Friday, 9 August 2013

သီချင်းစာသားဓာတ်ခွဲခန်း (မိုနိုလေး)




ရောဂါအမျိုးအစား - မောင်မောင်ဇော်လတ်ရဲ့ အဖေပီသတဲ့ အဖေနဲ့ Dream Theater ရဲ့ သိက္ခာမရှိတဲ့ အယောင်ဆောင် အဖေ

ရောဂါဖြစ်ရခြင်း အကြောင်းရင်း

လောကဓံရဲ့ တောကြီးမျက်မည်းထဲမှာ လမ်းပျောက်တဲ့ အခါ ကံကြမ္မာရဲ့ ဆုပ်လည်းဆူး စားလည်းရု ပဒိုင်းသီးတွေ ရင်ဝတည့်တည့်ပေါ် ကြွေကျလာတဲ့ အခါ ဘ၀ရဲ့ ပင်လယ်လေထန်လှိုင်းကြီးချိန်မှာ အသက်ကယ်လှေပျောက်တဲ့ အခါ မွေးရာပါအားကိုးစိတ်နဲ့ အဖေလို့ အော်ခ်ါမိကြမှာပါ.။ အဖေနဲ့ သားဆိုတာ နီးနီးကပ်ကပ် ရှိနေတဲ့ အခါမှာ တည့်ခဲပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ညဥ့်နက်အောင် ထိုင်ရင် သူများအိမ်ရှေ့မှာ အော်ကြီးဟစ်ကျယ် ဂစ်တာသွားတီးလို့ ဆူရင် ၊အရက်သောက်လို့ဆူရင်၊ လောင်းကစားလုပ်လို့ ဆူရင်၊ အဖေပြောတာ အမှန်တရားဆိုပေမယ့် ခါးတယ်ထင်တတ်ကြပါတယ်။ အဖေ့တန်ဖိုးကို အဖေ မရှိတော့မှ သိတယ်ဆိုတဲ့ စကားဟာ အမှန်ဆုံးပါ။ အဖေနဲ့ ဝေးနေမှ၊ အဖေမရှိတော့မှ အကာအကွယ်မရှိတဲ့ စစ်သားလို လောကသတ်ကွင်းတွေထဲမှာ အဖေ့ကို အော်ခေါ်ကြတော့တယ်။ အဖေဆိုတာ အဖေလို ကောင်းကြတာပါပဲ။ခြွင်းချက်အနေနဲ့ မကောင်းတဲ့ အဖေတွေရှိမှာပါ။ ဒါပေမယ့် အဖေစိတ်ရှိမှ အဖေဖြစ်တာပါ။ အဖေအကြောင်းရေးတဲ့ သီချင်းရှားပါတယ်။ အဖေကိုဖွဲ့ဆိုဖို့ထက် အမေ့ကို ဖွဲ့ဆိုဖို့သာ နီးစပ်ကြပါတယ်။ သားတွေဟာ အဖေ့ထက် အမေ့ကို ပိုပြီးတွယ်တာတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ခင်ဗျားတို့ရင်ထဲက အဖေ့အတွက် သီချင်းတစ်ပုဒ်လောက် ဖွဲ့ဖို့ ကြိုးစားခဲ့ကြဖူးမှာပါ။ အဖေဆိုတဲ့ မိသားစုရဲ့ အကြီးမားဆုံးခံတပ်ကြီးအတွက် ခင်ဗျားတို့တွေ အမှန်တရားကို အမှန်တရားလို မြင်ဖို့ပါ။ ဒီသီချင်းစကားပြေ နှစ်ပုဒ်ကို ဖတ်ပြီး ခင်ဗျားတို့ရင်ထဲမှာ အဖေသီချင်းသစ်တွေ ဖန်တီးချင်စိတ် ရှိလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကတော့ ကိုမောင်မောင်ဇော်လတ်ရဲ့ တာဝန်ကျေတဲ့ အဖေနဲ့ Dream Theater ရဲ့ဝတ်ကျေတန်းကျေ အဖေနှစ်ယောက်ကို နှိုင်းယှဉ်ချင်ပါတယ်။ အဖေ့ကို အဖေလို့ မြင်သူနဲ့ အဖေ့ကို အဖေလို့ မထင်သူ နှစ်ယောက်အကြောင်းပါ။ အဖေ့ကိုချစ်တဲ့စိတ်နဲ့ အဖေ့ကို မုန်းတဲ့စိတ် ဒီနှစ်ခုထဲက တစ်ခုခုကို ခင်ဗျားတို့ လက်ခံရမှာပါ။ ကျွန်တော်ကတော့ ချစ်ရတဲ့ အဖေနဲ့စထားပါတယ်။ ကိုမောင်မောင်ဇော်လတ်ရဲ့ ဖန်တီးအားကို ကြိုက်လို့ပါ။ ကိုလေးဖြူရဲ့ လိပ်ပြာစီးရီးထဲကပါ။ အယူအဆမှားခဲ့ရင် ကိုဇော်လတ်ကို တောင်းပန်ပါတယ်။
http://www.youtube.com/watch?v=ew7K-VoBbpY


ဆူးတောအပြည့်နဲ့ လမ်းမတွေကို မိသားစုအတွက် နင်းဖြတ်ခဲ့တဲ့ အဖေ။ သားတစ်ယောက်အတွက် ဘ၀ရဲ့လမ်းညွှန်မြေပုံ။ ဘ၀ရဲ့အရှေ့အနောက် တောင်မြောက် အရပ်တွေကို တိတိကျကျသိဖို့ လမ်းမမှားဖို့ တောမမှောက်ဖို့ သံလိုက်အိမ်မြှောင်ပေးခဲ့တဲ့ အဖေ။ ဒုက္ခ၊သုခ ပရိဒေ၀တွေနဲ့ ရှည်လျားရှုပ်ထွေးတဲ့ တောနက်တွေထဲ ရောက်နေတဲ့သား။ တောနက်ထဲရောက်မှ အဖေ့ရဲ့ လမ်းပြကွန်ပတ်စ်လေးရဲ့ တန်ဖိုးကိုသိပြီး ကံနတ်ဆိုးတွေနဲ့ နင်လားငါလား နပန်းလုံးသတ်ပုံချိန်မှ အဖေပေးခဲ့တဲ့ လက်သီးတစ်လုံးရဲ့ တန်ဖိုးကိုသိပြီး အဖေပြောပြခဲ့တဲ့ လောကလွင်ပြင်ထဲမှာ ရောက်နေမှ လက်ဦးဆရာ၊အဖေ့ရဲ့ စကားတွေကို လွမ်းနေတဲ့အခါ၊ စကားပြောဟန်နဲ့ ချောမွေ့စွာ ရေးသားဖန်တီးထားသူ ကိုမောင်မောင်ဇော်လတ်ရဲ့ အင်အားကို မြင်ရပါတယ်။ မြင်လည်း မြင်ကြစေချင်ပါတယ်။ သီချင်းရေးတဲ့နေရာမှာ စကားပြောဟန်က နားထောင်သူဆီ တိုက်ရိုက်ရောက်နိုင်တာကို သတိပြုရပါမယ်။

တရစပ်သင်ကြားပေးခဲ့တဲ့ စကားတွေ၊ လမ်းညွှန်ဆုံးမမှုတွေ။ အဖေ့ရဲ့ဘ၀နဲ့ ရင်စားလဲယူထားရတဲ့ သင်ခန်းစာနက်နက်ရှိုင်းရှိုင်းတွေ လူလားမြောက်မှ၊ အဖေမရှိတော့မှ အထပ်ထပ်အခါခါ ပြန်တွေးရင်း အဖေပေးခဲ့တဲ့ စကားဓားသွားတွေဟာ ချွန်မြလင်းလက်လာပါတယ်။ အခွင့်ရှိသေးရင် ကြားချင်တယ်အဖေတဲ့။ နောင်တရနေတဲ့ သားက အဖေ့ကို နှမျောတသစွာ လွမ်းနေတဲ့အသံ။ ကျွန်တော်တို့ ကြားနိုင်၊မြင်နိုင်ပါတယ်။ အဖေဟာအဖေလို့ မြင်လာတဲ့အဝေးမှာ သတိရခြင်းတွေဟာ ကြယ်လို၊လလို ၊နေို လင်းလက်လာပါတော့တယ်။ ကိုမောင်မောင်ဇော်လတ်က အဖေဆိုပြီး ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ရင်ထဲမှာလည်း အဖေလို့ သံပြိုင်အော်မြည်စရာတွေ ကြုံခဲ့ဆုံခဲ့ဖူးမှာပါ။ သီချင်းသစ်ဆိုတာ ဘ၀အစစ်တွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

ဘာမှမရှိတဲ့ သုညဘ၀ကနေ မိသားစုရဲ့လှည်းကို ထမ်းပိုးတက်ပြီး ရုန်းကန်ခဲ့တဲ့အဖေ။ မိသားစုရဲ့ ဂုဏ်သိက္ခာ၊ စားဝတ်နေရေးအတွက် မြှင့်တင်ပေးခဲ့တဲ့ အဖေ။ လောကဓံကို ရင်ကော့ခေါင်းမော့ ပြီးတိုက်ခိုက် အနိုင်ယူခဲ့တဲ့အဖေ။ မိသားစုနဲ့ အသက်ကို လွယ်လွယ်ကူကူ လဲရဲတဲ့ အဖေ။ မိုးထဲရေထဲ ရွံထဲဗွက်ထဲမှာ ရုန်းကန်မြှင့်တင်ပေးခဲ့တဲ့ အဖေ။ အဲဒီလို အဖေရဲ့ သတ္တိမျိုး သားလိုချင်ပါတယ်။ လောကအမှောင်တိုက်ပင်လယ်မှာ ညာလက်ရုံကို ဆန့်တန်းပြီး မီးထွန်းအလင်းပြ ခဲ့တဲ့ အဖေ။ အဖေ့ရဲ့မပြီးသေးတဲ့ အနာဂါတ်။ အဖေမျှော်မှန်းခဲ့တဲ့ သားတို့ရဲ့ အနာဂါတ်။ လောကအကျိုးကို လက်ဆင့်ကမ်း သယ်ပိုးဖို့ သားတစ်ယောက်ရဲ့ ရင်ထဲမှာ ပွက်ပွက်ဆူအောင် စီးဆင်းနေတဲ့ အဖေ့၇ဲ့သွေးတွေ ရဲရဲနီနေခဲ့ပါပြီ။ ဒါပေမယ့် အဖေမရှိတော့ဘူး။ အဖေမသိနိုင်တော့ဘူး။

ဘ၀ရဲ့အလှည့်ကျ တာဝန်ပင်လယ်ပြင်မှာ မုန်တိုင်းထန်လေကြမ်းတဲ့အခါ အများနဲ့တစ်ယောက် သင်းကွဲအထီးကျန် ခံရတဲ့အခါ အဖေ့ရဲ့ လက်မောင်းအိုကြီးကို ငယ်ငယ်က ခိုစီုးဖို့၊ အဖေ့ရဲ့ ရင်အုံကျယ်ကြီးထဲမှာ တိုးဝှေ့အားယူဖို့၊ အမြဲတမ်းတနေရတဲ့ သားတစ်ယောက်ရဲ့ အသံ။ ထိခိုက်ရှနာလွယ်တဲ့ ဘ၀ရဲ့အနာတရဒဏ်ချက် တွေအတွက် အိပ်မက်တွေထဲမှာ တစ်ယောက်တည်း မျက်ရည်စို့ရတဲ့အခါ တမ်းတလွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ အသံ။ အ၀ါ၊ အနီ၊ အပြာ၊ အစိမ်း ဒုက္ခရောင်စုံတွေ တစ်ပွင့်ပြီး တစ်ပွင့် တစ်ထည်ပြီး တစ်ထည် မနားတမ်း လှဲလှယ်ဝတ်ဆင်ရတဲ့ အခါ အပူငြိမ်းဖို့ သားရဲ့အရိပ်အာဝါသ ညောင်ပင်ကြီး မရှိတော့ဘူး။ အဖေကလွဲလို့ ဘယ်သူမှ လုပ်ယူမပေးနိုင်တဲ့ တန်ဖိုးကို တမ်းတနေတဲ့ သားရဲ့အသံ။ ကျွန်တော့်ရဲ့ ရင်ထဲကို တုန်ယင်လှုက်မောစေပါတယ်။

ကိုမောင်မော်ဇော်လတ်ရဲ့ အဖေနဲ့ ယှဉ်ပြီး Dream Theater ရဲ့ သားတစ်ယောက်က အဖေကို မုန်းတီးတဲ့ အသံကို ကြားစေချင်ပါတယ်။ Dream Theater ရဲ့Honor try Father ပါ။ Train Of Throught စီးရီးထဲကပါ။ သူတို့နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖေမဆန်မှုကို ဒီသီချင်းထဲမှာ မြင်ရပါတယ်။ ကောင်းတဲ့အဖေနဲ့ မကောင်းတဲ့အဖေကို မြင်ကြည့်ကြဖို့ပါ။ ကျွန်တော်တို့ဘာသာမှာ လုံးဝမရေးထိုက်တဲ့ သီချင်းလို့ထင်ပါတယ်။ ကျွန်တော့်ရဲ့ ဘာသာပြန်မှာ သူ့ရဲ့အသွားအလာအတိုင်း အဖေ့ကို ဒေါသသံနဲက ရေးထားတာပါ။ သံစဉ်ရော စာသားပါ အကြမ်းစားပါ။
http://www.youtube.com/watch?v=KGHXy9Fa45k

Songwriters: PETRUCCI, JOHN / PORTNOY, MICHAEL / MYUNG, JOHN / RUDESS, JORDAN

We're taught unconditional love
That blood is thicker than water
That a parent's world would revolve
Always around their son or their daughter
You pretend I was your own
And even believed that you loved me
But were always threatened by some
Invisible blood line that only you could see
You took advantage of an outreached hand
And twisted it to meet your every need
'Gimme time to re-charge my batteries,
I'll see her when she's older and I'll bounce her on my knee''
Well listen to me you ungrateful fool
Her comes a dose of reality
You'll go to your grave a sad and lonely man
The door is now closed on your pathetic little plan

On and on and on and on it goes
It's so easy to run away with nothing in tow
How can you ever sleep a wink at night
Pretending that everything is alright
And have the nerve to blame this mess on me
Never in my life have I seen someone
So ignorant to the damage he has done
You're the rotted root in the family tree
I tried your 4 bill therapy
I tried to make amends
But nothing could lure you out of your selfish shell again
Expecting everyone to bow and kiss your feet
Don't you see respect is not a one way street
Blaming everyone for all that you've done wrong
I'll get my peace of mind when you hear this song
On and on and on and on it goes
And with every passing day true colors show
How can you ever sleep a wink at night
Pretending that everything is alright
And have the balls to blame this mess on me
Never in my life have I seen someone
Oblivious to the damage he has done
You're the rotted root in the family tree
Watch where you walk
Don't you dare cross the crooked step
Watch the way you talk
Don't cross the crooked step

["This is a regret that you make"]

ဝတ်ကျေတန်းကျေ အဖေ
အခြေအမြစ်မရှိတဲ့ အချစ်ကို တို့တွေ သင်ကြားခဲရတယ်။ ဒီသွေးဟာ ရေထက် စေးပျစ်တယ်။ အနှစ်သာရမရှိတဲ့ မိဘရဲ့ ကမ္ဘာဟာ သူတို့သား ဒါမှမဟုတ် သူတို့သမီးတွေအပေါ်မှာ ချာချာလည်နေခဲ့တယ်။ ကျွန်တော့်ကို ခင်ဗျားပိုင်တယ်လို့ ခင်ဗျားဟန်ဆောင်ခဲ့တာတောင်မှ ဒါ ကျွန်တော့်ကို ခင်ဗျားချစ်ခဲ့တာလို့ ယုကြည်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားတစ်ယောက်တည်း မြင်ရတဲ့ မမြင်နိုင်တဲ့ သွေးစီးကြောင်း တချို့ကြောင့် ကျွန်တော်တို့တွေ အမြဲခြိမ်းခြောက်ခံခဲ့ရတယ်။ ရှုပ်ထွေးတဲ့ လူအဖွဲ့အစည်း တစ်ခုရဲ့ အကျိုးဆက်ကို ခင်ဗျားထုတ်ယူပေးခဲ့ပြီးမှ ဒါကိုပဲ ခင်ဗျားလွှင့်ပစ်ခဲ့တယ်။ ခင်ဗျားရဲ့ လိုအင်တွေကို ဖြည့်ဖို့ပေါ့လေ။

ဓါတ်ခဲတွေကို ပြောင်းထည့်ဖို့ အချိန် ၊ငါ့ကိုပေးပါ။ ဒီမိန်းမ အိုလာတယ်လို့ မြင်လာတဲ့အခါ ငါဒူးပေါ်က ဒီမိန်းမကို ခါချခုန်ထွက်ဖို့ပေါ့”တဲ့ ကျွန်တော်ကောင်းကောင်းကြီး နားထောင်ခဲ့ရတယ်။ ခင်ဗျားဟာကျေးဇူးမသိတဲ့အရူး။ အမှန်စစ်စစ်ရဲ့ ဆေးတစ်ခွက်စာ ရောက်လာရင် ကြေကွဲအထီးကျန်နေတဲ့ လူတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့သချှိုင်းကို ခင်ဗျားသွားရလိမ့်မယ်။ခင်ဗျားရဲ့ သနားစရာကောင်းတဲ့ အကြံအစည်သေးသေးလေး အပေါ်မှာ တံခါးပေါက်က အခုပိတ်သွားပြီ။ ဒီအရာကတော့ (ဆက်ပြီး)၃ သွားနေမှာပဲ။ ဒါကြောင့် အေးအေးဆေးဆေး အဝေးကို ထွက်ပြေးဖို့ ဘယ်လိုကြိုးနဲ့ဆွဲဆွဲမရတော့ဘူး။ ဒီအရာအားလုံးကို မုန်းတယ်လို့ ဟန်ဆောင်ဖို့ မျက်စိတစ်မှတ် အိပ်တဲ့ညတိုင်းမှာ ခင်ဗျားဘယ်လိုလုပ် တတ်နိုင်မှာလဲ။ ကျွန်တော့်အပေါ်က ဒီရှုပ်ထွေးပွေလီမှုကို အပြစ်တင်ဖို့ အာရုံကြောတွေ ပိုင်ဆိုင်ခဲ့ပြီ။ ကျွန်တော့်ဘ၀မှ ဒီလောက် ဖျက်ဆီးတတ်တဲ့ အသိဇ္ဇာနဲ့ သူတို့လုပ်တဲ့လူ တစ်ခြားတစ်ယောက်ကို ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ဘူး ခင်ဗျားဟာ မိသားစုသစ်ပင်ရဲ့ ပုပ်သိုးဆွေးမြည့်နေတဲ့ ရေသောက်မြစ်ပဲ။ ခင်ဗျားရဲ့ အကြွေးစာရင်း လေးခုကို ဖြေရှင်းဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ အမှားတွေပြင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့လိုအင်ဆန္ဒ ဗုံးဆံတွေ နောက်တစ်ကြိမ် ထွက်ပေါ်က်လာဖို့ ဘယ်အရာကမှ ခင်ဗျားကို သွေးဆောင်နိုင်မှာ မဟုတ်ဘူး။ ခြွင်းချက်အနေနဲက လူတိုင်းက ခင်ဗျားရဲ့ ခြေထောက်ကို ဦးညွှတ်နမ်းရှိုက်ချင် နမ်းရှိုက်လိမ့်မယ်။ အရိုအသေပေးမှု (ရိုသေလေးစားမှု) ဆိုတာ တစ်လမ်းမောင်း လမ်းတစ်ခု မဟုတ်ဘူးလို့ ခင်ဗျားမမြင်နိုင်ဘူး။ ခင်ဗျားမှာရှိတဲ့ အထီးကျန်အများတွေ အကုန်လုံးအတွက် လူတိုင်းက အပြစ်တင်ရှုံချလိမ့်မယ်။ ဒီသီချင်းကို ခင်ဗျားကြားရချိန်မှာ ကျွန်တော့်ရဲ့ စိတ်ချမ်းသာမှုကို ကျွန်တော်ရလိမ့်မယ်။

ဒီအရာကတော့ (ဆက်ပြီး)၃ သွားနေဦးမှာပဲ။ ဖြတ်သန်းရမယ့် နေ့ရက်တွေတိုင်းနဲ့ အတူ အရောင်စင်စစ်တွေကို ပြသလိမ့်။ ဒီအရောင်အားလုံးကို မှန်တယ်လို့ ခင်ဗျားဟန်ဆောင်ဖို့ မျက်စိတ်စမှတ် အိပ်တဲ့ ညတိုင်းမှာ ခင်ဗျားဘယ်လို တတ်နိုင်မှာလဲ။ ကျွန်တော့်အပေါ်က ဒီရှုပ်ထွေးပွေလီမှုကို အပြစ်တင်ဖို့ ကျည်ဆံတွေ ပိုင်ဆိုင်ခဲ့ပြီး ကျွန်တော့်ဘ၀မှာ မေ့လွယ်ပျောက်လွယ် ဖျက်ဆီး လုပ်ဆေင်တတ်တဲ့သူလို့ တစ်ခြားတစ်ယောက်ကို ဘယ်တော့မှ မြင်တွေ့ရလိမ့်မယ် မဟုတ်ဘူး။ ခင်ဗျားဟာ မိသားသစ်ပင်ရဲ့  ပုပ်သိုးဆွေးမြည့်နေတဲ့ ရေသောက်မြစ်ပဲ။

ခင်ဗျားလျှောက်လမ်းမှာ မရိုးသားတဲ့ ခြေလှမ်းနဲ့ ပြောဆိုဖြတ်သန်းလို့ ရမှာမဟုတ်ဘူးဆိုတာ ခင်ဗျားစောင့်ကြည့်ပါ။ ဒီအရာကတော့ (ဆက်ပြီး)၃ သွားနေမှာပဲ။ မျက်ကန်းမျိုးချစ်ဝါဒ၊ လိုအင်ဆန္ဒနဲ့ ပတ်သက်တဲ့ နှလုံးသားမဲ့မှု၊ အေးဆက်မှု၊ ဒီအရာအားလုံးကို မှန်တယ်လို့ ခင်ဗျားဟန်ဆောင်ဖို့ မျက်စိတစ်မှိတ် အိပ်တဲ့ညတိုင်းမှာ ခင်ဗျားဘယ်လိုလုပ် တတ်နိုင်မှာလဲ။ ကျွန်တော့်အပေါ်က ဒီစိတ်ပျက် ဆိုးဝါးမှုကို အပြစ်တင်ဖိုက ကျည်ဆံတွေ ပိုင်ဆိုင်ပြီးတဲ့နောက် ခင်ဗျား မိသားစုသစ်ပင်ရဲ့ ပုပ်သိုးဆွေးမြည့်နေတဲ့ ရေသောက်မြစ်ပဲ။

ဇာတ်ကောင်ဟာ ဒေါသထွက်နေတဲ့ စကားတွေနဲ့ ပြောပါတယ်။ အဖေရဲ့အခြေအမြစ်မရှိတဲ့ အချစ်။ သွေးသားအလိုဆန္ဒကိုပဲ ကြည့်ခဲ့တဲ့အဖေ၊ ဒီအဖေကိုစိတ်နာနေတဲ့ သားတစ်ယောက်ရဲ့အသံကို ကြားရပါတယ်။ သားသမီးတွေအတွက် အသုံးမကျတဲ့ မိဘရှိလည်း အလကားပဲ ဆိုတဲ့ သဘောလည်းပါပါတယ်။ သူ့ကိုချစ်ခဲ့တာဟာ ဟန်ဆောင်ခဲ့တာလို့ သူယုံကြည်ထားတာပါ။ လူ့ဘ၀ထဲကို ယူဆောင်လာပြီးကာမှ လွှင့်ပစ်ထားတဲ့ အဖေကို။ အမေ့ကို ကိုအိုလို့ ပစ်ထားတဲ့ အဖေကို ။ လိုအင်ဆန္ဒပြည့်ရင် စွန့်ပစ်တတ်တဲ့ အဖေကို စိတ်နာနေတဲ့ သားရဲ့အသံပါ။ ခင်ဗျားသေရင်တောင် ကောင်းကောင်းသေရမှာ မဟုတ်ဘူး။ ခင်ဗျားလုပ်ခဲ့တာတွေအတွက် အေးးအေးဆေးဆေး လှည့်ထွက်ပြေးလို့ ရမှာ မဟုတ်ဘူးဆိုတဲ့ ရန်တွေ့နေသံတွေကိုလည်း ကြားရပါတယ်။ ကျေးဇူးမသိတတ်တဲ့ အရူးတဲ့။ ဇာတ်ကောင်ဟာ ကံကြီးထိုက်တယ်ဆိုတဲ့ စကားကို ကြားဖူးပုံမရပါဘူး။ တော်တော်ကြောက်စရာကောင်းတဲ့  အဖေနဲ့သားပါ။

ဇာတ်ကောင်ဟာသူ့အဖေအပေါ်နာကျည်းမှုကို တရစပ်ဖွင့်ပါတယ်။ အဖေ့ရဲ့အမှား အကြွေးတွေကို ကျွန်တော်ရှင်းနေရတယ်။ ဒါတောင်အဖေက အဖေ့ရဲ့လိုအင်ဆန္ဒကို အသားပေးနေတုန်းလား။ အဖေ့ကို လူတိုင်းက လေးစားနေတယ် ထင်လား။ အဖေ့ရဲ့အမှားတွေကို လူတိုင်းက ပစ်တင်ရှုံချနေမှာပါ။ လူတိုင်းရဲ့ လေးစားမှုကို အဖေဘယ်တော့မှ မြင်ရမှာ မဟုတ်ဘုး.။ အဖေ့ကြောင့် ကျွန်တော့်မှာ ရှုပ်ထွေးပွေလီတဲ့ ဘ၀ကို အပြစ်တင်တတ်လာပြီး အဖေ့ရဲ့ အထီးကျန်အမှား အဖေခံရမှာပါ။ အဖေဟာ မိသားစုသစ်ပင်ရဲ့ ရေသောက်မြစ်ဖြစ်ခဲ့လည်း ပုပ်သိုးဆွေးမြေ့နေတဲ့ ရေသောက်မြစ်တစ်ခုပါတဲ့။ သားတစ်ယောက်ရဲ့ အပြစ်တင်မှုကို ထိတ်လန့်ဖွယ်ရာကြားရမှာပါ။

အဖေ ဟန်ဆောင်လိမ်ညာတဲ့ ခြေလှမ်းနဲ့ လောကထဲ ဖြတ်သန်းသွားဖို့ ရမှာ မဟုတ်ဘူးဆိုတာ စောင့်ကြည့်ပါတဲ့။ အဖေ့ရဲ့အပြစ်တွေအတွက် အဖေခံရမှာပါ။ ဒီသီချင်းကို အဖေကြားရင် ကျွန်တော်စိတ်ချမ်းသာပါပြီတဲ့။ ဘယ်လောက်တောင် စိတ်နာနေတဲ့သားလည်း။ သေသေချာချာ ဖတ်ကြည့်လေလေ နာကျည်းနေတဲ့သားနဲ့ သိက္ခာမရှိတဲ့ အဖေကို မြင်လာလေလေပါပဲ။ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့အဖေကတော့ ဒီလိုမဟုတ်ပါဘုး မဟုတ်နိုင်လောက်ပါဘူုး။

ကိုမောင်မောင်ဇော်လတ်ရဲ့ အဖေနဲ့ Dream Theater ရဲ့အဖေနှစ်ယောက်။ ကိုမောင်မောင်ဇော်လတ်ရဲ့ လွမ်းနေတဲ့ သားနဲ့ Dream Theater ရဲ့မုန်းတီးစိတ်နာနေတဲ့သားကို ခင်ဗျားတို့ယှဉ်ကြည့်ရင် ခင်ဗျားတို့ရဲ့ သီချင်းသစ်ဖန်တီးချင်စိတ်ကို လင်းလက်လာမယ် ထင်ပါတယ်။ ဒီလိုသီချင်းကောင်းမျိုး ရဖို့တော့ ခံစားမှုအသစ်နဲ့ ဂီတကျွမ်းကျင်နှံ့စပ်မှု လိုပါလိမ့်မယ်။ ကြိုးစားရင် တစ်ခုခုရကြမှာပါ။

ကျွန်တော်တို့ လိုအပ်ကြပါလိမ့်ဦးမယ်။

သီချင်းစာသားဓာတ်ခွဲခန်း (မိုနိုလေး)

မိုနိုလေး၊ အလင်္ကာဂီတဂျာနယ်


0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar