မြန်မာပြည်ရဲ့ ခေတ်သစ် ရော့ခ်ဂီတလောကမှာ အရှိန်အ ဟုန်ပြင်း စွာနဲ့ ဂီတလောကကို ချီတက်နေကြတဲ့SIR ရော့ခ် အဖွဲ့ကိုတော့ လူငယ်တိုင်း သိကြမှာဖြစ်ပါတယ်။ Big Bag, Wanted, idiots, Resaon စတဲ့နာမည်ရ လူငယ် ရော့ခ်band တွေ စုပေါင်းဖွဲ့ စည်းထားကြတဲ့ SIR အုပ်စု ဟာ လူငယ်ရော့ခ်ပရိသတ် အ များအပြားရဲ့ အားပေးမှုကို လည်းရရှိထားပြီး စုစည်းညီ ညွတ်စွာရှေ့ဆက်နေကြတဲ့ အ ဖွဲ့လည်းဖြစ်ပါတယ်။ band တစ်ခုချင်းစီရဲ့အားကို စုပေါင်းပြီး SIR ဆိုတဲ့ နာမည်နဲ့ တည်ေ ဆာက် လိုက်တဲ့ ရော့ခ်အ ဖွဲ့များက တစ်ယောက်ချင်း ပရိ သတ်အပြင် အဖွဲ့လိုက်ပေါင်း စုမှုရဲ့ပရိသတ်အားတွေပါ ရရှိ လာခဲ့ကြ ပါတယ်။
“SIR မှာအားလုံး လူ ၂၁ ယောက်ရှိတယ်။ အဲဒီတော့ တစ်ခုခု ဆိုရင် အားလုံးဝိုင်းပြီး စဉ်းစားတိုင်ပင်လို့ရတယ်။အား လုံးဝိုင်းလုပ်ကြတဲ့အတွက် ဖန် တီးမှုပိုင်းမှာလည်း ပိုပြီးလုပ် လို့ရ တယ်။ရည်ရွယ်ချက် တူကြ တဲ့သူတွေဖြစ်တဲ့အတွက် အ ဆင်ပြေတာပေါ့။ SIR ပွဲဆိုရင် လည်းကိုယ့် ပရိသတ်အစစ် တွေ ပဲ လာကြတော့ ရင်းနှီးပြီးသား တွေဖြစ်တဲ့အတွက် ဖန်တီးမှုကို စိတ်ကြိုက်လုပ်လို့ရတယ်။တစ်ဖွဲ့ချင်း တိုးမပေါက် တဲ့အ ရာတွေက SIR မှာစုစည်း ပြီးပိုရှေ့ရောက်တယ်။ဒီအထဲမှာပဲ ရော့ခ် ဂီတ အမျိုးအစား မု(ဒ်)အ မျိုးစုံ၊အရသာမျိုးစုံပေးနိုင် တယ်။အဲဒါလည်းအားသာ ချက်ပဲ။ အားပိုရှိတယ်” လို့လည်း ရေမွန်က ပြောပါတယ်။
ဝိုင်ဝန်းစုစည်းမှုအား ကြောင့် သူ့ပရိသတ် ကိုယ့် ပရိ သတ်ရယ်လို့ ခွဲခြားခွဲခြား မရှိတော့ဘဲ လေးဖွဲ့ဟာ တစ်ဖွဲ့ တည်းလို ဖြစ်သွားခဲ့တဲ့SIR မှာတော့ လူငယ်တွေ လည်း ဖြစ်တာ ကြောင့် တစ်ခါတလေ မှာ ကတောက် ကဆလေးတွေ လည်းရှိတတ်ကြပါတယ်။အဲဒီ့ အခါမှာလည်း စိတ်ထဲမျိုသိပ် မထားကြဘဲ မျက်နှာချင်းဆိုင်ပဲ ရှင်းလင်းလိုက်ကြတဲ့အတွက် ပျော် စရာကောင်းပြီးပွင့်လင်းတဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်နေပါတယ်။
”ကျွန်တော့် band မှာပဲ ဖြစ်ဖြစ်၊SIR အနေနဲ့ပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် က တောက်ကဆတ်ဖြစ်ရင်မျက်နှာ ချင်းဆိုင်ရှင်း တာအကောင်း ဆုံးလို့ထင် တယ်။စိတ်ထဲမှာ မျိုသိပ်ထားတာများရင် အဖုအ ထစ်ပိုများတဲ့အတွက်တစ်ခုခု ဆို တဲ့ရှင်းကြတာများတယ်။အဲဒီ့ အတွက် အခုလိုစည်းလုံးမှုနဲ့ ရှေ့ဆက်ကြတာပါ” လို့လည်း ရေမွန်ကပြောပါတယ်။
“သီချင်းတစ်ပုဒ်ကို တစ် band လုံး ၅ယောက်ဖန်တီးတာ နဲ့ SIR မှာ လူ ၂၁ယောက်ခေါင်း တွေနဲ့ဝိုင်းစဉ်းစားတော့တစ် ယောက်နဲ့တစ်ယောက်လည်း ထိန်းနိုင်တယ်။ ကျွန်တော်တို့က ဟိုအရင်ကတည်းကအတူတူ သွားအတူတူ ဆိုသူငယ်ချင်းတွေ ဆိုတော့ SIR အနေနဲ့လုပ်တာပို ပြီး အဆင်ပြေပါ တယ်။ရှိုးမှာဆို လည်း SIR ပွဲကတခြား ပွဲတွေနဲ့ မတူအောင်ကို ပိုပြီး အားရစိတ် ကျေနပ်မှုအပြည့်နဲ့ဖျော်ဖြေ နိုင်တယ်” လို့လည်းReason Band မှအောင်လကလည်း SIR ရဲ့စုစည်းမှုကောင်းကျိုး ကို ပြောပါတယ်။
SIR အဖွဲ့ဝင်အဖွဲ့ တစ် ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့မှ ဖော်ကာ ကလည်းအဖွဲ့အ စည်းအစုအဖွဲ့နဲ့နေရ တာကို ကြိုက်တဲ့အ ကြောင်းကို “စလုပ် က တည်းကလည်း Wanted အနေနဲ့အဖွဲ့လိုက် လုပ် ခဲ့တယ်။ တစ်ယောက် တည်းထက်အဖွဲ့နဲ့ လုပ်တော့တစ်ယောက် အားနည်းချက် တစ် ယောက် ကူပြီးလုပ်ကြတယ်။ပြီးတော့ SIR အနေ နဲ့ လုပ်ကြတော့ လည်း တစ် band ချင်းစီ ကတော့ အမြဲတမ်း အောင်မြင် မနေနိုင်ဘူး။အနိမ့် အမြင့်လေးတွေ ရှိ တော့ အခုလို band တွေ စုလိုက်တော့တစ် ယောက် နည်း နည်းယိုင်တဲ့အ ချိန်ကျ ရင်တစ်ယောက်ပြန် ဆွဲခေါ်၊ တစ်ယောက် နဲ့တစ် ယောက်ကျွန်းကိုင်းမှီ၊ကိုင်း ကျွန်းမှီ လုပ်ရတဲ့ အတွက် ပိုပြီးတော့ အားသာချက်ရှိတာ ပေါ့။ကျွန်ေ တ်ာကိုယ်တိုင်က လည်း တစ် ယောက် တည်းထက် စုစုစည်း စည်းနဲ့ နေရတာမျိုးကို ပိုကြိုက်တယ်။ ဂီတအလုပ်တင် မဟုတ်ဘဲဘဝမှာလည်း သူငယ် ချင်းတွေ စုစုစည်း စည်းနေရ တာကို ကြိုက်တယ်။ ခုလိုSIR အနေနဲ့ လုပ်ဖြစ်တာကိုလည်း ပျော်ပါတယ်” လို့လည်း ပြော ပါတယ်။
၂ဝ၁ဝဝန်းကျင်မှာ အခြေ တည်လာခဲ့တဲ့ SIR အဖွဲ့က စုပေါင်းစီးရီး တစ် ခွေထွက်ရှိ ထားပြီး ၂ဝ၁၂ သင်္ကြန်မှာလည်းSIR နာမည်နဲ့ မဏ္ဍပ်ဆောက် ခဲ့ပြီး လတ်တလော မှာ Fight for it ဆိုတဲ့ ဆီးဂိမ်း လှုံ့ဆော်ရေးသီချင်းကိုလည်း စုစည်း စပ်ဆိုထားပါသေးတယ်။ i-entertain record label နဲ့ လက်တွဲအ လုပ်လုပ် ကိုင်လျက် ရှိတဲ့ SIR အဖွဲ့ ကတော့ ခေတ် သစ်ရော့ခ်လောကရဲ့ စုစည်း မှုပြယုဂ်တစ်ခုလို ပဲ ဖြစ်နေပါ တော့တယ်။
Credit by - ရဲရဲ ( Popular Myanmar )
Top 10 Free Cydia Tweaks for iOS 9 (Jail Only)
-
*#1. BreadcrumbsAway* *#2. UniversalForce* *#3. betterFiveC0lumnHomescreen* *#4.
betterFiveIconDock* *#5. f.lux* *#6. BlurryLaunch* *#7. CCSettings...
8 years ago
0 comments:
Post a Comment