ကျနော်ဒီတခါတော့ Zakk Wylde ရဲ့ Biography လေးရေးပြချင်ပါတယ်။အားလုံးပဲအချိန်ခနလောက်ပေးပီးဖတ်စေချင်ပါတယ်။
Zakk ရဲ့ Bio လေးမဖတ်ခင် Zakk ရရှိခဲ့တဲ့ဆုတွေကိုအရင်လေ့လာကြည့်ရအောင်ဗျာ။
" Most Valuable Player"
"Guitar World " (US) magazine in polls in 2005
" Best Metal Guitarist "
"Number 1 Shredder"
"Metal Hammer" UK magazine "Riff Lord" and "Golden God "awards အဲဒါတွေကတော့zakkရရှိခဲ့တဲ့ဆုတွေပါ။
ဒါဆိုရင်Zakk ရဲ့ Bio လေးကို စလေ့လာရအောင်ဗျာ။
" Zakk ပာာဗြိတိသျပဲာဗီးမက်တယ်ဂီတဘုရင်ကြီး Ozzy Osbourne ၀ိုင်းမှာဂီတာတီးရင်းနာမည်ရခဲ့သူဖြစ်ပါတယ်။များမကြာခင်ကတော့သူ့ရဲ့အမေရိကန်တောင်ပိုင်းRock ဂီတပာန်ကို ဇောင်းပေးတီးခတ်တဲ့ Pride of Glory ၀ိုင်းသစ်ကို တည်ထောင်ခဲ့ပါတယ်။အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ဂျာဆီစီးတီးမြို့မှာမွေးဖွားခဲ့တဲ့ အမည်အရင်း( Jeferry Phillip Wiedlandt ) Zakk ပာာငယ်ငယ်ကအားကစားလိုက်စားရင်း၊ကောင်မလေးတွေအကြောင်းလေ့လာစူးစမ်းရင်း၊ Rock n Roll ဂီတကိုနားထောင်ရင်းသမရိုးကြ ဆင်ခြေဖုံးရပ်ကွက်သားတဦးပီသစွာကြီးပြင်းခဲ့ပါတယ်။ အသက် ၁၅ နှစ် အရွယ်ရောက်တော့သူဘ၀ရည်မှန်းချက်ပန်းတိုင်ပာာဘာလဲဆိုတာသိလာတယ်။
ကျနော့်သူငယ်ချင်းအားလုံးဘောလုံးကန်နေကြပေမယ့်ကျနော်ကဘောလုံးကန်ဖို့လူကောင်သေးနေတယ်။ဒါပေမယ့်ဘောလုံးနည်းပြဆရာရဲ့သားနဲ့ကျနော်ရင်းနှီးတယ်။ သူကဆံပင်ရှည်ထားတယ်။ဘီယာကြိုက်တယ်။သူ့မှာ Les Paul ဂစ်တာတစ်လက်ရှိတာကျနော်အတွက်တော့သိပ်အရေးပါတယ် ။သူနဲ့ကျနော်စတွဲဖြစ်ကတည်း ကျနော်ဘ၀မှာဘာဖြစ်စေချင်သလဲဆိုတာ သိခဲ့ပါတယ် လို့ Zakk ကပြောပါတယ် ။
Zakk ရဲ့မိဘတွေပာာ မကြာခင်မှာ အက်(စ်)ဗြူရီပတ်(ခ်)မြို့ကိုပြောင်းရွှေ့လာခဲ့တယ်။အဲဒါ Rock Super Star ဘရု(စ်)ပရင်းစတင်းရဲ့ဇာတိမြို့ပဲ။ဒါပေမဲ့ Zakk စိတ်ဝင်စားတဲ့တေးဂီတက ဘရု ရဲ့ဂီတနဲ့တခြားစီဖြစ်နေတယ်။ သူကပဲာဗီးဝိုင်းတွေဖြစ်တဲ့ Led Zeppelin ၊Lynyrd Skynyrd လိုအမေရိကန်တောင်ပိုင်းဒေသက Rock ၀ိုင်းတွေကိုပါကြိုက်တယ်လေ။
ဇက်(ခ်)ဟာ သူ့မိဘတွေ သာမက အိမ်နီးချင်းတွေကိုပါ နေ့ရောညပါဂစ်တာအတီးကျင့်ရင်းသောတအာရုံကို နှိပ်စက်ခဲ့တယ်။သူ့မိဘတွေကအိမ်ကနှင်ချလိုက်တာနဲ့ဂီတသမားပေါက်စအများစု ရဲ့ထုံးစံအတိုင်း ဒေသခံ Rock ၀ိုင်းတချို့နဲ့တွဲတီးခဲ့တယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကျော်က ဘရု(စ်) လှည့်လည်ဖျော်ဖြေခဲ့တဲ့ Night Club လေးတွေမှာ Zakk လည်းဖြေဖျော်ခဲ့ရတယ်။ Stone Pony အပါအ၀င် အဲဒီလို Club လေးတွေမှာကျနော်တို့တီးခဲ့ကြတယ်။အဲ Club အားလုံးပာာ ဘရု(စ်) ဖြေဖျော်ခဲ့ဖူးတဲ့ Club တွေကြီးပဲ။ဒါပေမယ့်ကျနော်တို့က Hard Rock လမ်းကြောင်းအတိုင်းသွားနေတာဆိုတော့ Metal ဂီတ၀ါသနာအိုးတွေ လာရောက်အားပေးကြတယ်။ဒီငနဲတွေက သူတို့ကြိုက်တဲ့ ဂီတအကြောင်း ကောင်းကောင်းသိနေတယ်ဗျာ။သူများသီချင်းကိုပြန်ဆိုပြန်တီးရင် ကွက်တိတူအောင်တီးမှ ဆိုမှသူတို့ကကြိုက်တယ်။ကိုယ်ပိုင်သံစဉ်သီချင်းဆိုရင်လည်းမကောင်းလို့ကတော့ဆောရီးပဲလို့ Zakk ကပြောတယ်။
Zakk ၁၉ နှစ်အရွယ်တညမှာသူ့သူငယ်ချင်း တဦးယောင်ချာချာ နဲ့ရောက်လာပြီး Ozzy Osbourne ၀ိုင်းမှာ ဂစ်တာတီးဖို့ဝင်လျောက်ဖူးသလားလို့မေးတယ်။ Zakk ကမဖြစ်နိုင်တဲ့မေးခွန်းကြောင့်ပာားတိုက်ရယ်မိတယ်။ပြီးမှသူအကိစကိုလေးလေးနက်နက်စဉ်းစားဖြစ်တယ်။
အဲဒါနဲ့သူ့ဂစ်တာာလက်သံပါတဲ့ နမူနာတိတ်ခွေတခွေ အသံသွင်းပြီး Ozzy ရဲ့ဇနီး နဲ့မန်နေဂျာဖြစ်သူ ရှယ်ရွန်ဆီကို ပို့ပေးလိုက်တယ်။
ရက်သတပက် သုံးပတ်အကြာမှာ Zakk ဆီတယ်လီဖုန်းလာတယ်။ ရှယ်ရွန်အော့(စ်)ဘွန်းဆိုတဲ့ အမျိုးသမီးဆက်တာပါ။ လော့အိန်ဂျလိမြို့ကိုလိုက်လာဖို့လေယာဉ်လက်မှတ်တဆောင် Zakk ဆီကို စာတိုက်ကနေပို့ပေးလိုက်ပြီလို့သူမကပြောတယ်။ပထမတော့သူနောက်နေတာလို့ကျနော်အောက်မေ့တယ်။ကျနော့်သူငယ်ချင်းတယောက်ကသူ့အမေကို ရှန်ရွန်အရောင်ဆောင်ခိုင်းပီးဖုန်းဆက်ခိုင်းတာလို့ကျနော်ထင်တယ်။စာတိုက်ကလေယာဉ်လက်မှတ်ရောက်လာမှတကယ်ပါလားလို့ကျနော်သက်ပြင်းချဖြစ်တယ်။အဲဒီအခါမှကျနော်ယုံတယ်။သူတို့စိတ်မပြောင်းခင်လေယာဉ်ပေါ်တက်လိုက်သွားတာပေါ့ဗျာလို့ Zakk ကပြောတယ်။ရက်သတက်ပက်အနည်းငယ်အတွင်းမှာပဲ zakk ပာာ ozzy ၀ိုင်းနဲ့နယ်လှည့်ဖြေဖျော်ခဲံတယ်။ကျနော်ပထမဆုံးပွဲက တစ်သက်တကျွန်းကျနေတဲ့ထောင်သား ၂၀၀ရှေ့မှာအကျဉ်းထောင် တခုမှာ ဖြေဖျော်ရတာဗျ။ကျနော်ပထမဆုံး ကွင်းပြင်ကျယ်ထဲကဂီတပွဲ မှာ ကျနော်ဘောင်းဘီ ဖင်ချုပ်ရိုးကွဲထွက်သွားသေးသဗျ။ကျနော်ပဲာဗီး ဂစ်တာာသမားစခဲ့ပုံလေးကမမိုက်ဖူးလားလို့ zakk ကပြောပါတယ်။
နောက် ၆ နှစ်လုံးလုံး zakk ပာာအအောင်မြင်ဆုံးပဲာဗီးမက်တယ် Album တချို့ဖြစ်တဲ့ No Rest For The Wicked ,No More Tears တွေမှာဂစ်တာတီးပေးခဲ့ရတယ်။ Ozzy ရဲ့ Album အသစ် Ozzmosis မှာလည်းပါဝင်ခဲ့တယ်။
Ozzy ရဲ့ဝိုင်းမှာအဓီကကျတဲ့နေရာကပါဝင်ဆဲဖြစ်ပေမယ့် Bass James Lomenzo,Drum Brian Tichy တို့နဲ့အတူသူ့ ကိုယ်ပိုင်ဝိုင်း Pride of Glory ကိုထူထောင်ခဲ့ပါတယ်။
ဂီတကိုကျနော်တသက်လုံးဖက်တွယ်ရတဲ့အကြောင်းအရင်းကပျော်စရာကောင်းလို့ပါပဲ။ကျနော်အပြင်းအထန်လေ့ကျင့်ရင်ပိုက်ဆံရမှာပဲလို့ခံယူထာဒတဲ့ငနဲမျိုးမပာုတ်ဖူးကျော်ကြားမူ နဲ့ဥစာဓနတွေမနက်ဖြန်မရှိလည်းမမူဖူးဓာတ်ဆီဆိုင်မှာဂစ်တာသွားတီးနေမယ်ဗျာ။ကျနော့်ဒသနကတော့ခင်ဗျားအသက်ရှင်နေသရွေ့ဘာမှမကျေနပ်စရာမရှိဖူးညည်းညူနေမယ့်အစားပါးစပ်ပိတ်ပီးချီတက်ကြစတမ်းပါလို့ zakk ကပြောပါတယ်။ ၁၉၉၈ မှာ Zakk Wylde Album အသစ်Book of Shadow ထွက်လာပါတယ်။
Zakk ရဲ့ Bio ကိုတော့ဒီမှာပဲအဆုံးသတ်ပရစေ။ Zakk လက်ရှိ ၀ိုင်းကတော့ Black Label Society ဖြစ်ပါတယ်။
Credit by -Steven Tyler
ဒါကတော့ Ozzy နဲ့နောက်ဆုံးထွက်ထားတဲ့ Albumှ Scream ကသီချင်းတပုဒ်ပါ
Top 10 Free Cydia Tweaks for iOS 9 (Jail Only)
-
*#1. BreadcrumbsAway* *#2. UniversalForce* *#3. betterFiveC0lumnHomescreen* *#4.
betterFiveIconDock* *#5. f.lux* *#6. BlurryLaunch* *#7. CCSettings...
8 years ago
0 comments:
Post a Comment