Saturday, 24 August 2013

" စိတ်ကူးတွေကို မပြောတာကောင်းတယ်။ မဖြစ်ရင် ရှက်စရာကြီးဗျာ။ " လို့ ပြောတဲ့ ကိုအငဲရဲ့ တိုတိုပြတ်ပြတ် အင်တာဗျူး...


လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သုံးဦးဟာ Rock ဂီတကို အထူးပြုတင်ဆက်တဲ့ အဆိုတော်တွေပဲ ဖြစ်ပါတယ်။ အဆိုတော်အငဲဟာ ၀ိဥာဉ်များနှင့် ကခုန်ခြင်းစီးရီးနဲ့ ဂီတလောကထဲ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ဇစ်မြစ်စီးရီးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်တဲ့ အဆိုတော်ပဲဖြစ်ပါတယ်။ အငဲရဲ့ အမ်ပလပ်စီးရီးဟာလည်း အထူးအောင်မြင်ထင်ရှားတဲ့ စီးရီးပဲဖြစ်ပါတယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သုံးဦးသီဆိုတဲ့ ရာစုသစ်စီးရီး LMN စီးရီးဟာလည်း အထူးကောင်းမွန် သေသပ်အောင်မြင်တဲ့ စီးရီးပဲဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်ခွေ စီစဉ်နေတဲ့ အငဲနဲ့ တွေ့ဆုံပုံကို တင်ဆက်လိုက်ပါတယ်


Q:

ဇစ်မြစ်အခြေအနေ ဘယ်လိုနေပါသလဲ။

Ans:

ကောင်းပါတယ်။

Q:

ဇစ်မြစ်ခွေတုန်းက ဘာသီချင်းတွေ ဦးစားပေးထားပါသလဲ။

Ans:

Rock နွယ်တဲ့ သီချင်းတွေပါပဲ။

Q:

အငဲအသက်ဘယ်အရွယ်မှာ အဆိုတော်ဖြစ်ဖို့ ရည်မှန်းချက် ထားခဲ့ပါသလဲ။

Ans:

မမှတ်မိတော့ဘူး။

Q:

အငဲအဆိုတော် မဖြစ်ရင် ဘာဖြစ်မလဲ။

Ans:

တစ်ခုခုတော့ ဖြစ်မှာပေါ့ဗျာ။

Q:

ကိုယ်တိုင်စိတ်ကြိုက် သီဆိုခဲ့တဲ့ သီချင်းတွေကို ဆိုတုန်းက ကြိုက်ခဲ့ပြီး နောက်မကြိုက်တာ ကြုံဖူးပါသလား။

Ans:

အဲဒီလိုတော့ မဖြစ်ဖူးပါဘူး။

Q:

အငဲရဲ့ သမီးနဲ့ သားကိုရော အငဲလိုအဆိုတော်ဖြစ်ဖို့ စိတ်ကူးရှိပါသလား။

Ans:

သူတို့ ၀ါသနာမပါတဲ့အလုပ်ကို ဇွတ်အတင်းကြီး လုပ်ခိုင်းလို့မရပါဘူး။ မိဘဆိုတာ သူတို့ဝါသနာပါတဲ့အလုပ်ကို အားပေးကူညီရမှာပါ။

Q:

အငဲရဲ့ အနားယူမှုမျိုးက ဘယ်လိုလဲ။ သီချင်းနားထောင်တာလား။ DVD ကြည့်တာလား။ အရက်သောက်ပြီး အနားယူတာလား၊ စာဖတ်ပြီး အနားယူပါသလား။

Ans:

ဘာကိုမှ ပုံသေကြီးထားလို့မရပါဘူး။ အနားယူပုံ ယူနည်းကလည်း စိတ်ခံစားမှုနဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။

Q:

အငဲအခုလုပ်နေတဲ့စီးရီးက ကိုယ်ပိုင်သံစဉ်လို့ သိရပါတယ်။ တေးရေး၊ သီချင်းပုံစံ Band Studio မူပိုင်ကို သိပါရစေ။

Ans:

ဟုတ်ကဲ့။ ကိုယ်ပိုင်သံစဉ်လုပ်နေပါတယ်။ တေးရေးတွေက မောင်မောင်ဇော်လတ်၊ လင်းလင်း ၊ နောနော်တို့ပါ။ Band Studio က လုပ်နေကြအတိုင်းပါပဲ။ I.C နဲ့ PTL မူပိုင်က Iron Cross တေးထုတ်လုပ်ရေးက ဒေါက်တာ ကိုကိုလွင်လုပ်တာ။ သီချင်းပုံစံတွေကတော့ ကျွန်တော်တို့ ကြိုက်တဲ့ Rock နွယ်တဲ့ပုံစံတွေပါပဲ။

Q:

ဒီကိုယ်ပိုင်သံစဉ်ခွေထဲမှာရော အငဲသီချင်းတွေပါသေးလား။

Ans:

မပါပါဘူး။

Q:

အငဲ One Man Show ဆိုဖို့ အစီအစဉ်ရှိမရှိသိပါရစေ။

Ans:

စိတ်ကူးတွေကို မပြောတာကောင်းတယ်။ မဖြစ်ရင် ရှက်စရာကြီးဗျာ။

Q:

ခိုးကူးခွေနဲ့ ဂီတလောကကြီးရေစုန်မျောနေပြီလား။

Ans:

ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ။

Q:

အငဲရဲ့ ဂီတပရိသတ်ဘက်ကို ဘာပြောချင်ပါသလဲ။

Ans:

ကျွန်တော်ရဲ့ အစစ်အမှန်ခွေကို ၀ယ်ယူနားထောင်တဲ့ ပရိသတ်ကို အထူးကျေးဇူးတင်ပါတယ်။

SEPTEMBER 14, 2007
Credit by- M-R-O

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar