Thursday, 29 August 2013

သီချင်းခွေဝယ်ဖို့ ပိုက်ဆံ ရှိပေမယ့် အင်တာနက် Download ဆွဲခြင်းကို စိတ်မကောင်းဘူး ဆိုသူ ဖော်ကာ


တေးသီချင်း အခွေဝယ်ရန် အဆင် မပြေ၍ အင်တာနက် မှ Download ဆွဲခြင်းကို ပြောစရာ မရှိသော်လည်း ပိုက်ဆံ ရှိပြီး Download ဆွဲခြင်းမျိုး ကို စိတ် မကောင်းကြောင်း အဆိုတော် ဖော်ကာက ပြောသည်။


Wanted အဖွဲ့ရဲ့ ‘တစ်ယောက် တစ်နေရာမှ’ ဆိုတဲ့ စီးရီးက စီးရီးထွက် ပြီးပြီးချင်းမှာပဲ အွန်လိုင်းမှာလည်း Download ပြုလုပ်နားဆင်ရန် လင့်ခ် များလည်း တက်လာ ခဲ့ပြီး အခွေ ဝယ်ဖို့ အဆင်မပြေတဲ့ သူများ အတွက်လည်း ဒီ လင့်ခ်တွေက တစ်ဆင့် နားဆင် ကြတာ လည်း တွေ့ ရပါတယ်။ ခုလို ဖရီး Download လင့်ခ်တွေအပေါ်မှာ လည်း ဖော်ကာ က ”အခွေ ဝယ်ဖို့ အဆင်မပြေ တဲ့ သူတွေ အတွက်တော့ ဒီလင့်ခ်တွေက အဆင်ပြေတာပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ အခွေတွေ အစုံ ရောက် ဖို့ နောက်ကျတယ် ဆိုတာက လည်း အခွေတွေ အများကြီး အလွန်အကျွံ မကူးရဲတာလည်း ပါတယ်။ ကူးထား တာကတော့ လက်ရှိ အရေအတွက် အ များဆုံး ကူးတယ် ဆိုတဲ့ အထိတော့ ကူး ထားတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကျတော့လည်း အများကြီး ကူးရမှာ လက်တွန့်တာပေါ့။ ရှေ့မှာက လည်း ခိုးကူးတွေက ပေါခဲ့တာ ဆိုတော့ ကူးရ မှာ လက်တွန့်တာပေါ့။ ပိုက်ဆံလည်း ရှိပြီး အခွေလည်း ဝယ်ဖို့ အဆင်ပြေရဲ့ သားနဲ့ Download လုပ်တာမျိုးကို တော့ စိတ်မကောင်းဘူး” ဟု ဖော်ကာ က ပြောသည်။

ဖော်ကာက ”ကျွန်တော် လုပ်နိုင် သလောက် အားနဲ့ အကောင်းဆုံးတော့ လုပ်ခဲ့တာပါပဲ။ ရှိုးတွေမှာ ပိုအားစိုက်ရမယ် ဆိုတာကလည်း သိပါတယ်။ ဒါပေမဲ့ ကိုယ့်သီချင်း ကိုယ် ဆိုတာ ဖြစ်တဲ့ အတွက် အရမ်းတော့ မခက် ခဲနိုင်ပါဘူး။ ပိုတော့ ပင်ပန်းမှာပေါ့။ ပင်ပန်းတာ နဲ့ အညီ ပရိသတ်တွေ လည်း ပိုပျော်တယ် ဆိုရင် ကျေနပ်ပါပြီ” ဟု ပြော သည်။

၂ဝဝ၄ ခုနှစ်ခန့်မှာ ရောင်ခြည် အခွေကို စတင် ထွက်ရှိခဲ့သူ ဖော်ကာ Wanted အနေနဲ့ လက်ရှိ ၉ နှစ်အတွင်း တစ်ကိုယ်တော် အခွေ ထွက်ရှိ ထားနိုင်ခဲ့ ပြီး ၂ဝ၁၃ ဒီဇင်ဘာလ အတွင်း Wanted အဖွဲ့၏ One Band Show ကို တောင်ကြီးမြို့တွင် စတင်ပြုလုပ် တော့မည်ဟု သိရသည်။

”တောင်ကြီး၊ မန္တလေး၊ ရန်ကုန် ၃ ပွဲဆက်တိုက် လုပ်ဖြစ်မယ်။ ၂ ပတ်ခြား စီလောက် လုပ်ဖြစ်မယ် ထင်တယ်။ ဒီဇင်ဘာ နဲ့ ဇန်နဝါရီ နှစ်လမှာ ဆက် တိုက် လုပ်ဖြစ်မယ်။ တခြား Band အသစ်တွေလည်း ပါမှာပါ”။

”အခွေ ထွက်တာဆို ၉ နှစ် ရှိပြီ။ Band သက်တမ်း ဆိုလည်း ၁ဝ နှစ် ကျော်ပြီ။ ပေါက်သည်ဖြစ်စေ၊ မပေါက် သည်ဖြစ်စေ နှစ်တွေ အများကြီး လုပ်လာခဲ့ပြီး တစ်ခါတလေ ကျရင် ကိုယ့်ရဲ့ ပရိသတ်ကို သီချင်းတွေ အများကြီးဆို ပြချင်တယ်။ ကိုယ့်ကို ချစ်တဲ့ သူတွေကို လည်း မြင်ချင်လို့ပါ” ဟု ဖော်ကာ က ပြောသည်။
Wednesday, August 28, 2013

Credit - #ရဲရဲ ( Popular Myanmar )

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar