Saturday, 17 August 2013
အောင်လနှင့် သူ၏ Tattoo
₮₳₮₮☮☮
Tattoo ကိုဘယ်အချိန်ကစပြီး စိတ်ဝင် စားခဲ့တာလဲ။
အသက် ၁၂ နှစ် ၁၃ နှစ်လောက်ကတည်း ကစပြီး စိတ်ဝင်စားခဲ့တာပါ။ စထိုးဖြစ်တာတော့ ၂ဝဝ၈ ခုနှစ်လောက်မှာပဲ စထိုးဖြစ်တာပါ။ ဒီဆရာခေါင်းကြီး (ရိုးသစ်နွယ်)နဲ့ ပါပဲ။
Tattoo  အမျိုးအစားတွေထဲက ဘာအ မျိုးအစားတွေကိုကြိုက်လဲ။
အခုကျွန်တော်ထိုးထားတာက ဗြဲတွေ ပေါ့။ နောက်Machine ပုံတွေကြိုက်တယ်။ ဒီပုံတွေက သူ(ဆရာခေါင်းကြီး) ဆွဲပေးတာပဲ လေ။ သူဆွဲပေးတဲ့ပုံတွေပဲ ထိုးဖြစ်ပါတယ်။
ကိုယ့်စိတ်ကြိုက်ဆေးအမျိုးအစားကို ရွေး ချယ်တာလား။ ပညာရှင်သုံးတဲ့ ဆေးအမျိုးအ စားအတိုင်း ထိုးတာလား။
ဆရာခေါင်းကြီးပဲ ရွေးတာပါ။
ဆေးအရောင်တွေထဲမှာ ဘယ်အရောင် ကြိုက်လဲ။
ကျွန်တော်က အမည်းပဲကြိုက်တာ။ ကာလာပါရင် သိပ်မကြိုက်ဘူး။ ဒါပေမဲ့ အခု တော့ သူ့ကာလာလေးတွေက မိုက်တယ်။ အဲ ဒါကြောင့် အခုမှ ကာလာပထမဆုံးစပြီး တင် ဖြစ်တာ။
Tattoo  ထိုးလိုက်ပြီးတာနဲ့ နောက်ပိုင်း အောင်လရဲ့ အလုပ်အကိုင်နဲ့ လူမှုဆက်ဆံ ရေးမှာ ပြောင်းလဲတာတွေ ကြုံရလား။
ကျွန်တော်ကတော့ Tattoo  နဲ့ မဆိုင် ဘူးထင်တာပဲ။ လူရဲ့စိတ်ဓာတ်နဲ့ပဲ ဆိုင်တယ်။ မြန်မာလူမျိုးတွေမှာ ဟိုးအရင်ခေတ်တုန်းကဆို ထိုးကွင်းတွေ ဘာတွေထိုးကြတာရှိတယ်လေ။ ဟာသအဖြစ်ပြောရရင် သေရင်ကိုယ့်နောက်ပါ တာ Tattoo ပဲရှိတယ်။ (ရယ်လျက်)
တချို့လူတွေကTattoo ထိုးထားတဲ့သူ တစ်ယောက်ကို Gentleman အဖြစ် မသတ် မှတ်ချင်တာမျိုးရှိတဲ့အပေါ် အောင်လရဲ့ အမြင် ကရော။
မဆိုင်ပါဘူး။ နိုင်ငံခြားမှာ Gentleman တွေ တော်တော်များများလည်း Tattoo  ရှိကြ တယ်။
ဒီဘက်ခေတ်မှာ မိန်းကလေးတွေပါ Tattoo  ထိုးလာကြတဲ့အပေါ် အောင်လအနေနဲ့ ဘယ်လိုမြင်လဲ။
ဒီခေတ်မှာက မိန်းကလေးလည်း ယော က်ျားတွေနဲ့ ရင်ပေါင်တန်းနေကြတဲ့ ခေတ်ဆို တော့ သူတို့လည်း ကြိုက်လို့ ထိုးတာပေါ့။ ကျွန်တော်က Tattoo  ထိုးတဲ့လူတိုင်းကို အား ပေးပါတယ်။ ကိုယ့်အမှတ်အသားလေး တစ် ခုပေါ့နော်။ လူချင်းတူရင်၊ နာမည်ချင်းတူရင် တောင် Tattoo  တော့ မတူဘူးပေါ့။ (ရယ် လျက်)
ကျွန်တော်ကတော့ လူသိပ်မမြင်တဲ့နေရာ မှာ ထိုးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ₮₳₮₮☮☮ ရှိတာကိုကြိုက်တာ ကြွားချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါကလည်း ဖက်ရှင် သဘောမျိုးပါပဲ။ ဖက်ရှင် မကျရင်လည်း ဒီ လောက်အနာခံပြီး ဘယ်ထိုးပါ့မလဲ။
ကူးစက်ရောဂါတွေကို ဘယ်လိုကာကွယ် ခဲ့လဲ။
ကူးစက်ရောဂါအတွက် တစ်ခါသုံး ပစ္စည်း တွေပဲ သုံးပါတယ်။ထိုးပြီးတဲ့အခါ အသားကျမြန်အောင် ဆေးလိမ်းတာတို့ ဆေးစားတာတို့ရှိလား။
သူကတော့ ကျွန်တော့်ကို ဆေးမလိမ်း ခိုင်းဘူး။ ကျွန်တော်လည်း အရောင်ကျမှာစိုး လို့ မလိမ်းရဲဘူး။ ဒါပေမဲ့ ကြက်သားတော့ မစားဘူး။
Tattoo  ထိုးဖို့ဆန္ဒရှိနေတဲ့Mr. ပရိသတ် တွေအတွက် ဘယ်လိုအကြံပေးချင်လဲ။
ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံး တင်မယ့်အရာဆိုတော့ လက်ရာကောင်းရမယ်။ ဆေးကောင်းရမယ်။ ကိုယ့်စိတ်တိုင်းကျဖြစ်ရ မယ်ပေါ့။ တချို့ဆို အခုမှ စထိုးရင်း သူငယ် ချင်းအချင်းချင်း လက်စမ်းတာမျိုးတွေရှိတယ်။ ကျွန်တော့်ညီမှာတောင် ရှိသေးတယ်။ ကောက် ကြောင်းတွေက အဆင်မပြေဘူး။ ဒီ BH စတူ ရီယိုမှာ ထိုးပါလို့လည်း အကြံပြုချင်ပါတယ်။ သူက အခု ထိုင်ဝမ်၊ တရုတ်ပြည်၊ ဘန်ကောက်၊ စင်ကာပူ၊ လေးနိုင်ငံမှာ ထိုးနေတာ။ ဈေး လည်း သိပ်မကြီးဘူး။ သဘောလည်းကောင်း တယ်။ ဘီယာလည်း တိုက်တယ်။ (ရယ်လျက်)
Mr. Magazine
0 comments:
Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar