Saturday, 10 August 2013

"The big show in bag (3) ပြုလုပ်တော့မယ့် ကျားပေါက်"



ကျားပေါက်တို့ Blood Sugar Politik အဖွဲ့က ဇူလိုင်လထဲမှာ ဗီယက် နမ်ကို ဒုတိယအကြိမ် သွားရောက်ဖျော်ဖြေခဲ့ကြပြီး ဒီတစ်ခေါက်မှာတော့ ရိုက်ကူးရေးနဲ့ ရုပ်သံထုတ်လွှင့်မှုအပိုင်းတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။

ကျားပေါက်က Blood Sugar Politik အနေနဲ့ ဖျော်ဖြေ ပွဲတွေ တောက် လျှောက် လုပ်နေပေမယ့် Big Bag အနေနဲ့လည်း မနားတမ်း လှုပ်ရှားနေပါတယ်။ ကျားပေါက်တို့ Big Bag ရဲ့ The Big Show in Bag (3) ကိုတော့ စက် တင်ဘာလ ၂၁ ရက်၊ ကန်တော်ကြီး မျှော်စင်ကျွန်း မှာ ပြုလုပ်တော့ မှာဖြစ်ပါ တယ်။ ဒီတစ်ခေါက် ရှိုးကို စတိတ် စင် နှစ်ခု နဲ့ ဖျော်ဖြေပွဲကို ကျင်းပမှာဖြစ်ပြီး Unplugged စတိုင် လည်းဖျော်ဖြေ မှာဖြစ်ကြောင်းကို ကျားပေါက်က ..


"ကျွန်တော်က Unplugged နဲ့ အရင်စဖွင့်ချင်တာ။ ပရိသတ်က ကျွန်တော့်ပွဲ ဆိုရင် ဝုန်းဒိုင်းကြဲချင် စိတ်လည်း ရှိမယ် ထင်တာကြောင့် ပထမပိုင်းကို ဝိုင်းစုံနဲ့အရင်စမယ်။ ပြီးတော့မှ ဒုတိယပိုင်းကို ပရိသတ် ကြားမှာ ထိုးထား တဲ့ Unplugged စင်ကို သွားပြီး Unplugged စတိုင်ဆိုမယ်" လို့ ကျားပေါက် ကပြောပါတယ်။ ကျားပေါက်တို့ Big Bag ရဲ့ပွဲမှာတော့ S.I.R က ရော့ခ် အဖွဲ့တွေကလည်း ပါဝင် ဖျော်ဖြေကြမှာ ဖြစ်ပြီး သီချင်းများကို အပြန် အလှန် လဲလှယ် သီဆိုကြဖို့ အစီအစဉ်ရှိ ကြောင်းလည်း သိရပါတယ်။ The Big Show in Bag (1) ကတော့ အလွန် အောင်မြင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ် ခဲ့ပြီး မြန်မာတစ်ပြည်လုံး အတိုင်း အတာနဲ့ အောင်မြင်ခဲ့တဲ့ ဒုတိယ ရှိုးပွဲကတော့ အရင်ပွဲလောက် ပျံ့နှံ့မှု မရှိခဲ့ဘဲ အခုတစ်ခေါက်ပွဲကိုတော့ ကျားပေါက်က တော်တော်ကြီးကို အားခဲထားတယ်လို့လည်း ပြောပါတယ်။

"ဒီတစ်ခေါက်လုပ်ရတာ ပိုပြီး အားရှိတယ်။ ပထမဆုံး ပွဲတုန်းက အဖေ၊ အမေတို့ရော၊ နောက်ပြီး ဆေးကျောင်းက သူငယ်ချင်းတွေရော ရှိကြတော့ အားလုံး ဝိုင်းပြီးလုပ်ပေး ကြတယ်။ ဒုတိယ တစ်ခေါက်က ကျွန် တော်တို့ ကိုယ်တိုင် စီစဉ်သူတွေနဲ့ အကုန် Run ရတာဖြစ်တဲ့ အတွက် နည်းနည်း ခက်ခဲတယ်။ ဒီတစ်ခေါက်ကတော့ အုပ်စုတောင့်တယ်။ လုပ်ရ ကိုင်ရတာ ပိုပြီးအဆင်ပြေပါ တယ်။ Unplugged အတွက်လည်း ပစ္စည်းတွေအားလုံး ဝယ်ပြီးပြီ။ နောက်ပြီး Unplugged အတွက် Additional Player ၂ ယောက် လည်း ခေါ် ထားတယ်။ သူတို့က အပြင်က သူငယ်ချင်းတွေ" လို့ပြောတဲ့ ကျားပေါက်က Unplugged လုပ်ဖို့အတွက် အာသီသပြင်းပြနေပြီး ပရိသတ် ဘက်ကိုလည်း ပြန်ကြည့် ရတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ Unplugged လုပ်ရတာ တော်တော်လေး စွန့် စားရတယ်။ ကျွန် တော် တို့မြူးဇစ် နဲ့ ကျတော့တော်တော်လေး ပရိ သတ် ကို ပြန် ကြည့်ရတယ်။ အသက်တွေကြီး လာတဲ့အ ချိန်ကျရင်တော့ Full Unplugged လုပ်ဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့က ပရိသတ်ကို ဘာလုပ်ပြချင်လဲ ဆို တော့ ကျွန်တော်တို့ အိမ်မှာ သူငယ်ချင်းတွေ စုပြီး ပါတီလုပ်တယ်။ အုတ်ခုံ ပေါ်မှာ သာမန် ရိုးရိုး ဂစ်တာနဲ့အား လုံး ဝိုင်း ဖွဲ့ပြီး တီးကြဆို ကြတယ်။အဲဒီအ ပြင်က ဘဝရဲ့ မု(ဒ်) လေးကိုပြချင် တာ။ အဲဒါကြောင့်အကူ ခေါ် တာတောင် အပြင်ကဘော် ဒါတွေ ပဲခေါ်ထားတာ။ စင်ပေါ်မှာအီလက်ထရစ်ဂစ်တာတွေနဲ့ချည်း။ကျွန်တော်တို့ကဝုန်းဒိုင်းကြဲနေတာမဟုတ်ဘူး ဆိုတာလည်းပြချင်တယ်။ အပြင်မှာထိုင်တီးတဲ့ အရသာ မျိုး ပေးချင်တာ။ပျော်ဖို့ကောင်းမှာပါ" လို့ဆိုပါတယ်။

ရဲရဲ
By: Popular Journal

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar