Tuesday, 24 September 2013

Marilyn Manson ( Biography )


အလှ နတ်သမီး Sex ရဲ့ ဘုရင်မ မာရီလင် မွန်ရိုး နဲ့  ဂီတပညာရှင် လူသတ်သမား Charles Manson တို့ နာမည် နှစ်ခု ပေါင်းထားတဲ့ Marilyn Manson ဟာ 1965 ခုနှစ် အမေရိကန်ုပြည်ထောင်စု Ohio ပြည်နယ်မှာ မွေးဖွားခဲ့ပြီး နာမည်ရင်း က Brian Hugh Warner ပါ

Sunday, 22 September 2013

တေးသံရှင် အားလုံး အတွက် အဆင်ပြေ အောင် တီးခတ်အသံ ဖမ်းပေးနေတဲ့ Metal Zone စတူဒီယို

လွန်ခဲ့တဲ့ ၁၅နှစ်၊ အနှစ်၂ဝ ဝန်းကျင်ခန့်ကတည်းက စတင်ခဲ့ပြီး မြန်မာပြည်ရှိ တေးသံရှင် အများအပြားရဲ့ ကျေနပ်လက်ခံမှုကို ရရှိ ထား တဲ့ Metal Zone စတူဒီယိုအနေနဲ့ လက်ရှိမှာတော့ တေးစီးရီး ၈ခွေခန့် ကို တီးခတ်နေပြီး လူသစ်တန်း တေး သံရှင်များရဲ့ စီးရီးတွေကိုလည်း တီး ခတ်ပေးနေပါတယ်။ Rock မြူးဇစ် ကို အဓိကထားပြီး တီးခတ် အသံ သွင်းတဲ့ Metal Zone အနေနဲ့ ဂီတ အမျိုးအစား အားလုံးကို နှစ်သက် တာကြောင့် အားလုံးကို တီးခတ် သွင်းယူပေးပါတယ်။

အခုခေတ်ရဲ့ ဂီတလောကမှာ အတီးပညာရှင် နည်းသွားကြောင်း ရင်ဂိုပြောပြီ

ဂီတလောကမှာ ဆယ်စုနှစ်၂ခု တိုင်အောင် နာမည် တစ်လုံးကို ထိန်း ထားနိုင်ဆဲ ဖြစ်တဲ့ ရင်ဂိုကို ပရဟိတ ရန်ပုံငွေ ဖျော်ဖြေပွဲတိုင်းလိုလိုမှာ လည်း အမြဲလို တွေ့ရပါ တယ်။ ခုလို ရန်ပုံငွေပွဲတွေ မှာ ရှေးအရင် ကပွဲတွေနဲ့ အခု နောက်ပိုင်းပွဲတွေ ဘာတွေ ကွာခြားသွားပြီလဲ ဆို တော့ ရင်ဂိုက…
“အရင်ကဆို ရန်ပုံငွေပွဲ ဆိုပေမယ့် ပွဲတိုင်း လုပ်လို့မရဘူး။ အခုက တော့ အရင်ကလုပ်ခွင့် မရတဲ့ပွဲမျိုးတွေ လုပ်ခွင့်ရလာတယ်။ အများကြီး ပြောင်းလဲ တိုးတက် လာ တာပေါ့။ ကျွန်တော်တို့က ခေတ်ဆိုး စနစ်ဆိုးထဲမှာနေခဲ့တဲ့ သူတွေဆိုတော့ ဒါမျိုး ဖြစ်တာ တအား ဝမ်းသာတယ်” လို့ ဆိုလာတဲ့ ရင်ဂိုကိုခေတ် စနစ်ဆိုးထဲ မှာ ဖြတ်သန်း ခဲ့တဲ့အတွက် အခုလို ပြောင်းလဲပွင့်လင်းလာတဲ့ အခါမှာ ရောအသားကျလား ဆိုတော့..

Saturday, 21 September 2013

About Avenged Sevenfold Music Band

*Formation And Early Recordings (1999–2000)*

A7x လို့ အတိုကောက်သိကြတဲ့ အမေရိကန် rock ဂီတအဖွဲ့ Avenged Sevenfold ကို California ပြည်နယ် Huntington ကမ်းခြေမှာ ၁၉၉၉ ခုနှစ်က M. Shadows, Zacky Vengeance, The Rev နဲ့ Matt Wendt တို့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ် .. Avenged Sevenfold ဆိုတဲ့နာမည်ကို ပေးခဲ့တဲ့သူကတော့ band ရဲ့ vocalist ဖြစ်တဲ့ M. Shadows ပါ .. စတင်ဖွဲ့စည်းခဲ့တဲ့သူတွေထဲက Matt Wendt ကိုတော့ အကြောင်းအမျိုးမျိုးကြောင့်ထုတ်ပယ်ပြီး Suburban Legends အဖွဲ့ရဲ့ Bass တီးသူ Justin Sane ကို အစားထိုးထည့်ခဲ့ပါတယ် .. ဒါပေမယ့် Justin Sane ရဲ့ သေကြောင်းကြံစည်မှုကြောင့် အဖွဲ့ထဲမှ ထုတ်ပယ်ခဲ့ရပြီး Dameon Ash ကို အစားထိုးထည့်ခဲ့ရပြန်ပါတယ် ..

Friday, 20 September 2013

"Grunge အိမ်ရှေ့မင်းသား ကတ်ကိုဘိန်း(Kurt Cobain)"

ကတ်ကိုဘိန်းဟာ သူနဲ့သက်တူရွယ်တူ ရော့(ခ်)မျိုးဆက်ရဲ့ပါရမီအရှိဆုံးနဲ့ ကြည်ညိုစရာအကောင်းဆုံးအဆိုတော်အဖြစ် သတ်မှတ်ခံရသူပါ။သူဟာ ပိန်ချူးသူဖြစ်
ပေမယ့် သူရဲ့စူးရှအက်ကွဲတဲ့အသံနဲ့စင်မြင့်ပေါ်ကနေပွဲထိန်းနိုင်သူဖြစ်ပါတယ်။သူဆီက
စိတ်ကူးယူ၊သူရဲ့စိတ်ဖြေနည်းကိုလိုက်ရှာနေတဲ့ ပရိသတ်အချို့ဟာ သူ့ကိုအတုခိုးပြီး
ကိုယ့်ကိုအဆုံးစီရင်ခဲ့ကြပါတယ်။

Thursday, 19 September 2013

"တီးဝိုင်းတွေ များလာပေမယ့် သေချာ နားထောင်ကြည့်ရင် ပုံစံ ကွဲပါတယ် ဆိုတဲ့ ရေမွန်" ...

ဇူလိုင်လထဲမှာ ထွက်ရှိ ထားတဲ့ ရော့ခ်လူငယ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ drive အဖွဲ့ အဆိုရှင်သားကြီးရဲ့ အသံနဲ့နာမည်ရ ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ idiots အဖွဲ့ က ရေမွန်ရဲ့ အသံပါဝါခပ်ဆင်ဆင်တူနေတာကို တွေ့ရပြီး Music ပုံစံမှာ လည်း idiots နဲ့ drive ပုံစံတူတယ်ဆိုတဲ့ အသံမျိုးလည်း ကြားရတာမို့ အဲ့ဒီအပေါ်မှာ ရေမွန်ရဲ့ ထင်မြင် ချက်ကို မေးကြည့် တော့ ” အစကဆို ကျွန်တော်နဲ့ ဖော်ကာကိုလည်း မကွဲဘူး။ ဘာလာလာ ထဲမှာ ဆိုလည်း အသံချင်းဆင်နေတာ မျိုးရှိတယ်။ နောက်ပိုင်းတော့ ကွဲသွားမှာပါ။ ဘာကြောင့် တူနေ တာလည်းဆိုရင် သားကြီးနဲ့ ကျွန်တော်နဲ့က အကြိုက် ချင်း လည်းတူပြီး နားထောင်တာတွေလည်း တူတယ်။ အဲဒီတော့ ဖန်တီးတဲ့ အခါမှာ တူသွားနိုင်တယ်။ ဒါပေမဲ့ သေချာ နားထောင်ကြည့်ရင် ကွဲပါတယ်။ စာသား အယူအဆတွေက အစပေါ့။

Sunday, 15 September 2013

The Big Show In Big lll (promo Video)

-
Big Show in Bag III is happening on Sep. 28, 2013 at 6:30 p.m. in Myaw Sin Kyun. Presale tickets are available for 4500/- at any ABC Convenient Stores and Door Tickets will be sold for 5000/-

Mrz Apk For Android Phone

ကျနော်တို့ ဘလော့ကို Android phone များမှ တိုက်ရိုက်ဝင်ရောက်ကြည့်ရှု့နိုင် ရန်အတွက် Android Apk ကို ကျနော်မိတ်ဆွေ ၁ယောက်မှ ပြုလုပ်ထားလို့ အသုံးလိုသူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်.

The Rev ( A7x ) Fan များအတွက်

ဒီ‌နေ့‌တော့ အားလုံးနှ‌မျောတသဖြစ်‌‌နေကြရတဲ့ Legend DRUMMER တစ်‌‌ယောက်‌အ‌ကြောင်း တင်‌ဆက်‌‌ပေးချင်‌ပါတယ်‌.. ဟုတ်‌ပါတယ်‌.ခင်‌ဗျားထင်‌သလို THE REV အ‌ကြောင်း ပါပဲ.. သူ့ထက်‌‌တော်‌တဲ့ နည်းပညာ‌ကောင်းတဲ့ ဝါရင့်‌DRUMMER ‌ပေါင်းများစွာ ရှိ‌ပေမယ့်‌..THE REV ဟာ ကျွန်‌‌တော့်‌ရဲ့ #1 ပါပဲ.. ကဲစလိုက်‌ရ‌အောင်‌...

Monday, 9 September 2013

Heavy Metal History - Final Part (နောက်ဆုံးပိုင်း)

နည်းနည်းကြာသွားတာ ခွင့်လွှတ်ဗျာ -
1980 ခုနှစ် New Wave Of British Heavy Metal (NWOBHM) ရဲ့ 
နိုးထ အောင်မြင်လာမှု ရယ် Judas Priest ရဲ့ ဆဋ္ဌမ မြောက် အယ်ဘမ်
British Steel (1980 ) အကြီး အကျယ် အောင်မြင် ခဲ့မှု တို့ ကြောင့်
ဟဲဗီး မက်တယ် ဂီတဟာ 1980 ခုနှစ် တွေမှာ လူကြိုက်များ ထင်ရှား
လာပါတော့တယ် ...

Sunday, 8 September 2013

Scar The Martyr

Slipknot ဒရမ်မာ Joey Jordison ပုံသွင်း တည်ထောင်ထားတဲ့ အဖွဲ့သစ်ပါ။ Scar The Martyr တဲ့။ Jordison က သီချင်းအားလုံးနီးပါးကို ရေးဖွဲ့ပေးထားခဲ့တဲ့ ဒီဘန့်ရဲ့ ပွဲဦးထွက် အဲလ်ဘမ်ကို ဘန့်နာမည်ပဲ ခေါင်းစီး ပေးထားပြီးတော့ Post-Punk , industrial အစရှိတဲ့ အမျိုးအစားတွေကို ဇောင်းပေး ပုံဖော်ထားပါတယ်။ ဒါဟာသူ့ရဲ့ အနှစ်သက်ဆုံး ဂီတတွေလည်း ဖြစ်တယ်လို့ Jordison က ပြောပါတယ်။ ပါဝင်မယ့် သီချင်းစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်မှာ ဖြန့်ချီပါ့မယ်။

“သီချင်းနောက်ကို လိုက်နိုင်မှ အဆိုတော်ကောင်းတစ်ယောက်လို့ ပြောတဲ့ အငဲ”


ဒီတစ်လ ရွှေအမြုတေ ပရိသတ်အတွက် ကျွန်မ ကြိုးစားဖြစ်တာကတော့ အဆိုတော် အငဲနှင့် တွေ့ဆုံ ခြင်းပဲ ဖြစ်ပါတယ်။ သီချင်းတွေ အရေးကောင်းသလောက်၊ သီချင်းတွေ အဆိုကောင်းသလောက်၊ စာမျက်နှာတွေ ပေါ်မှာကျတော့ နေရာကောင်းမယူဘဲ စာဖတ် ပရိသတ်နဲ့ အတွေ့ကြဲလွန်းတဲ့ ဂီတသမားကောင်းကိုမှ ကျွန်မကလည်း တွေ့ဆုံချင်တာ ဖြစ်ပါတယ်။

Saturday, 7 September 2013

လိဒ်ဂီတာ တီးတာကို ဝါသနာ ပါရာက အဆို ပိုင်းကို ပိုအားသန်ပြီး ဂီတလောက ထဲမှာ ရိုးသားစွာ နဲ့ ကြိုးစား ရင်း လျှောက်လှမ်းသူ ဟန်ထွန်း ...


သူယုံကြည်ရာ ဂီတကို ရိုးသားစွာ၊ လေးစားစွာ လျှောက်လှမ်းတတ် သူဖြစ်ပြီး ဂီတ ဝါသနာ ရှင်တွေ ကိုလည်း ရိုးသားစွာ လုပ်သွားဖို့ တိုက်တွန်းချင်တဲ့ ဆန္ဒရှိသူ ဖြစ်ပါတယ်။ အခုလည်း Mr. မဂ္ဂဇင်းရဲ့ မေးခွန်းတွေကို ရိုးသား ပွင့်လင်းစွာ ဖြေထားတဲ့ ဟန်ထွန်းရဲ့ အဖြေ စကား လေးတွေကို ပရိသတ်တွေ သဘောတွေ့လိမ့်မယ် လို့ မျှော်လင့်ပါတယ်။

ကျွန်တော့် ဆရာ စောဘွဲ့မှူး (ဂီတပညာရှင် စောဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် (၂၄၊ ဇူလိုင်၊ ၂၀၁၃) အမှတ်တရ၊ မိုးမခ)


ဒေါက်တာကိုကိုလွင် (Iron Cross)

ဓာတ်ပုံ – IC Live Show

ကိုဘွဲ့ အကြောင်းက ကျွန်တော့် အတွက်တော့ ရေးစရာတွေအများကြီးပါပဲ။ ဒီလို စာတပုဒ်နဲ့ သူ့ အကြောင်း ပေါ်လွင်အောင် ဖေါ်ပြဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်တော် သိတဲ့ သူ့ အကြောင်းအချို့ကို ပရိသတ်တွေလည်း သိရအောင် ပြောပြပါ့မယ်။

Friday, 6 September 2013

"နိုင်ငံ အတွက် အရေးပါတဲ့ အနုပညာ အကြောင်း ပြောသူ အဆိုတော် လင်းလင်း"

အနုပညာသည် အနုပညာရှင် အတွက်ရော နိုင်ငံ အတွက်ပါ အရေး ပါကြောင်း အဆိုတော် လင်းလင်းကပြောသည်။

Wednesday, 4 September 2013

Heavy Metal အကြောင်း #2


1970 ခုနှစ်မှာ ထွက်ရှိလာတဲ့ ပိုမိုကျယ်လောင်ပြင်းထန်တဲ့ ပုံစံ ဖြစ်တဲ့ Black Sabbath ရဲ့  ပွဲဦးထွက် Black Sabbath album နဲ့ Paranoid အယ်ဘမ်
Deep Purple ရဲ့ In Rock album တို့ ထွက်လာတဲ့ အချိန် မှာတော့
Heavy Metal ဂီတ ဟာ တိကျတဲ့ပုံစံအသစ်တစ်ခု ရသွားခဲ့ပါတယ်.

Sunday, 1 September 2013

Heavy Metal ဂီတ အကြောင်း - ၁ #


Metal လို့ လူသိများတဲ့ HEAVY METAL ဂီတ ဟာ 1960 အလွန် 1970 ခုနှစ်တွေ အစမှာ စတင် ဖြစ်တည် လာတဲ့ ရော့ခ် ဂီတခွဲ အမျိုးအစား တစ်ခု ဖြစ်ပါတယ်.. အစပြုခဲ့တဲ့ နေရာဒေသကတော့ United Kingdom က ဖြစ်ပြီးသိပ်မကြာတဲ့ကာလအတွင်း မှာပဲ United States ကို ပျံ့ နှံ့ ရောက်ရှိ ခဲ့တာပါHeavy Metal ဂီတဟာ Blues Rock နဲ့ Psychedelic Rock ဂီတ အမျိုးအစားတွေ က တစ်ဆင့် အခြေတည် ပေါက်ဖွားလာတာ ဖြစ်ပြီး Hard Rock ဂီတနဲ့ သိပ်မကွာတဲ့ Rock ဂီတ အမျိုးခွဲ တစ်ခုလို့ ပထမ သတ်မှတ်ခဲ့ကြပါတယ်.
Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar