် စရေးဖြစ်တယ်။ အဲဒီလို ရေးနေတဲ့ အချိန်မှာ ရန်ကုန်က အဆိုတော် အသ စ်တစ်ယောက် နယ်ကို လိုက်ပြီး ကျောင်းသားတွေ ဆီက သီချင်းတွေလိုက် စုနေတယ်။ အဲဒီ အဆိုတော်နဲ့ ကျွန်တော် တွေ့ဖြစ် သွားပြီး ကျွန်တော်ရေး ထား တဲ့ သီချင်းတွေထဲက သီချင်း တစ်ပုဒ်ကို သူယူလိုက် တယ်။ အဲဒီသီချင်းက ကျွန်တော့် ဂီတအစ သီချင်းလို့ပြောလို့ ရပါတယ်။ စရေးတဲ့အခါမှာ အနုပညာကြေး လည်း ရတယ် ပေါ့။ ဒါပေမဲ့ သူက ကျွန်တော့်သီချင်းကို ဆိုလည်း ဆိုပါ တယ်။ အပြီးအစီး လုပ်ပြီးမှ သူက အခွေ မထွက်ဖြစ် ဘူး။ နိုင်ငံခြား သင်္ဘော လိုက်သွားတယ်။ ဒီတော့ ကိုယ့်သီချင်း ကိုယ်ပြန်မကြားလိုက်ရဘူးပေါ့။ အဲဒီလိုမျိုးလေးတော့ ရှိ ခဲ့တယ်။

ထူးအိမ်သင်နှင့် ပတ်သက်သော ဆောင်းပါးအချို့မှ ပြန်လည်ကောက်နှုတ် ဖော်ပြချက်

ဒီနေ့ Rap ဂီတ အပေါ်မှာကော ကိုငှက် ဘာတွေ ပြောစရာ ရှိဦးမလဲ
အင်း ဘာမှတော့ ကျွန်တော်သိပ်ပြောစရာ မရှိပါဘူးဗျ။ ဒါလဲ သူတို့လှိုင်းနဲ့ သူတို့ပေါ့။ ဒီအချိန်မှာ သူတို့လှိုင်း အတက်နဲ့ ကြုံတော့ သူတို့လဲ ဒီလှိုင်းကို စီးကြတာပေါ့နော်။ ဟို အားသာချက် အားနည်းချက် ဆိုတာကတော့ တစ်ခုချင်းစီမှာ အကုန်လုံး ရှိကြတာပဲ။ Melody နဲ့ လုပ်လို့မရတဲ့ ကိစ္စကို Rapping နဲ့ လုပ်လို့ရနိုင်တယ်။ Rapping မှာ လုပ်လို့မရတဲ့ ကိစ္စတွေကိုလည်း Melody မှာ လုပ်လို့ရတာဆိုတော့ သူ့နေရာနဲ့သူ အသုံးချနိုင်ဖို့ပဲ အရေးကြီးတာပဲ။

Avenged Sevenfold ရဲ့  Hail To The King album


ပရိသတ် အများစု ရဲ့ ရင်ကို စွဲစောင် ထားတဲ့ A7X ရဲ့  Hail to the King A7X album ဟာ ထွက်လာပါပီး... album ရဲ့ တရားဝင် ထွက်မည့်နေ့ က August 27 ရက် နေ့ ဖြစ်ပါပေမယ့် ... ။ Album မထွက်မှီ Old school လမ်းစဉ် အတိုင်း Heavy Metal တွေ ရဲ့  လမ်းစဉ် အတိုင်း သွားမည်ဟု ပြောထားတဲ့ Matt Shadows ရဲ့ စကား တကယ် ဟုတ်မဟုတ် ဒေါင်းပီးနားထောင်ကြည့် လိုက်ရအောင်........

Tuesday, 20 August 2013

၂၁ရာစုရော့ခ်ဂီတရဲ့ စုစည်းမှုပြယုဂ် (သို့မဟုတ်)SIR ရော့ခ် အဖွဲ့

မြန်မာပြည်ရဲ့ ခေတ်သစ် ရော့ခ်ဂီတလောကမှာ အရှိန်အ ဟုန်ပြင်း စွာနဲ့ ဂီတလောကကို ချီတက်နေကြတဲ့SIR ရော့ခ် အဖွဲ့ကိုတော့ လူငယ်တိုင်း သိကြမှာဖြစ်ပါတယ်။ Big Bag, Wanted, idiots, Resaon စတဲ့နာမည်ရ လူငယ် ရော့ခ်band တွေ စုပေါင်းဖွဲ့ စည်းထားကြတဲ့ SIR အုပ်စု ဟာ လူငယ်ရော့ခ်ပရိသတ် အ များအပြားရဲ့ အားပေးမှုကို လည်းရရှိထားပြီး စုစည်းညီ ညွတ်စွာရှေ့ဆက်နေကြတဲ့ အ ဖွဲ့လည်းဖြစ်ပါတယ်။ band တစ်ခုချင်းစီရဲ့အားကို စုပေါင်းပြီး SIR ဆိုတဲ့ နာမည်နဲ့ တည်ေ ဆာက် လိုက်တဲ့ ရော့ခ်အ ဖွဲ့များက တစ်ယောက်ချင်း ပရိ သတ်အပြင် အဖွဲ့လိုက်ပေါင်း စုမှုရဲ့ပရိသတ်အားတွေပါ ရရှိ လာခဲ့ကြ ပါတယ်။

ကိုကျားပေါက်နှင့် ဦးညီထွဋ်တို့ ပြောတဲ့ ပန့်ခ် ဂီတသည် လူရမ်းကားများ အတွက်မဟုတ်

“ပန့်ခ်ဂီတရဲ့ အနှစ်သာရကို သူတို့ ဘာမှ မသိဘူး။ ဒီခေါင်းစဉ် အောက်မှာ ရှိနေတာနဲ့ သူတို့ လုပ်ချင်တာ၊ ဆဲချင် ဆိုချင်တာ အောက်တန်း ကျကျ ရိုင်းပြလို့ ရတာတွေ အကုန် လုပ်လို့ ရတယ်လို့ ထင်နေကြတယ်” ဟု မြန်မာ နိုင်ငံတွင် ပန့်ခ်ဂီတကို ပထမဆုံး စတင်ခဲ့သူ အဆိုတော် ဟန်ထူးလွင် (ခေါ်) ကျားပေါက်က ပြောသည်။

Sunday, 18 August 2013

ကျားပေါက်ဘ၀ အစ အင်တာဗျူး


သားသမီးဆိုတာ မိဘရဲ့ အမွေကို ဆက်ခံကြရပါတယ်။ “မွေခံထိုက်စေ” ဆိုတဲ့ သားသမီးဝတ်တစ်ပါးအရ အနုပညာ လောကမှာလည်း မိဘရဲ့ အနုပညာ အမွေကို ဆက်ခံကြသူတွေ ရှိကြပါတယ်။ အနုပညာလောက ဆိုရာမှာ စာပေဂီတ၊ ပန်းချီ၊ရုပ်ရှင် စသဖြင့်ပေါ့။ တစ်နည်းအားဖြင့် ဒါဟာ ကြည်နူးစရာ နှစ်သက်စရာပါ။ အဲဒီလို မိဘရဲ့ အနုပညာအမွေကို ဆက်ခံကြသူတွေထဲမှာ အဆိုတော် ရင်ဂိုရဲ့သား ဟန်ထူးလွင်( သူ့ကိုကျားပေါက်လို့လည်း ခေါ်ကြတယ်) လည်းပါဝင်ပါတယ်။ ဒါပေမယ့် သူက သူ့ဖခင်လို Rock တွေ Pop တွေ မဆိုပါဘူး။ ဂီတလောကကို စ၀င်လာတဲ့ ပထမခြေလှမ်းမှာ ကတည်းကကိုက ဒီလိုကြေညာခဲ့ပါတယ်။ “အားလုံးအတွက် ပန့်ခ်”တဲ့။ Drum သံမြန်မြန် Bass သံဆူဆူ၊ Punk တွေနဲ့ လုံးလားထွေးလား မြင်နေရတဲ့ ဟန်ထူးလွင်ကို မေးခွန်းအချို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

Saturday, 17 August 2013

Biography of Zakk Wylde

ကျနော်ဒီတခါတော့ Zakk Wylde ရဲ့ Biography လေးရေးပြချင်ပါတယ်။အားလုံးပဲအချိန်ခနလောက်ပေးပီးဖတ်စေချင်ပါတယ်။
Zakk ရဲ့ Bio လေးမဖတ်ခင် Zakk ရရှိခဲ့တဲ့ဆုတွေကိုအရင်လေ့လာကြည့်ရအောင်ဗျာ။
" Most Valuable Player"
"Guitar World " (US) magazine in polls in 2005
" Best Metal Guitarist "
"Number 1 Shredder"
"Metal Hammer" UK magazine "Riff Lord" and "Golden God "awards အဲဒါတွေကတော့zakkရရှိခဲ့တဲ့ဆုတွေပါ။
ဒါဆိုရင်Zakk ရဲ့ Bio လေးကို စလေ့လာရအောင်ဗျာ။

အောင်လနှင့် သူ၏ Tattoo

₮₳₮₮☮☮

Tattoo ကိုဘယ်အချိန်ကစပြီး စိတ်ဝင် စားခဲ့တာလဲ။

အသက် ၁၂ နှစ် ၁၃ နှစ်လောက်ကတည်း ကစပြီး စိတ်ဝင်စားခဲ့တာပါ။ စထိုးဖြစ်တာတော့ ၂ဝဝ၈ ခုနှစ်လောက်မှာပဲ စထိုးဖြစ်တာပါ။ ဒီဆရာခေါင်းကြီး (ရိုးသစ်နွယ်)နဲ့ ပါပဲ။

Tattoo  အမျိုးအစားတွေထဲက ဘာအ မျိုးအစားတွေကိုကြိုက်လဲ။

အခုကျွန်တော်ထိုးထားတာက ဗြဲတွေ ပေါ့။ နောက်Machine ပုံတွေကြိုက်တယ်။ ဒီပုံတွေက သူ(ဆရာခေါင်းကြီး) ဆွဲပေးတာပဲ လေ။ သူဆွဲပေးတဲ့ပုံတွေပဲ ထိုးဖြစ်ပါတယ်။

ကိုယ့်စိတ်ကြိုက်ဆေးအမျိုးအစားကို ရွေး ချယ်တာလား။ ပညာရှင်သုံးတဲ့ ဆေးအမျိုးအ စားအတိုင်း ထိုးတာလား။

ဆရာခေါင်းကြီးပဲ ရွေးတာပါ။

ဆေးအရောင်တွေထဲမှာ ဘယ်အရောင် ကြိုက်လဲ။

ကျွန်တော်က အမည်းပဲကြိုက်တာ။ ကာလာပါရင် သိပ်မကြိုက်ဘူး။ ဒါပေမဲ့ အခု တော့ သူ့ကာလာလေးတွေက မိုက်တယ်။ အဲ ဒါကြောင့် အခုမှ ကာလာပထမဆုံးစပြီး တင် ဖြစ်တာ။

Monday, 12 August 2013

Iron Cross နှင့် ချစ်စမ်းမောင်ဖြစ်တည်ပုံ

လူမှုရေးလုပ်ငန်းတွေ လုပ်ဦးမည့် ဂစ်တာသမား

မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး တေးဂီတဝိုင်း တစ်ဝိုင်းဖြစ်သည့် Iron Cross တီးဝိုင်း၏ Lead ဂစ်တာသမားတစ်ဦးအဖြစ် နှစ်ပေါင်းများ စွာ အောင်မြင်မှု ရရှိထားသူ၊ လူမှုရေးလုပ်ငန်းများလည်း လုပ်ဆောင် သွားဦးမည့်သူမှာ ချစ်စမ်းမောင်ဖြစ်သည်။

သူ့ကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ နွယ်ခွေ ကျေးရွာတွင် သင်းအုပ်ဆရာဖခင်နှင့် သာမန်အိမ်ရှင်မတစ်ဦး ဖြစ်သော မိခင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ငါးဦးရှိပြီး သူကအငယ်ဆုံးသား ဖြစ်သည်။

ဘဝတွင် ဂစ်တာသမားတစ်ဦးအဖြစ် အောင်မြင်မှု ရရှိနေခြင်းမှာ ဘုရားပေးသော ပါရမီကြောင့်ဟု ယူဆကြောင်း သူကဆိုသည်။

လေးနှစ်သားတွင် ဂစ်တာစတီး

Sunday, 11 August 2013

‪#‎Punk‬ Subculture


ပန်ခ့်ယဉ်ကျေးမှု ဆိုတာဟာ ပန်ခ့်ရော့ခ်ဂီတ အပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှု ပုံစံကွဲတစ်ခု ဖြစ်ပါတယ်။ ပန်ခ့်လှုပ်ရှားမှုဟာ ၁၉၇၀ ခုနှစ် အလယ်ပိုင်းကနေ နှောင်းပိုင်းတ၀ိုက် ဗြိတိန်၊ အမေရိကားနဲ့ သြစတြေးလျက ပိုမိုကျယ်ပြန်တဲ့ ရောခ့်အင်ရိုးလ် ဂီတရပ်ဝန်းကနေ စတင်ပေါ်ထွက် လာချိန်ကတည်းက ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပြီး ကွဲပြားခြားနားတဲ့ ပုံစံအမျိုးမျိုး အဖြစ် တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။

Saturday, 10 August 2013

"The big show in bag (3) ပြုလုပ်တော့မယ့် ကျားပေါက်"



ကျားပေါက်တို့ Blood Sugar Politik အဖွဲ့က ဇူလိုင်လထဲမှာ ဗီယက် နမ်ကို ဒုတိယအကြိမ် သွားရောက်ဖျော်ဖြေခဲ့ကြပြီး ဒီတစ်ခေါက်မှာတော့ ရိုက်ကူးရေးနဲ့ ရုပ်သံထုတ်လွှင့်မှုအပိုင်းတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။

ကျားပေါက်က Blood Sugar Politik အနေနဲ့ ဖျော်ဖြေ ပွဲတွေ တောက် လျှောက် လုပ်နေပေမယ့် Big Bag အနေနဲ့လည်း မနားတမ်း လှုပ်ရှားနေပါတယ်။ ကျားပေါက်တို့ Big Bag ရဲ့ The Big Show in Bag (3) ကိုတော့ စက် တင်ဘာလ ၂၁ ရက်၊ ကန်တော်ကြီး မျှော်စင်ကျွန်း မှာ ပြုလုပ်တော့ မှာဖြစ်ပါ တယ်။ ဒီတစ်ခေါက် ရှိုးကို စတိတ် စင် နှစ်ခု နဲ့ ဖျော်ဖြေပွဲကို ကျင်းပမှာဖြစ်ပြီး Unplugged စတိုင် လည်းဖျော်ဖြေ မှာဖြစ်ကြောင်းကို ကျားပေါက်က ..

Friday, 9 August 2013

“ကျွန်ုပ်၏ဆံပင်သည် ကျွန်ုပ်၏အမှတ်သင်္ကတ အလံတော်ဖြစ်သည်..” ဟု ခံယူခဲ့သူ တဦးအကြောင်း

ငြိမ်းချမ်းအေး
၀၆ ၊ ဖေဖေါ်ဝါရီ ၊ ၂၀၁၃

ငယ်ငယ်က နိုင်ငံတကာ ဘောလုံးပွဲကြည့်ရင် ကွင်းထဲမှာ ဆံပင်ရှည်တလွှားလွှားနဲ့ အားကြိုးမာန်တက် တကွင်းလုံးအနှံ့ ပြေးလွှားကစားတတ်တဲ့ အမေရိကန် အနောက်ပိုင်း သေနတ်ပစ်ကားတွေထဲက “Red Indian” ရုပ်နဲ့ တောင်အမေရိကသားကြီး တိုက်စစ်မှုး ဇာမိုရာနို ကို အားပေးခဲ့တယ်။ ဇာမိုရာနိုဟာ ဘောလုံးကစားရာမှာ စိတ်ဓာတ်ကောင်းရုံတင်မကဘဲ သူ အမြဲဝတ်ဆင် တန်ဖိုးထားတဲ့ ကျောနံပါတ် (၉) ကို သူ့နောက်မှ အသင်းကို ရောက်လာတဲ့ လူငယ်ခြေတက် တိုက်စစ်မှုး အတွဲကို ပေးဝတ်၊ သူကတော့ သူ့ဂျာစီအင်္ကျီကျောမှာ (၁+၈) လို့သာ စိတ်အာသာပြေ ရေးထိုးဝတ်ခဲ့ပြီး ကျေနပ်နိုင်လောက်အောင် စိတ်သဘောထားကြီး ခဲ့တယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလည်း ဖြစ်တဲ့ အဲဒီ သူရဲ့ တွဲဖက် တိုက်စစ်မှုး ကို နိုင်ငံအသင်းချင်းပြိုင်တဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲ မှာ ပြိုင်ဘက် အနေနဲ့ ရင်ဆိုင်တွေ့ပြီး သူ့အသင်း ရှုံးနိမ့်သွားတော့ ဆက်လက်အောင်မြင် ဖလားဆွတ်ခူးနိုင်ဖို့အတွက် ဆုမွန်ကောင်းရှည်ကြီး တောင်းပေးနိုင် လောက်အောင်လည်း မနာလို၊ ဝန်တိုစိတ်ကင်း သဘောထား ဖြူစင်ခဲ့တယ်။
အလားတူပဲ ငယ်စဉ်က ကျနော့်ရဲ့ ဗမာပြည် နိုင်ငံခြားသံစဉ်မှီး အပြင်းစား ရော့ခ်ဂီတ စင်မြင့်မှာလည်း ကြေးနီရောင်အသားအရေ၊ နှာတံမြင့်မြင့် ပေါ်ပေါ်၊ လူနီရိုင်း အသွင်သဏ္ဍာန် မျက်နှာ၊ ဆံပင်ရှည်တလွှားလွှားနဲ့ ရော့ခ်သီချင်း အပြင်းစားတွေကို အားပါတရ စင်မြင့်တလျှောက် ပြေးလွှား ခုန်ပေါက် အော်ဟစ်၊ ဟစ်ကြွေးတတ်တဲ့ အညာသား ရော့ခ်ကာကြီး တယောက်ကို အားပေးခဲ့ဖူးတယ်။
သူဟာ ကျနော့်အတွက် နိုင်ငံခြားသံစဉ်မှီး အပြင်းစား ဗမာ ရော့ခ်ဂီတ ရဲ့ တဦးတည်းသော ရော့ခ်ဧကရာဇ်ကြီးလည်း ဖြစ်ခဲ့တယ်။
သူဟာ ကျနော့်အတွက် ဗမာပြည် ကိုယ်ပိုင်သံစဉ် ရော့ခ်ဂီတ ကို ရှေးဦးလမ်းဖောက်ခဲ့တဲ့ ဆလိုင်းသွှအောင် နဲ့ ဂျေမောင်မောင် ပြီးရင် တန်ဖိုးထား အသိအမှတ်ပြုရဆုံး အဆိုတော် ဗမာ ရော့ခ်ကာကြီးလည်း ဖြစ်တယ်။
သူဟာ ကျနော်နဲ့ ရင်ဘတ်ချင်းတူ တခေတ်တည်းကြီးပြင်းခဲ့ရတဲ့ လူငယ်တချို့ရဲ့ နှလုံးသားရင်ခွင်နန်းတော် ကို ရော့ခ်ဂီတနဲ့ နန်းစိုက်သိမ်းပိုက် နိုင်ခဲ့သူလည်းဖြစ်တယ်။
သူဟာ သူရဲ့ အောင်မြင်ချိန်တွေမှာ စည်းစိမ် အပြုတ်ခံပြီးတော့ကို ရော့ခ်ဝါသနာရှင် လူငယ်တွေကို မြေတောင်မြှောက်ပေးတတ်တဲ့ စေတနာရှင်ကြီးလည်းဖြစ်တယ်။
သူဟာ သူဆိုခဲ့တဲ့သီချင်းတွေနဲ့ သူ့ရဲ့ နောက်ပေါက်တွေ အောင်မြင်မှုရ၊ သူ့ကို ကျော်သွားနိုင်တာကိုလည်း မနာလိုဝန်တိုစိတ်ကင်း ကျေနပ်နေနိုင်တဲ့ စိတ်သဘောထားပြည့်ဝသူလည်း ဖြစ်တယ်။

အနုပညာရှင်တို့၏ ဆုံမှတ် (လူဇော်ဟန်)


ဆုံမှတ်(၁)။ ။ အယ်ဖြူ ရေးဖွဲ့ပြီး ထူးအိမ်သင် သီဆိုခဲ့သော သီချင်းများ

`နည်းနည်းလေးတော့လွဲနေမယ်… လွဲလွဲလေးပဲကောင်းပါတယ်…
စိတ်ကျေနပ်ရင်ပြီးတာပဲ…နေတတ်ရင် အေးဆေးလေး´
ထိုသီချင်းက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အောင်မြင်မှုရခဲ့သည့်သီချင်းဖြစ်သည်။ သီချင်းအမည်က `တစ်နေ့စာအလွဲများ´ဖြစ်ပြီး တေးရေးက­ အယ်ဖြူ၊ တေးဆိုကထူးအိမ်သင်။ အခုတော့ သူတို့နှစ်ဦးစလုံး ကြွေလွင့်ခဲ့ကြပါပြီ။ ၂၀၀၄ ခုနှစ်တစ်နှစ်တည်းမှာပဲသူတို့နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြခြင်းဖြစ်သည်။ အယ်ဖြူက မေ ၂၇ မှာကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ထူးအိမ်သင်က သြဂုတ် ၂၄ မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးမကွယ်လွန်မီ နောက်ဆုံးထွက်ရှိထားသော သီချင်းဖြစ်တာကြောင့်တစ်ကြောင်း၊ ဆုံခဲလှသည့် တေးရေးဆရာနှင့်အဆိုတော်တို့ တစ်နှစ်တည်းကွယ်လွန်ခဲ့တာကြောင့်တစ်ကြောင်း ထိုသီချင်းက ထူးခြားလို့နေသည်။ထိုသီချင်းက တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ရောက်ရှိသွားပြီး ရေပန်းစားခဲ့သော်လည်း ထိုသီချင်းလောက်လူသိမများပေမယ့် အနုပညာမြောက်သည့် သီချင်းတချို့မှာလည်း သူတို့နှစ်ဦး ဆုံစည်းခဲ့ကြဖူးပါသည်။

သီချင်းစာသားဓာတ်ခွဲခန်း (မိုနိုလေး)




ရောဂါအမျိုးအစား - မောင်မောင်ဇော်လတ်ရဲ့ အဖေပီသတဲ့ အဖေနဲ့ Dream Theater ရဲ့ သိက္ခာမရှိတဲ့ အယောင်ဆောင် အဖေ

ရောဂါဖြစ်ရခြင်း အကြောင်းရင်း

လောကဓံရဲ့ တောကြီးမျက်မည်းထဲမှာ လမ်းပျောက်တဲ့ အခါ ကံကြမ္မာရဲ့ ဆုပ်လည်းဆူး စားလည်းရု ပဒိုင်းသီးတွေ ရင်ဝတည့်တည့်ပေါ် ကြွေကျလာတဲ့ အခါ ဘ၀ရဲ့ ပင်လယ်လေထန်လှိုင်းကြီးချိန်မှာ အသက်ကယ်လှေပျောက်တဲ့ အခါ မွေးရာပါအားကိုးစိတ်နဲ့ အဖေလို့ အော်ခ်ါမိကြမှာပါ.။ အဖေနဲ့ သားဆိုတာ နီးနီးကပ်ကပ် ရှိနေတဲ့ အခါမှာ တည့်ခဲပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ညဥ့်နက်အောင် ထိုင်ရင် သူများအိမ်ရှေ့မှာ အော်ကြီးဟစ်ကျယ် ဂစ်တာသွားတီးလို့ ဆူရင် ၊အရက်သောက်လို့ဆူရင်၊ လောင်းကစားလုပ်လို့ ဆူရင်၊ အဖေပြောတာ အမှန်တရားဆိုပေမယ့် ခါးတယ်ထင်တတ်ကြပါတယ်။ အဖေ့တန်ဖိုးကို အဖေ မရှိတော့မှ သိတယ်ဆိုတဲ့ စကားဟာ အမှန်ဆုံးပါ။ အဖေနဲ့ ဝေးနေမှ၊ အဖေမရှိတော့မှ အကာအကွယ်မရှိတဲ့ စစ်သားလို လောကသတ်ကွင်းတွေထဲမှာ အဖေ့ကို အော်ခေါ်ကြတော့တယ်။ အဖေဆိုတာ အဖေလို ကောင်းကြတာပါပဲ။ခြွင်းချက်အနေနဲ့ မကောင်းတဲ့ အဖေတွေရှိမှာပါ။ ဒါပေမယ့် အဖေစိတ်ရှိမှ အဖေဖြစ်တာပါ။ အဖေအကြောင်းရေးတဲ့ သီချင်းရှားပါတယ်။ အဖေကိုဖွဲ့ဆိုဖို့ထက် အမေ့ကို ဖွဲ့ဆိုဖို့သာ နီးစပ်ကြပါတယ်။ သားတွေဟာ အဖေ့ထက် အမေ့ကို ပိုပြီးတွယ်တာတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ခင်ဗျားတို့ရင်ထဲက အဖေ့အတွက် သီချင်းတစ်ပုဒ်လောက် ဖွဲ့ဖို့ ကြိုးစားခဲ့ကြဖူးမှာပါ။ အဖေဆိုတဲ့ မိသားစုရဲ့ အကြီးမားဆုံးခံတပ်ကြီးအတွက် ခင်ဗျားတို့တွေ အမှန်တရားကို အမှန်တရားလို မြင်ဖို့ပါ။ ဒီသီချင်းစကားပြေ နှစ်ပုဒ်ကို ဖတ်ပြီး ခင်ဗျားတို့ရင်ထဲမှာ အဖေသီချင်းသစ်တွေ ဖန်တီးချင်စိတ် ရှိလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကတော့ ကိုမောင်မောင်ဇော်လတ်ရဲ့ တာဝန်ကျေတဲ့ အဖေနဲ့ Dream Theater ရဲ့ဝတ်ကျေတန်းကျေ အဖေနှစ်ယောက်ကို နှိုင်းယှဉ်ချင်ပါတယ်။ အဖေ့ကို အဖေလို့ မြင်သူနဲ့ အဖေ့ကို အဖေလို့ မထင်သူ နှစ်ယောက်အကြောင်းပါ။ အဖေ့ကိုချစ်တဲ့စိတ်နဲ့ အဖေ့ကို မုန်းတဲ့စိတ် ဒီနှစ်ခုထဲက တစ်ခုခုကို ခင်ဗျားတို့ လက်ခံရမှာပါ။ ကျွန်တော်ကတော့ ချစ်ရတဲ့ အဖေနဲ့စထားပါတယ်။ ကိုမောင်မောင်ဇော်လတ်ရဲ့ ဖန်တီးအားကို ကြိုက်လို့ပါ။ ကိုလေးဖြူရဲ့ လိပ်ပြာစီးရီးထဲကပါ။ အယူအဆမှားခဲ့ရင် ကိုဇော်လတ်ကို တောင်းပန်ပါတယ်။
http://www.youtube.com/watch?v=ew7K-VoBbpY

ကျားပေါက် (ဟန်ထူးလွင်) ရဲ့ အခြားဖက်မျက်နှာ

အနုပညာ သမားဆိုတာ ကျွန်တော် အရမ်း ဂုဏ်ယူတာပဲ။ ဖန်တီးတယ် ဆိုတဲ့ စကားကို ကျွန်တော် အရမ်းဂုဏ်ယူတာကိုး။ အဲဒါ ဘုရားသခင်ကို သုံးတယ်။ နောက်ပြီး တော့ သိပ္ပံပညာရှင်တွေရှိတယ်။ အနုပညာရှင်တွေ ရှိတယ်။ အဲဒီစကားလုံးကို တွင်တွင်သုံးခွင့်ရတာပေါ့။ နောက်ပြီး ကိုယ်ရေးတဲ့ သီချင်းတစ်ပုဒ် ဘာအကြောင်းပဲ ရေးရေး ကမ္ဘာမှာ မရှိဘူးလေ။ ကိုယ်တစ်ယောက်တည်း ပိုင်တယ်။ ဒီစာလုံးတစ်လုံး၊ ဘယ်သူမှမပိုင်ဘူး။ ကိုယ်ဖန်တီးတယ် ကိုယ်ပဲပိုင်တယ်ဆိုတာကို ဂုဏ်ယူတာ။ အဲဒီကြောင့်လည်း မူးယစ်ဆေးဝါးတွေ ဘာတွေနဲ့ ဘယ်တော့မှ သုံးစွဲမှာ မဟုတ်ဘူး။ သူ့ဟာသူ စိတ်ထဲကနေ သန့်သန့်လေးကျလာတဲ့ အလိုအလျောက် ထွက်လာတဲ့ ဟာလေးကို အရမ်းတန်ဖိုးထားတယ်။ ဖိအားပေးပြီး ထွက်လာတဲ့ အရာကို အနုပညာလို့ ကျွန်တော်မမြင်ဘူး။ ကျားပေါက် (မုခနှင့် အင်တာဗျူးမှ)
By: We Love Music

Thursday, 8 August 2013

ကိုယ်လုပ်တဲ့ လုပ်ရပ် အပေါ်မှာ တာဝန်ယူတယ် ဆိုသူ ‘သံမဏိ လိပ်ပြာ’ဖန်တီးရှင် လင်းလင်း နဲ့ တွေ့ဆုံခြင်း

လင်းလင်းရဲ့ တတိယ တစ်ကိုယ် တော် ‘သံမဏိလိပ်ပြာ’ စီးရီးကို ဇူလိုင်လ ၁၉ ရက်နေ့က ထွက်ရှိခဲ့ပ တယ်။ ထွက်ရှိပြီး မကြာ ခင်မှာပဲ ထင်မှတ် မထားလောက်တဲ့ ရောင်းအား နဲ့အတူ အခွေများ ပြတ်လပ် သလောက်ကို ကုန်သွားခဲ့ပြီး သြဂုတ်လ ပထမ အပတ်မှာ လင်းလင်း ကိုယ်တိုင် အခွေ ထပ်ကူးဖို့ ဘန်ကောက်ကို သွားခဲ့ ရကြောင်းလည်း သိရပါ တယ်။ အဲဒီအခွေနှင့် ပတ်သက်ပြီး ပါဝင်တဲ့ သီချင်းများ အရ ဝေဖန်သံများ ညံခဲ့တာကြောင့် ပရိသတ် တွေသို့လော၊ သို့လော ဖြစ်နေစေတဲ့ မေးခွန်း တချို့ကို လင်းလင်းနဲ့ အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။

Sunday, 4 August 2013

စစ်တုရင်ကစားနည်း နဲ့ အောင်လ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေ ဆောင် ကမ်းခြေတို့မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီးမှာ အားကစားနည်း ၃၃မျိုး ထည့် သွင်း ကျင်းပ သွားမှာဖြစ်ပါတယ်။ ပေါ်ပြူ လာ ဂျာနယ်က တင်ဆက်နေကျဖြစ် တဲ့ ဆီးဂိမ်း လှုံ့ဆော်ရေး အားကစား ကဏ္ဍ အတွက် ဒီတစ်ပတ် မှာလည်း စစ် တုရင် အားကစားနည်း ကို အနုပညာ ရှင် အောင်လနဲ့ ရိုက်ကူးခဲ့ပါတယ်။

Saturday, 3 August 2013

Hard Rock - သမိုင်း အကျဉ်း

1960 ခုနှစ် အလွန်က စတင်ဖြစ်တည်လာခဲ့တဲ့ Hard Rock Genre ဟာ များပြားလှစွာသော Rock အမျိုးအစားတွေထဲက တစ်ခုဖြစ်ပြီး 1960 ခုနှစ်တွေမှာ အရမ်းအောင်မြင်နေတဲ့ Garage Rock ,Blues Rock တို့ ကို အရင်းခံတယ် လို့ ပြောလို့ ရပါတယ် ..

Friday, 2 August 2013

Wanted new ablum-တစ်ယောက်တနေရာမှ

ဒီနေ့မှထွက်ထားတဲ့ Wanted ရဲ့ အယ်ဘန်အသစ်လေးပါ... ထူးခြားတာကဒီနေ့က Wanted vocal ကြီး Fokker ရဲ့ မွှေးနေ့လည်းဖြစ်ပါတယ်....

Thursday, 1 August 2013

အိမ်ရှင်-လေးဖြူ အငဲ Sea game song

ဦးလေးဖြူနဲ့ ဦးအငဲတို့  Sea Game အတွက်ဆိုထားတဲ့ အိမ်ရှင်ဆိုတဲ့ သီချင်းလေးပါဗျာ...

Download  လုပိပြီးသိမ်းထားချင်သူတွေအတွက်ကတော့ အောက်ကလင့်မှာယူနိုင်ပါတယ်.. 

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar